*************************************

ဒါဒါလေးတွေကိုပြစ်ထားတာတွေများပီကွယ်
ဒီကသာသာကိုခွင့်မလွှတ်ကြပါနဲ့။

Updateမှန်မှန်တင်နိုင်အောင်ကြိုးစားပ့မယ် ။
နောက်တပုဒ် ထပ်ရေးချင်လို့ ဖတ်ပေးကြမယ်မလား🥺

တိုသွားတယ် သာသာအပျင်းမကို အဂျွန်းလွှတ်ပီးကယ်တင်ပေးကြပါဦး🥲

[Zawgyi]

-တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ jijiက jungkookထားသလိုနေသည်။ကိုယ့်ယောကျာ်းမျက်နှာညိုးလာသည်။ဘာကြောင့်မပျော်လဲ ဘာလို့မပြုံးမရွှင်ဖြစ်ရသလဲ ဆိုတာသူဘာမှမသိရ ကြာတော့ စိတ်ထဲခိုးလုခိုးလု ဖြစ်လာသည်။

"မင်းကို မောင်ပြောပြီးသားနော်jiji.. ဘယ်သူ့ပိုက်ဆံကိုမှယူမသုံးရဘူး"

"မသုံးဘူးမောင် jijiအဲ့လောက်အသုံးအဖြုန်း ဝါသနာမကြီးဘူး မောင် ဘာလုပ်‌နေလဲမသိရတာပဲ ရင်နာဖို့ကောင်းနေတာ"

"အသိပေးလိုက်ရင်မင်းလည်း သူများနည်းတူပြောဦးမှာပဲ အဲ့ဒီ့တော့မပြောနိုင်သေးဘူး မောင် ပြောနိုင်တဲ့နေ့က မင်းဘာမှမပြောနိုင်အောင်ပြီးပြည့်စုံတဲ့နေ့"

"မောင့်ကို ဘယ်သူတွေကဘာပြောကြလို့လဲ jijiက သူများလားမောင်ရယ်....jijiနဲ့မောင် ထက်ပိုပြီးရင်းနှီးတဲ့လူရှိသေးလို့လား အေးတူပူအမျှပါ  ‌မောင်ဘာလုပ်နေလဲ ji သိချင်တယ်"

"မလိုအပ်သေးလို့ပေါ့ကွာ...မင်းယောကျာ်းက ခိုးဆိုးလုနိုက်လုပ်နေတာမဟုတ်ဘူး အဲ့တာကိုမင်းမှတ်ထား.."

"မောင်က တနေကုန်သွားလာပြီး jijiကတယောက်ထဲနေရတာမောင်...."

"မောင် မင်းအတွက်ကြိုးစားနေတာပါ.."

"Jiသိပါတယ် အဲ့ဒါကြောင့် ji ကိုလည်း ကြိုးစားခွင့်ပေး jiလည်းအလုပ် လုပ်ချင်တယ်..."

"ဘာပြောတယ် jimin.."

-ဘာမှဆက်မပြောဖြစ်ခဲ့ကြတော့ပါ။ ထမင်းစားနေရင်း စားလက်စ ဒီတိုင်းထားပြီးထားသွားတာလုံးဝပြန်မစားတော့‌ပေ။ ဒီစကားကိုပြန်မဆက်ရဲတော့သည့်အပြင် နောက်ထပ်လဲမပြောဝံ့တော့။

"သမီးရေ.သမီးလေး.."

"Omma..."

-မောင်မရှိတုန်း ommaလာလို့jijiပျော်ရွှင်သွားရသည်။

💕Think about it💕Tempat cerita menjadi hidup. Temukan sekarang