The Same as p-4 ZG

Start from the beginning
                                    

"မဟုတ်လောက်ပါဘူး Hyung ရဲ့ သူကပုံမှန်ပါဘဲ "

JeongWoo က ဘူးခံငြင်းနေတော့သူလည်းဆက်မပြောတော့ဘဲ တစ်ဖက်လှည့်ကာ

"သူပုံမှန်မဟုတ်ပါဘူးဆို.... "
Asahi တစ်ကိုယ်ကြားရုံသာတိုးတိုးရေရွတ်နေသည်

(A\N_ သူများတဂယ်ပြောနေတာကိုယုံဘူးကွယ် ဂျောင်ဂျောင်တို့ 🙄)

"JeongWoo ငါတဂယ်တော့ မချက်တတ်ဘူးနော် "

"ဟားဟား....ကျွန်တော်လည်းမချက်တတ်ဘူး ဒါပေမဲ့ဒီမှာ ဟင်းချက်စာအုပ်ယူလာတယ် ဟီး"

"ဟားဟား...စားလို့ကောင်းမှာတော့မြင်ယောင်မိသေးတယ် "

JaeHyuk Ruto ရှိရာဆီပြန်လာပြီး စကားစမြည်ပြောရင်း
Ruto ဆီက အသိချင်ဆုံးအချက်ကိုမေးရန်စလိုက်သည်

"Ruto... JeongWoo ကိုဘာလို့အဖြေတောင်းခဲ့တာလည်းဟင် "

"အဟွတ်....အဟွတ်အဟွတ်... Hyung ရယ် ချစ်လို့ပေါ့"

Ruto သောက်လက်စ ကော်ဖီတောင်သီးပြီးပြန်ထွက်ရပါတယ်

"အေ...ဟုတ်သားပဲနော် ဒါဆို မင်းဘယ်လိုအဖြေတောင်းခဲ့တာလည်း"

"Hyung ပြန်မပြောနဲ့နော် ကျွန်တော် အထောင်းခံနေရမယ်
တဂယ်တော့ အခန်းတံခါးပိတ်ပြီးတောင်းခဲ့တာ ဟီး"

JaeHyuk စိတ်ထဲတွင်တော့
*ငါ့ညီကို ရက်စက်လိုက်တာကွာ*လို့ ပြောချင်ပေမယ့် ခုနက JeongWoo ရဲ့ပျော်ရွှင်နေတဲ့ ပုံစံကိုပြန်မြင်ပြီး
မေးမထွက်တော့ပါ ဒါကြောင့်သူသိချင်တာကိုပဲဆက်မေးနေတော့သည်

"မင်းချစ်တာဘယ်လိုလုပ်သိလည်း "

"အချစ်ဆိုတဲ့အဓိပ္ပါယ်တွေအများကြီးရှိကြပေမယ့် ကျွန်တော်ကတော့ ရင်ဘတ်ထဲကဖြစ်လာတဲ့အတိုင်းပဲ လက်ခံတယ်
သူ့ကိုမတွေ့ရရင် သတိရနေတယ် တွေ့ရင် အနီးကပ်နေချင်တယ်
တူတူနေချိန်ဆိုပျော်တယ် သူ့ဆီကကိုယ့်ကိုအားကိုးချင်တဲ့စိန်လေးရှိလာစေချင်တယ်
ကာကွယ်ပေးချင်တယ် သူနဲ့ပတ်သတ်တဲ့အရာအားလုံးကိုမြတ်နိုးတယ်
အမြဲတမ်းကိုယ့်မျက်စိအောက်ကအပျောက်မခံချင်ဘူးကွာ
....JeongWoo yahh...."

"Ruto....Ruto ငါ JaeHyukပါ  တော်ပြီရပြီအချစ်ဆိုတာဘာလည်းသိသွားပြီ ဟင်းဟင်း"

The Same as {Completed}💛Where stories live. Discover now