"ဟိုနေ့ကstoreဆိုင်တခုမှာ လှမ်းမြင်လိုက်ထဲကomma သမီးလေးကိုနားလည်ပါတယ်။သားလေးကိုလဲနားလည်ပေးလိုက်ပါသမီးရယ်...သမီးဦးဦးနဲ့ရော မေမေတို့နဲ့ရောမဆက်သွယ်စေချင်တာက အကူအညီယူမှာစိုးနေတာ။"

"သမီး သူ့ကိုအပြည့်အဝနားလည်ပေးထားပါတယ် omma..အခုလဲ ommaလာတာကိုသူသိရင်..."

"Ommaသမီးကို ဘာမှမပေးသွားဘူး ဒီတိုင်းသူ့noona‌ ဆေးကုရင်း ဆုံးသွားလို့သတင်းလာပေးတာ..."

"ဟင်..."

-(jungရဲ့noonaကိုမှတ်မိကြတယ်မလား jungရဲ့ဝမ်းကွဲအမပါ..မေ့ကုန်မှာစိုးလို့🥺)

"ငယ်ငယ်လေးပဲရှိသေးတာနော် သနားပါတယ်ommaရယ်"

"ကျောက်ကပ်ရောဂါလေ အခုသူ့ကလေးလေးကျန်ခဲ့တယ်ကွယ် ယောကျာ်းဘက်ကအမျိုးတွေက အင်ချွန်း ဘက်မှာနေကြတာ တချို့ကနိုင်ငံခြားမှာ ကလေးကို သူ့ဆွေမျိုးတွေပေးခဲ့ချင်ပုံမပေါ်ဘူး ဟိုကလဲမသိကြသေးခင် သူ့မောင်ကိုမွေးစားဖို့ပြောပေးပါတဲ့..."

"သူမှာသွားတယ်ပေါ့ ဟုတ်လားomma.."

"ဟုတ်တယ် သားကိုသမီးပဲပြောကြည့်ပါဦး...သမီးကရော ဒီကလေးကို..."

"Jiji ကလိုချင်ပါတယ် ခုတောင် အဖော်မရှိလို့ ပျင်းနေတာ မောင်ကလဲမွေးစားမှာပါ သူ့noonaကိုသူအရမ်းချစ်တာပဲဟာ..."

-jiji အပြောတွေကြားရတာomma jinအားတက်သွားရတာတော့မရှိပေ။

"သေချာလို့လား သမီးရယ် သားရဲ့စိတ်ကပြောလို့ရတာမဟုတ်ဘူး သူကလူတမျိုး...."

-omma Jin..ပြန်သွားတော့ ။jiji မောင့်အားပြောရန်စဉ်းစားနေသည်။
...........

"သူ့မှာအဖေရှိတယ် အဘိုး အဘွား ဦးလေးအဒေါ် တွေမှ နိုင်ငံခြားမှာတပုံကြီး ဘာလုပ်ဖို့လဲ သူများသားသမီးကို။"

-တကယ်ပြောကြည့်လိုက်တော့ Jungkookကခါးခါးသီးသီးငြင်းသည်။

"သူများသားသမီးကိုမွေးစားဖို့ဘယ်တုန်းကမှစိတ်မကူးခဲ့ဖူးဘူး"

"မောင်ကလဲ အခုဟာက မောင့်အမကမောင့်ကို‌ပဲပေးခဲ့ချင်တာလေ.....သူ့ဆန္ဒအတိုင်း...."

"သူ့ဆန္ဒအတိုင်းကဘာလဲ  သူကသေသွားပြီးပြီ ဘာမှသိတော့တာမဟုတ်ဘူး ဘာမှမသိတော့တဲ့လူရဲ့ဆန္ဒကြီးကို ကိုယ်မှဆန္ဒမရှိတာ သေတဖန်သက်တဆုံးထမ်းဆောင်သွားရမှာလား။"

💕Think about it💕Where stories live. Discover now