အခန်း ၁၃

Start from the beginning
                                    

🖤မမ Da

🐥ဟယ် N'Perth ဘာလာလုပ်တာလဲ ဒီကို

🖤မမ Daကို ပြောချင်တာလေးရှိလို့ပါ

🐥အင်း မမလည်း အခု ကန်တင်းသွားမလို့ လာလေမုန့်စားရင်း ပြောကြမယ်

🖤ဟုတ်ကဲ့

ဒီကလေးမျက်နှာကြည့်ရတာ Saintနဲ့အတူရှိရင်သာ သူ့ထက်ငါအသာရဖို့ ကျွန်မကို တဖွဲ့တနွဲ့ပြောတတ်ပေမဲ့ ခုကျ မျက်နှာလေးကတည်ကြည်လို့။ ကျွန်မလည်း မနေ့ညကအိပ်မက်အရှိန်နဲ့ ကောင်းတဲ့သတင်းစကားကြားရတော့မယ်လို့ တွေးမိတော့လူကရင်‌တောင်ခုန်လာသလိုလို။

ကန်တင်းရောက်လို့ မုန့်မှာပြီး မုန့်ပန်းကန်ကိုယ်စီသယ်လို့ ထိုင်ပြီး စားသည်အထိ သူ့မှာပြောရမှာကို စဉ်းစားနေဟန်မို့ ကိုယ်ကပဲ စကားလမ်းကြောင်းပေးရတော့သည်။

🐥N' ပြောစရာရှိတယ်ဆို ပြောလေ

🖤ကျွန်တော်ပြောမဲ့စကားက မမDaအတွက် ဂုဏ်သိက္ခာထိခိုက်တာမျိုး စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး ဖြစ်မှာစိုးလို့ စကားလုံးရွေးနေမိလို့ပါ ပြောတာကပြောမှာပါ

ဒီလိုပါ မမDa တကယ်က အခု ကျွန်တော်...မမDaကို မဟုတ်ဘဲ Saint ကို စိတ်ဝင်စားနေတာပါ

ပါးစပ်ထဲထည့်ရမှာများလို့ ဖြတ်ချဖို့ကြံနေတဲ့ခေါက်ဆွဲဖတ်တွေကို ဝမ်းသာဇောအဟုန်နဲ့ ရှလူးခနဲ ပါးစပ်ထဲမောင်းသွင်းမိတော့ ခေါက်ဆွဲဖတ်က စင်တဲ့ စွပ်ပြုတ်ရည်ဟာ သူ့မျက်နှာရော ကိုယ့်မျက်နှာမှာပါ နေရာယူကုန်ပြီ။

သူကလည်း ကိုယ်စိတ်ဆိုးသွားသလားဆိုပြီး စူးစမ်း ကိုယ့်မှာလည်း ဝမ်းသာလုံးက ခေါက်ဆွဲဖတ်နဲ့ ရောပြီးဆို့နေတော့ စကားက ဘာပြောရမယ်မသိဘဲ အသံကထွက်မလာနဲ့ နှစ်ယောက်သား မျက်လုံးအပြူးသားနဲ့ပေါ့။

🖤sor.... sorry မမDa

🐥ဟွန့်အွန်းးး ဟွန့်အွန်းးးး

မျက်နှာငယ်လေးနဲ့ ကျွန်မစိတ်ဆိုးသွားပြီထင်ပြီး တောင်းပန်လာတော့ လူက နင်နေတဲ့ကြားက လက်ရောခြေထောက်ပါ ခါမိကုန်ပြီ။

🐥မဟုတ်ဘူး စိတ်မဆိုးဘူး အမလေး ဝမ်းသာတာဟဲ့ ဝမ်းသာတာ အီးးးဟီးးးး

🖤You & Me❤️ Where stories live. Discover now