အခန်း (၃)

Start from the beginning
                                    

သူသိသိသာသာကို ရင်သပ်ရှုမောရသွားသည်မှာ သူ့ဘက်သို့လှည့်လာသည့် တရားသူကြီးမင်းက အလွန်တရာဆွဲဆောင်မှုရှိနေသောကြောင့်မဟုတ်.. သူ့ရှေ့မှောက်ရှိလူသည် မင်ဆေးပန်းချီကားအတွင်းမှ လမ်းလျှောက်ထွက်လာသည်ဟု အထင်ရောက်မိသော သူ၏ခံစားချက်ကြောင့်ပင်..။

နှစ်လိုဖွယ်အလွန်ကောင်းသောမျက်နှာတည်ဆောက်ပုံ၊ အနည်းငယ်မြင့်သော်လည်း ဖော်ရွေသည့်မျက်ခုံးတစ်စုံနှင့် ရှည်လျားပါလျပြီး အနည်းငယ်ကွေးညွတ်နေသောမျက်၀န်းများ၊ ဖြောင့်စင်းသည့်နှာတံ၊ နှုတ်ခမ်းစိုစိုတစ်စုံ၊ ရှည်လျားသော်လည်း ဖြောင့်တန်းသည့်ကိုယ်နေဟန်ထား၊ ကြော့ရှင်းချမ်းမြေ့သည့်အရှိန်အဝါတို့ဖြင့် သည်မျှ‌လောက်ပန်းချီကားတစ်ချပ်နှင့် ဆင်တူလှသည့်လူမျိုးကို တစ်ခါမှမတွေ့ခဲ့ဖူးပေ..။ သူနှင့်ပတ်သက်သမျှအရာရာက လင်းလက်ပြီး မူးမေ့စေသယောင်ထင်ရသည်..။ ဤလူက မည်သို့သောအရောင်တောက်တောက်ပပတို့ကိုမျှမ၀တ်ဆင်ထားသော်လည်း လန်းဆန်းသန့်စင်သော ခံစားမှုကိုပေးစွမ်းသည်..။

မော့ရှု သူ့ရှေ့မှလူကိုကြည့်လိုက်သည်..။ တစ်ခဏမျှအံ့ဩသွားပြီး မျက်တောင်ခတ်လိုက်ကာ..
" နန်ကောအာလား "

သူပြုံးလိုက်မိသည်။ အလိုလေး ခဏလောက်ပေါ်လာလိုက် ခဏနေပြန်ပျောက်သွားလိုက်နဲ့ တရားသူကြီးမင်းတောင်မှ ငါ့ရဲ့ဒီနာမည်ကိုသိတယ်ပေါ့..

" သာ့ရန်(လူကြီးမင်း)ကို ရှောင်သာ့(ဒီအစေခံ)နှုတ်ဆက်ပါတယ် "
သူ့ဦးခေါင်းကိုညွှတ်ပြီး အရိုအသေပေးလိုက်သည်..။

မော့ရှုက လက်ကိုဝှေ့ယမ်းလိုက်ပြီး..
" တခမ်းတနားကြီးတွေမလုပ်ပါနဲ့ "

" မင်းရောက်လာတာ အတော်လေးကြာပြီဆိုပေမယ့် မင်းဆီကိုအလည်အပတ်လာဖို့ အချိန်မရခဲ့ဘူး "

" ဒီအစေခံက လူကြီးမင်းကို ကရိကထများစေဖို့ မဝံ့ရဲပါဘူး "
ဦးခေါင်းကို ညွှတ်ထားရင်း ဂရုစိုက်ပြီး ပြန်ပြောလိုက်သည်..။

နွေးထွေးသောလက်ဖဝါးတစ်စုံက သူ့ပခုံးများအပေါ် ရုတ်တရက်ကျလာပြီး.. လက်တစ်ဖက်က သူ့ခါးကိုပုတ်ပေးနေချိန်တွင် ကျန်တစ်ဖက်က သူ့ပခုံးပေါ်ကို ပုတ်ပေးလေသည်..။
" မင်းကိုတခမ်းတနားကြီးရပ်မနေဖို့ ပြောထားတယ်လေ မတ်မတ်ရပ်ပါဗျာ "

နွေဦးသစ်ပင် နေ၀င်တိမ်တိုက် {Spring Trees and Sunset Clouds}Where stories live. Discover now