"အကို……​?"

စတိုခန်းထဲကိုဖြေးဖြေးလျေှာက်ရင်းနဲ့တံခါးကိုဖွင့်လိုက်တယ်၊ မေှာင်နေတာမလို့ ငါဘာကိုမှမမြင်ရဘူး၊ ငါအခန်းထဲကိုလျေှာက်ကြည့်နေတုန်း ရုတ်ချည်းဆိုသလို ငါ့ရဲ့ခေါင်းကိုတစ်ခုခုနဲ့စွပ်သွားတယ်၊ ကြည့်ရတာ​အဲ့ဒါက​ပလက်စတစ်အိတ်ထင်တယ်၊

"ဘာ... ဘာကြီး​လဲ... အ..."

ငါ့ရ​ဲ့မျက်နှာက​ အဖုံးခံလိုက်ရပြီး စတိုခန်းထဲကိုပစ်ချခံလိုက်ရတယ်၊ ပြီးတော့ဆိုးဆိုးရွားရွားအရိုက်ခံလိုက်ရတယ်၊

ခြေ10ချောင်းလောက်က ငါ့ကိုကန်ကျောက်ပြီး တက်နင်းနေကြတယ်၊

ငါ့ရဲ့အသိစိတ်က ကာဖို့တောင်မလုပ်နိုင်ခဲ့ဘူး၊
အဲ့​အချိန်မှာ​ ငါလုပ်နိုင်သလောက်အော်ဟစ်ပြီးဆဲရေးဖို့တောင်တွန့်ဆုတ်နေမိတယ်၊၊

"Wow... ခုမှဘဲလန်းဆန်းသွားတော့တယ်၊ ဒီအမှိုက်လိုဟာမကဘယ်ကနေရောက်လာရတာလဲ... သူကငါတို့နဲ့ကျောင်းတူတူတက်ဖို့တောင်အဆင့်ရှိတဲ့ဟာမဟုတ်ဘူး..."

"ဟေ့​ သူ့အကိုတေွသိသွားရင် ငါတို့တော့ပြသနာအကြီးကြီးတက်မှာနော်..."

"သူ့အကိုတေွကသူ့ကိုသေလောက်အောင်မုန်းနေကြတာ၊ ငါ​ ငါ့အဖေနဲ့တေွ့ဆုံပွဲလိုက်သွားတုန်းကဆိုရင် သူစကားဝင်ပြောတာနဲ့သူ့အကိုတေွကရွံရှာနေကြတာ... "

ငါအသိပြန်ဝင်ပြီး ထွက်သွားဖို့အားယူနေတုန်းသူတို့တေွကပြံုးဖြဲဖြဲနဲ့ တခြားဆိုးရွားတဲ့စကားတေွကိုငါ့ကိုကြည့်ပြီးပြောနေကြတယ်၊
ခုနကငါ့အပေါ်ကိုလုပ်တဲ့လုပ်ရက်တေွထက် တချို့စကားတေွကပိုနာကျင်ရတယ်၊

"​ဟေ့... ခုကစပြီးငါ့တို့မြင်ကွင်းမှာပေါ်မလာစေနဲ့၊ ဟမ်... ပြီးတော့ဒီနေ့အကြောင်းကိုလည်းတစ််ခွန်းမှမဟမိစေနဲ့..."

အဲ့ဒီ့စကားနဲ့အတူ စတိုခန်းကထွက်သွားတဲ့ခြေသံတေွကိုပါကြားလိုက်ရတယ်၊
အနည်းဆုံးတစ်နာရီလောက်ကြာအောင် ငါအဲ့ကြမ်းပြင်မှာဘဲ လှဲလျောင်းနေမိတယ်၊

အဲ့တာကဘာလို့လဲဆိုတော့ ငါမလှုပ်နိုင်လောက်အောင် နာနေလို့ဘဲ၊

DITOEFVحيث تعيش القصص. اكتشف الآن