"တော်ပါတော့jiရယ် မင်းအဲ့ကလေးကိုအရမ်းလိုချင်နေရင် မောင်မွေးစားမယ် သူ့အဖေမပေးဘူးဆိုရင်တောင်အတိုင်းတာတခုထိစောင့်ရှောက်ခွင့်တောင်းမယ် ထပ်ပီးနားပူနားဆာမလုပ်ပါနဲ့တော့ကွာ.."

-မောင် လေးလေးနက်နက်ပြောနေတာမို့ jijiဘာမှပြန်မပြောတော့ ဒါပေမယ့်...

"မောင့်ရည်ရွယ်ချက်ကဘာလဲဆိုတာ jiကိုပြောပြ မောင် ခိုးဝှက်လုနိုက်မလုပ်ရင်လဲji ကိုပြောပြပေါ့ jijiကဘာလို့သိခွင့်မရှိတာလဲမောင်..လင်နဲ့မယားဆိုတာ...."

"တော်ပါတော့ jiရာ ...မင်းကိုမောင်မချစ်လို့ လူရာမသွင်းချင်လို့ဆိုတာမျိုးကိုလဲတွေးမနေနဲ့ appaနဲ့မောင့်ကြားမှာ ပြသနာအကြီးကြီးတခုရှိနေတာ မင်းသိပါတယ် မောင်ကြိုးစားနေတာ အဲ့ဒီ့ခံစားချက်ကြောင့်ပဲ..ထပ်မမေးပါနဲ့တော့ကွာ.."

"မောင် jiက သိချင်လို့မေးနေတာ မောင်ဘာလုပ်လုပ် ဘယ်သွားသွားjiကတော့နောက်ကတကောက်ကောက်လိုက်မှာပဲ ကိုယ့်ယောကျာ်းဘယ်လိုလူဆိုတာ jijiပဲနားအလည်ဆုံးဖြစ်ချင်တာ။"

"မင်းကို စောက်ရမ်းချစ်တဲ့ယောက်ျားလို့ ယုံကြည်ထားရင်ရပီ.."

-မောင်က ဘယ်အချိန် ဘာမေးမေးခေါင်းခါသည်။

-ကလေးခေါ်လာတော့လဲ noonaကိုချစ်ခင်ခဲ့သည့်စိတ်နဲ့ကလေးကိုချစ်ပုံရသည်။ ဒါပေမယ့် ကလေးကို ကြင်နာယုယ သလောက် ကလေးယူဖို့လဲ နေ့တိုင်းနားပူနားဆာလုပ်သည်။

"မောင်တို့ကလေးယူရအောင်ကွာ သူများကလေးကြီးကို ထွေးပွေ့ယုယနေရတာ ကြောင်ကြောင်တောင်တောင်နိုင်သလိုပဲ။"

"ကိုယ့် တူလေးပဲဥစ္စာ ဘာကြောင်ရမှာလဲ ခုမှတစ်နှစ်ပဲရှိသေးတာ jijiကလေးမယူချင်သေးဘူး.."

"ဒါဆိုမင်းက ကလေးမရအောင်တားဆီးထားတာပေါ့။"

"မောင်ကလဲကွာ အဲ့တာကဒီလို.."

"မလုပ်နဲ့တော့ကွာ..အဲ့တာမျိုးတွေကတကယ်လိုချင်ပီဆို ဒုက္ခပေးတက်တယ် ဒီလောက်ဆို ကလေးယူမယ်ဆိုရင်လဲ မစောပါဘူး.."

-သူနားပူနားဆာလုပ်လာမှာစိုးလို့ အကြောင်းပြချက်jiji ပေးလိုက်မိသည်။

-ထိုအကြောင်းပြချက်က နောင်ပြသနာဖြစ်လာမယ်ဆိုတာကိုတော့ကြိုမတွေးထားမိခဲ့ဘူး။
-အနာဂတ်မဆိုထားနှင့် မနက်ဖြန်ကိုယ့်ထံလာမည့်ကံကကောင်းလား ဆိုးလားမသိနိုင်တာမို့....

*************************************

ဒါဒါလေးတွေကိုပြစ်ထားတာတွေများပီကွယ်
ဒီကသာသာကိုခွင့်မလွှတ်ကြပါနဲ့။

Updateမှန်မှန်တင်နိုင်အောင်ကြိုးစားပ့မယ် ။
နောက်တပုဒ် ထပ်ရေးချင်လို့ ဖတ်ပေးကြမယ်မလား🥺

တိုသွားတယ် သာသာအပျင်းမကို အဂျွန်းလွှတ်ပီးကယ်တင်ပေးကြပါဦး🥲

💕Think about it💕Where stories live. Discover now