"ဒီမြေကွက်က ရောင်းထားပီးသား ဒါပေမယ့် မင်းကို ပြန်ရောင်းတဲ့သူက ငွေအကျေမချေပဲ တဆင့်ပြန်ပေးနဲ့ပြန်ရောင်းသွားတယ်။ဒါလူယုံသတ်တာပဲ မင်းကြားညုပ်ပီ Jungkook ..အလိမ်ခံရလောက်တဲ့အထိမညံ့ဘူးဆိုတာပြဖို့ အစအဆုံးငါတို့လိုက်မှာပါ.."

-ပြသနာတွေက တစ်ပတ်မခြား ရောက်လာခဲ့သည်။ပြီးတော့နေ့စဉ်တမျိုးပြီးတမျိုး။
Jungkookကသွေးကြောင်တဲ့သူမဟုတ်ပါ။ဒါပေမယ့်ပြောထားတဲ့အတိုင်းကွက်တိဖြစ်လာခဲ့သည်မို့ Jijiဦးလေးကိုတော့ ပြေးသတိရမိသည်။

-သူတွေးထားတဲ့အတိုင်းပြောသွားခဲ့သလို အားလုံးဖြစ်လာသည်။ဒါပေမယ့် ဦးလေးမဟုတ်မှန်း သူနားလည်သည်။

-မိဘစေတနာစော်ကားခဲ့မိလို့ဒီလိုဖြစ်လာခဲ့တာလား ဒါဆို မာန်မာနနဲ့ကြိုးစားခြင်းတွေရဲ့ အောင်မြင်ခြင်းဆိုတဲ့အဓိပ္ပာယ်ကဘာလဲ။
စိမ်းမြသာယာနေတဲ့ဥယျာဉ်ငယ်လေးနဲ့ စားသောက်ဆိုင်ကို ထိုင်ကြည့်ရင်းရင်ထဲ တနုံ့နုံ့ဖြစ်လာသည်။

-ဘယ်အရာဟာ ဘာကြောင့်ဖြစ်လာခဲ့မှန်း တွေးလေဝေးလေ နဲ့ စိတ်တို့သည် ဘယ်သူစကားကောင်းကောင်းလာပြောပြော ကောင်းမွန်စွာလက်ခံနိုင်ခြင်းမရှိလောက်အောင် ရူပ်ထွေးနေခဲ့သည်။

"ငါတောင်းပန်ပါတယ် jungkookရာ မေမေတို့က...."

"တော်တော့ ကွာ ငါမင်းဆီက တောင်းပန်စကားကြားရတာ ငါ့အခက်အခဲတွေမပျောက်တဲ့အပြင် မီးခဲပေါ်မှာအမှိုက်စတင်ပြီးယပ်ခပ်ပေးနေသလိုပဲ မင်းတို့အားလုံးတော်တယ် ငါညံ့တာ ...."

"Jungkookရာ ငါမင်းကိုဒီလိုဖြစ်အောင် တမင်..."

"ငါဘာမှမသိချင်တော့ဘူး ဟေ့ကောင်...မင်းငွေတွေကိုမင်းအမေလိုချင်တဲ့အချိန် အတိအကျပြန်ဆပ်ပေးမယ် မင်းသွားတော့..."

-နောက်ထပ်တယောက်ကိုလည်း ထိုနည်းတူပြောပြစ်ခဲ့သည်။အကြွေးတောင်းခံရလို့ ရန်လိုနေတာလားလို့မေးရင်လဲခံရတော့မှာပဲ အားကြိုးမာန်တက် ပြင်ဆင် တည်ဆောက်ခဲ့သော ဒီလုပ်ငန်းလေးက ခြေထိုးခံပြီး ဆောက်ထားတဲ့ ကမ်းစပ်က သဲအိမ်လေးလိုပဲ..

-ဆိုင်ထဲမှာ အေးဆေးထိုင်စားသောက်နေတဲ့လူတွေ အပြင် ဥယျာဉ်လေးက စားပွဲအသီးသီးမှာ အေးချမ်းစွာ ထိုင်နေကြသူတွေ..
Jungkookဒီနေရာကနေ နေ့တိုင်း ထိုင်ငေးနေမိတာ နေ့စဉ်ရက်ဆက်။ဆိုင်ကို သူ နမည်မတပ်ခဲ့ ...coffee shopကိုပဲ အသံထွက်အတိုင်း အတွင်းမှာ စာလုံးအလှထွင်းရေးထားခဲ့တာ။ဒါကြောင့် စလိုက်တာနဲ့ ပြီးဆုံးခြင်းကိုရောက်ခဲ့တာလား။

💕Think about it💕Where stories live. Discover now