"Jiက ကလေးကိုသနားတာပါ။noonaကိုတောင်jiကကောင်းကောင်းသိတာမဟုတ်ဘူးommaကိုယ်တိုင်က noonaဆန္ဒအတိုင်း..."

"Noonaရဲ့ဆန္ဒဘယ်လောက်ပဲရှိရှိ ကလေးမှာသူ့အဖေရှိသေးတယ် သူ့အဖေကျေနပ်မှဖြစ်မှာ။ သေတဲ့လူကအခုမှသေသွားတယ် ဘာလို့မဆိုင်တဲ့လူတွေက ဝေခွဲရေးချချင်နေရတာလဲ ကိုယ်တို့ကမွေးစားပ့မယ်ဆိုရင်တောင် ကလေးရဲ့အဖေကခွင့်ပြုမယ်ထင်နေတာလား..."

"သူ့အဖေနဲ့မထားခဲ့ချင်ထဲက သူ့ယောကျာ်းအကြောင်းသူသိလို့နေမှာပေါ့။jijiတို့ရှေ့မှာလိုချင်တယ်ပြောပေမယ့် စိတ်ထဲမှာ ရှိချင်မှရှိမှာလေ.."

"သေချာတယ် မင်း ဒီကလေးကိုလိုချင်နေပီ..."

"Jijiမှာအဖော်မှမရှိတာ မောင်ကလဲတနေကုန်အပြင်ထွက်နေတာလေ.."

"ယောကျာ်းဆိုတာ အပြင်ထွက်ရှာရတာပဲလေ အိမ်တွင်းပုန်းနေတဲ့ယောကျာ်းမင်းကလိုချင်တာလား.."

"မောင်ဟာကလဲ ပုန်းရင်လည်း ပုန်းနေပြန်ရော ထွက်တော့လဲ ဆွဲလို့တောင်မရဘူး ရှားမှရှားတဲ့ယောကျာ်း။"

-အဆင်မပြေတာတွေပြောနေကြရင်ရယ်မိပြန်သည်။ မောင့်မျက်နှာကြည့်ပြန်တော့ကြည်ကြည်သာသာနဲ့မို့ သူဆန္ဒလေးနဲနဲကိုထုတ်ပြောဖို့အရဲစွန့်လိုက်သည်။

"မောင်.."

"ဟင်..ပြော.."

"Ji ကိုလေ ommaတို့နဲ့ပြန်ထားပါလားဟင်.."

"မထားပါဘူး။"

"Jijiလေ ommaနဲ့appaကိုအရမ်းလွမ်းလို့ပါ။မောင့်appaနဲ့ommaကို ကိုယ့်မိဘတွေလိုအရမ်းချစ်ခဲ့တာ သတိရတိုင်းမျက်ရည်ကျမိတယ်။jijiမှာမိဘမရှိတော့ ommaကိုကိုယ့်ommaလိုချစ်ခဲ့တာ အရမ်းလွမ်းတာပဲမောင်ရယ်။"

-jijiအဲ့လို‌‌ပြော‌တော့jungkookလဲမျက်နှာမကောင်းပါ။သူလဲommaကိုသတိရပါသည်။appaကိုလည်းမချစ်လို့မဟုတ် အမြဲလိုလို ရင့်သီးတဲ့စကားတွေအားမလိုအားမရစကားတွေကြားရလို့သာ နာနာကျင်ကျင်ထွက်လာခဲ့တာ။

"ဒီတခါလေ jiji မောင့်စကားလဲနားထောင်ပါ့မယ်။ရန်မဖြစ်အောင်လဲနေပါ့မယ် နော် နော်။"

"တော်ပါတော့jiရယ် မင်းအဲ့ကလေးကိုအရမ်းလိုချင်နေရင် မောင်မွေးစားမယ် သူ့အဖေမပေးဘူးဆိုရင်တောင်အတိုင်းတာတခုထိစောင့်ရှောက်ခွင့်တောင်းမယ် ထပ်ပီးနားပူနားဆာမလုပ်ပါနဲ့တော့ကွာ.."

💕Think about it💕Where stories live. Discover now