The Same as P3 uni

Start from the beginning
                                    

"အဲ့တာဘာဖြစ်နေတဲ့ရုပ်လည်း.... JaeHyuk ပြန်လာမှ အတူတူဝင်လည်းရတာပဲကို"

"မဟုတိပါဘူး ဟီး JeongWoo ကလည်း လာကားထဲပြန်ဝင်ကြမယ်"

"တီး...တီး"

"JaeHyuk Hyung "

"အိမ်ထဲမဝင်ဘဲဘာလုပ်နေတာလည်း JeongWoo "

"Asahi ဆိုတဲ့လူက မဝင်ခိုင်းဘူး မယုံလို့တဲ့ "

"ဟူး.....တွေ့ပြီလားJeongWoo အဲ့တာ Asahi ပဲ တစ်နေ့လုံးနေမှ စကား3 ခွန်းပြည့်အောင်မပြောဘူး "

"သူမှန်တယ်လေ...ကျွန်တော်တို့မဟုတ်ဘဲ တခြားသူသာဆိုသူဖွင့်ပေးလိုက်ရင် ဘယ့်နှယ့်လည်း"

JeongWoo က Asahi ဘက်ကမှန်ပါတယ်ဆိုပြီးကူထောက်ပေးနေတော့ JaeHyuk မျက်စောင်းထိုးကာ ကြည့်လိုက်သည်

ထို့နောက် Asahi ကြားအောင် ကားဟွန်းကိုတီးရပြန်သည်
ထိုခါမှAsahi ထွက်လာပြီး တံခါးဖွင့်ပေးပြီး အိမ်ထဲပန်ဝင်သွားသည်

Asahi ထင်ထားတာနှင့်တလွှဲ ဟိုနှစ်ယောက်ပါကပ်ပါလာတော့ အားတော့နာမိသည်မှန်ပေမယ့် ပါးစပ်ကတောင်းပန်စကားပြောမထွက်ခဲ့

"သူတို့ကငါ့သူငယ်ချင်း ငါ့ထက်တော့ငယ်တယ် ဒါက JeongWoo ဒါက Ruto "

"အင်း...အန်ညော် "

"Asahi Hyung က ထင်ထားတာထက်ပိုကြည့်ကောင်းတာပဲ "

"အာ...အာနီး"(မဟုတ်ပါဘူး)

"ကျွန်တော်က Haruto ပါ ရင်းရင်းနှီးနှီးစကားပြောလို့ရပါတယ် "

"ဟုတ် "

"နေ့လည်မှပြန်ကြနော် ငါနေ့လည်စာပါဝယ်လာတယ် "

"အင်း Asahi Hyung ကျွန်တော်နဲ့ မနက်စာသွားပြင်မယ်လေ "

"အင်း...ရတယ်"

"JaeHyuk ဆီက သတင်းကြားထားတယ် ချက်ပြုတ်တာအရမ်းကျွမ်းတယ်ဆို."

"ဟား..ဟား...မင်းကနောက်တတ်တာပဲ "

စကားပြောပြီးရယ်ရင်းမီးဖိုထဲဝင်သွားသော Asahi နဲ့ JeongWoo ကိုကြည့်ပြီး JaeHyuk ကတစ်ယောက် ပါးစပ်အဟောင်းသား....

"ငါနဲ့JaeHyuk အတူနေလာတာ တစ်ပတ်ရှိပြီ သူဒီလိုရီတာတစ်ခါမှမမြင်ဖူးဘူး "

"ဟမ်...JaeHyuk Hyung ရာ...သူနဲ့အဆင်ပြေအောင်တစ်ခါမှမနေဖူးဘူးမလား ဒီလောက်လေးနေရင်ရနေတာပဲကို.."

"မသိဘူး...ငါကတော့ ငါနဲ့ ပုံစံမတူဘူးပဲထင်နေတာ "

"Hyung က တစ်ဖက်ထဲတွေးပြီး စိတ်ထဲထင်နေတာကိုအတည်ယူနေတာကို...JaeHyuk Hyung စိတ်ကိုဖွင့်ထားကြည့်လိုက်ပါ နော်..အဆင်ပြေသွားမှာပေါ့"

"အင်းပါ...ငါကော်ဖီသွားဖျော်ပေးမယ်...ခနစောင့်နော်"

"ရပါတယ်"

JaeHyuk မီးဖိုခန်းထဲဝင်လာသောအခါ တစ်ခါမှမမြင်ဖူးသေးသော Asahi ရဲ့ပုံစံ....

JeongWoo နဲ့ စကားပြောရင်း ရယ်နေလိုက်တာ ပါးချိုင့်လေးကိုထင်းလို့ တစ်ခါရီလိုက်တိုင်းလည်း နှုတ်ခမ်းထောင့်စွန်းက အဆွယ်ဖြူပိစိလေးတွေကပေါ်လာသေးသည်
စိတ်ထဲ တဒဂ်ဝင်လာသော အတွေးထဲတွင်တော့
*တဂယ်လှတယ်*

JaeHyuk အခန်းဝမှရပ်ကြည့်နေရင်း တခဏမျှကြာတော့
Asahi ကမြင်သွားတာကြောင့်

"JaeHyuk ဘာယူမို့လည်း... "

"ဟင်..ဟို ကော်ဖီ...Ruto အတွက်.. ကော်ဖီလာဖျော်တာ"

"Ruto အတွက်လား ကျွန်တော်ဖျော်သွားပေးလိုက်မယ် သူ့အကြိုက်ကိုကျွန်တော်ပဲသိတာ ဟီး"

"ဝိုး..ဟိုး...JeongWoo ရားးး"

"Hyung Asahi ကိုခနကူပေးလိုက်နော် ကျွန်တော် ကော်ဖီသွားပေးလိုက်အုံးမယ် "

__________________♥__________________



The Same as {Completed}💛Where stories live. Discover now