"အခုချက်ချင်း...."

ချက်ချင်းဆိုသလိုဘဲ အချိန်ခဏလေးအတွင်းအားလုံးကမေှာင်မိုက်သွားခဲ့တယ်၊
ငါသတိလစ်ပြီးလဲကျမသွားခင် Derrickကဖြူဖျော့နေတဲ့မျက်နှာနဲ့ငါ့ဆီပြေးလာနေတာကို ဲဘဲနောက်ဆုံးမြင်လိုက်ရတယ်၊

ငါမူးလဲပြီးနောက်မှာ ခမ်းမမှာဘာတေွဖြစ်သွားလဲမသိတော့ဘူး၊

"Lady..."​

"မြန်မြန်... ဆရာဝန်ကိုအမြန်ဆုံးခေါ်လာခဲ့..."

အလောတကြီးအော်သစ်သံတေွနဲ့ အပြေးအလွှားသွားနေတဲ့ခြေသံသဲ့သဲ့တေွကိုကြားနေရတယ်...

အဆုံးမှာတော့ ငါက​လည်ပင်းပေါ်ကဓားရာသေးသေးလေးကြောင့်နဲ့.အိပ်ရာပေါ်မှာလှဲနေရပြီး အဲ့ဒါကငါ့အတွက်ဟာသလိုဘဲ၊

ဒါက​တကယ်တော့​ငါသတိမထားမိလိုက်တဲ့ ဖိအားတေွကြောင့်ဖြစ်မယ်၊ ငါအသက်ရှင်ဖို့ကြိုးစားလုပ်ဆောင်ခဲ့ရတာတေွက ဒီနေရာမှာတစ်ချိန်တည်းပေါက်ကွဲထွက်သွားတာဖြစ်မယ်၊ ဒီရက်ပိုင်းအတွင်း အိမ်မက်အချို့လည်းမက်ခဲ့တယ်၊

ငါက​ Penelopeရဲ့ကိုယ်ထဲကို အခုရောက်နေတာကြောင့်​သူနဲပတ်သတ်တာတေွမက်မယ်လို့ထင်ခဲ့တာ ဒါပေမဲ့​အဲ့ဒါကငါနဲ့ပတ်သတ်တဲ့အိမ်မက်ဖြစ်နေခဲ့တယ်၊

ငါအဲ့အိမ်ကိုရောက်ပြီးတဲ့နောက်အထက်တန်းကျောင်းကိုတက်ခဲ့ရတဲ့နေ့တေွကအရမ်းမကြာသေးဘူး အဲ့ကျောင်းကချမ်းသာတဲ့ခလေးတေွသာတက်ကြတဲ့ကေျာင်းဖြစ်တယ်၊

အတန်းပြီးသွားလို့ ငါ့ရဲ့ပစ္စည်းတေွကိုသိမ်းနေတုန်း တစ်ယောက်ယောက်ကငါ့ရဲ့ပုခံုးကိုလာထိတယ်

"ဟေ့... နင့်ရဲ့အကိုကနင့်ကိုရှာနေတယ်... သူကGymစတိုခန်းကိုလာဖို့ပြောလိုက်တယ်…"

ဒုတိယခေွး​ကောင်က​ ပုံမှန်အားဖြင့်အာဏာအသင့်တင့်ရှိပြီး ကျောင်းမှာထိန်းချုပ်နိုင်တယ်၊
သူကဒုတိယအကိုရဲ့ အလေးပေးတာကိုခံရတဲ့သူတေွထဲကတစ်ယောက်ပဲ၊

ငါသိပ်အများကြီးတေွးမနေဘဲ စတိုခန်းကိုသာဦးတည်လိုက်တယ်၊

ဒီအယုတ်တမာကောင်က ကျောင်းမှာအနိုင်ကျင့်တဲ့အဖွဲ့ထဲမှာပါတယ်ဆိုတာကို ငါသတိထားမိပြီးသား၊ ဒါပေမဲ့​ ဒါကအဲ့လောက်ထိမတေွးခဲ့မိဘူး

DITOEFVWhere stories live. Discover now