"ဟင်!!!!!"

-jijiတအံ့တဩ ဖြစ်သွားဟန်။

"သူသိတာကိုလည်း ဦးဦးဘာသာသိတာ အဲ့ဒီ့တော့ ဒီကိစ္စကိုပူပေါင်းတိုင်ပင်မှဖြစ်မယ်။"

"မဖြစ်ဘူး ဦးဦး သူပိုသိမ်ငယ်သွားလိမ့်မယ် ...သူ မရှင်းနိုင်လို့အရူံးပေးလိုက်ရင်တောင် jijiနှစ်သိပ်ခွင့်ရဦးမယ် ။သူရှက်ပီး အားလုံးကိုမုန်းသွားခဲ့ရင်..."

"ချစ်နေတဲ့လူကို ထာဝရမုန်းသွားတယ်ဆိုတာမရှိဘူးသမီး ပြီးတော့ ဒါက အပြစ်လုပ်တာမဟုတ်ဘူး ဒီကိစ္စကြီးကိုတယောက်ထဲအင်အားနဲ့မရှင်းနိုင်ဘူးဆိုတာ ရှက်စရာမဟုတ်ဘူး..."

"ဘာပဲဖြစ်ဖြစ် သူမပြောပဲထားထားတာကိုက အကူအညီမလိုချင်လို့ပဲ...မောင့်စိတ်ကိုji ကြောက်တယ်ဦးဦး..."

"ဟိုတခါက သူလက်မခံပေမယ့် အခုဒုက္ခရောက်နေတုန်းဆိုတော့ စိတ်ပြောင်းချင်ပြောင်းမှာပေါ့ နောက်ကွယ်ကကူညီတာထက်စာရင် သူ့ကိုထပ်ပြောကြည့်ပါလား ဦးဦး.."

"မဖြစ်ဘူးသမီး အခု တို့တွေလုပ်ရမှာက အကျီဖျားမှာမီးလောင်နေရင် မီးကိုငြိမ်းပေးဖို့ပဲ...ဒီလူမသိတာလား မီးပူခံနိုင်တာလားဆိုတာ အကဲခတ်နေဖို့မဟုတ်ဘူး.."

-ဒီပြသနာကိုသိနေထဲက jijiနေလို့မရတော့ပါ
မောင်တယောက်ထဲဘယ်လောက်တောင်စိတ်ပင်ပန်းနေလိုက်မလဲ။ ဘယ်လိုလူတွေနဲ့ရင်ဆိုင်နေရမလဲဆိုတာကိုပဲတွေးနေမိကာ...

"ဦးဦး appaကဘာတဲ့လဲဟင်..."

"Mr.Joomစုံစမ်းနေပီတဲ့သမီး ဒီကိစ္စရဲ့တရားခံက ပန်းခြံက ကန်ထရိုက်တာ တစ်ယောက်တည်းကလုပ်နေတာ.."

"ကြွေးသမားတွေ အခုလိုထဖြစ်တာကရော.."

"သူတို့ရဲ့ရိုက်ချက်ပေါ့... Jungkookမှာ အရင်းအနှီးမရှိတာက သူတို့ရဲ့ကစားစရာအရုပ်လိုဖြစ်သွားတာပဲ......အဲ့တာစလုပ်ထဲက သမီး ယောကျာ်း အယူအဆနည်းနည်းလေး အစွန်းရောက်သွားတာ ခုတော့ မိသားစုအသိုင်းအဝိုင်းရော သူ့ဂုဏ်သိက္ခာပါအားလုံးထိခိုက်ကုန်တာပေါ့..."

-ဦးဦး နဲ့appaပါကူညီနေတယ်ဆိုတော့ မောင်ထူထောင်တဲ့ဒီဆိုင်နဲ့ ဥယျာဉ်လေးအတွက်စိတ်ပူစရာလိုတော့မည် မထင်...

💕Think about it💕Where stories live. Discover now