" ကြက်သားကြော်ပေးရမလား ? "

Jenoက တကယ်ကို သူအဆင်ပြေစေဖို့ကိုပဲ တွေးနေသည့်ပုံပင် ။ ပြီးတော့ သူကလည်း မငြင်းနိုင်ခဲ့ပါ ။

" အင်း .. "

" ပြန်လှဲနေတော့ .. အကုန်ပြီးရင် ယူလာခဲ့မယ် "

သူ့ကို လှဲခိုင်းပြီးတာနှင့် စောင်ကို သေချာ ပြန်ခြုံပေးပြီး Jenoက အောက်ထပ်ကို ဆင်းသွားသည် ။
ခဏလောက်ပဲ လှဲအိပ်နေနိုင်ပြီး လက်ကဒဏ်ရာကို သတိရမိတော့ Jenoမမြင်ခင် ထပြီး ဆေးစည်းရသည် ။ ပတ်တီးပြန်စည်းပြီးတော့ ပြန်လည်း မအိပ်ချင်သေးတာနဲ့ စာကြည့်စားပွဲပေါ် မှောက်အိပ်နေမိသည် ။

ခဏနေတော့ Jenoက အခန်းတံခါးကို ဖွင့်လာသည်နှင့် သူလည်း ကျောမတ်သွားတော့သည် ။

" အများကြီး မလုပ်လာသေးဘူး ။ တစ်ခါစားစာပဲ ။
အများကြီးစားရင် နေမကောင်းထပ်ဖြစ်မယ် ထင်တယ် "

အဲ့ဒီလို အသေးစိတ်ကအစ ဂရုစိုက်ပေးတာတွေက သူ့ကိုအများကြီး ပိုပြီး လျှောက်တွေးမိလာစေသည် ။

ဇွန်းနှင့်တူကို လက်ထဲ‌အရောက် ထည့်ပေးပြီး ဘေးနားကနေ သူစားတာကို ထိုင်ကြည့်နေတော့ သူက ဘာလုပ်ရမှန်းမသိသည်မို့ ပြန်ပြီးသာ ကြောင်တောင်တောင်လေး ကြည့်နေမိသည် ။

" မင်း မပြန်သေးဘူးလား "

" တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချသေးလို့ "

စိတ်မချသေးလို့ ..။

အမြဲတမ်း ကလေးလို ဆက်ဆံခံရမှုက ဘယ်အချိန်တုန်းကမှ ပြောင်းလဲမသွားခဲ့ ။
တစ်ရာတစ်ဆယ့်နှစ်ရက်ပဲ ငယ်ပေမယ့် ၊ ပြောရရင် ရွယ်တူဆိုပေမယ့် Jenoက သူ့ကို အမြဲတမ်း ကလေးတစ်ယောက်ကို ဂရုစိုက်သလို ‌ချစ်ပေးခဲ့တာ ။

" မင်းအဖေရော "

" အလုပ်ခရီး ထွက်သွားတယ် "

အမြဲတမ်း ပါပါးက အိမ်မှာ မရှိတာ များသည် ။
Jenoကလည်း ဒီနှစ်နှစ်လုံးမှာ သူ့အိမ်ကို မလာနိုင်ခဲ့သည်မို့ ပါပါးက အမြဲတစေ အိမ်မှာမရှိတာကို မသိနိုင်ပါ ။

" တစ်ခုခု လိုရင်ပြောနော် ။ ဆန်ပြုတ်က ဒါအကုန်ပဲမို့ ညနေကျ ငါပြန်ခါနီးရင် လက်လုပ်ခေါက်ဆွဲ ပြောင်းပြုတ်ပေးခဲ့မယ် ။ ကြက်သားကြော်လည်း နည်းနည်း ထပ်လုပ်ပေးပြီး ဟင်းအရံ‌နည်းနည်းစီ လုပ်ခဲ့ပေးမယ် ။ DongHyuckတို့က မနက်ဖြန်ပါ presentationရှိတာမို့ မင်းမနက်ဖြန် မသက်သာသေးရင် ငါဒီလိုပဲ လာနေပေးမယ် "

Selenophile || NoMinOnde histórias criam vida. Descubra agora