Unicode
🖤You & Me ❤️
အခန်း ၁၃
🐥🐥🐥🐥
မနက်ခင်းအိပ်ရာနိုးထတည်းက ကြည်လင်သောစိတ်က အရင်နေ့တွေနဲ့မတူဘဲ လူကိုဖုံးလွှမ်းထားသည်။ အကြောင်းရင်းခံကတော့ မနေ့ညကအိပ်မက်ကြောင့်ပေါ့။
အိပ်မက်ထဲမှာ ကျွန်မချစ်ရတဲ့ ကလေးနှစ်ယောက်က တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်လို့ ပြုံးနေကြတာကို ကျွန်မက ငေးနေရတာတဲ့။အပြင်မှာလည်း သူတို့ကို ကျွန်မအဲ့လိုပုံစံနဲ့ တကယ်မြင်ချင်နေပါပြီ။
ကျွန်မမှာ Coolဆိုတဲ့ရေခဲတုံးကို ကြိတ်crushလို့ ရင်မောရတာထက် သူတို့လေးတွေကို နီးစပ်စေချင်စိတ်ကပိုအလေးသာရတာပါ။ အဲ့ရေခဲတုံးက ကျွန်မ ကလေးနား ကပ်နေရင် ပိုတောင်အမြင်ကပ်ရပါသေးတယ် crushဆိုပေမဲ့လို့ပေါ့။
နေ့စဉ်နဲ့အမျှ သူတို့နီးစပ်သွားစေမဲ့ အခွင့်အလမ်းတွေရှာရတာ လူလည်း အလှတရားတွေက တော်တော်လျော့ပါးကုန်ပါပြီ။ ညဘက်ဆိုလည်း မအိပ်နိုင်တာ များတာကြောင့် ခုတလော မျက်လုံးက ပန်ဒါမျက်လုံးနဲ့ မေမေကတော့ သူစိတ်တိုရင် ပြောရှာပါတယ် ေ-ာက်စိက နောက်စေ့ကပ်နေပြီရယ်လို့လေ။
မေမေ့အဆူအဆဲကို ခါးစည်းခံရင်း ကလေးတွေအဆင်ပြေစေဖို့ရော crushကို ကိုယ့်ဘက်ပါအောင်သိမ်းသွင်းဖို့ရော နည်းလမ်းရှာနေရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မေမေမသိတော့လည်း အခက်သားပေါ့ရှင်။
ဒီနေ့တော့ စိတ်လေးကြည်နေတယ်ဆိုတော့ အရင်ရက်တွေထက် မျက်နှာကို နည်းနည်းလေး အရောင်တင်ဖြစ်လိုက်ပြီး အိမ်ကနေကျောင်းကို ထွက်လာခဲ့သည်။ ကျောင်းရောက်ရင် အိပ်မက်အကြောင်းကို NaNaကို ပြောပြပြီး စိတ်ကူးတွေနဲ့ ပုံဖော်ပစ်လိုက်ပါဦးမယ်။ သွေးမတော်သားမစပ်တဲ့ လူသားလေးနှစ်ယောက်အတွက် ကျွန်မခုလိုရူးနေတာလည်း ဘယ်ဘဝကရေစက်လဲတော့မသိပေမဲ့ ကျွန်မကျေနပ်နေတာကတော့ အမှန်ပါ။
ကျောင်းရောက်တော့ NaNa မ က မရောက်သေးတာမို့ မုန့်ဝယ်ဖို့ဆိုပြီး ကန်တင်းဘက်သွားဖို့ အဆောင်ထဲကအထွက် တည့်တည့်တိုးမိတာက Perthနဲ့ပါ။