" ငါ အောက်ထပ်ဆင်းပြီး ဆန်ပြုတ်သွားထပ်ယူခဲ့မယ် အဲ့တာဆို "
သူ့ဘေးနားမှာထိုင်ရင်း ရုတ်တရက် ထဟန်ပြင်လိုက်သည့် Jenoရဲ့လက်ကို ဘာအတွေးကြောင့်မှန်းမသိ သူက လှမ်းဆွဲထားမိလိုက်သည် ။
သူကပဲ ကိုယ်ပူနေလို့လား .. မဆုပ်ကိုင်ထားရတာ ကြာသည့် ဒီလက်တွေက နွေးထွေးလိုက်တာ ။
ဖြစ်နိုင်ရင် နစ်မြုပ်သွားချင်တာ ၊ ဒီလက်တွေထဲမှာ .. အဲ့ဒီလူဆီမှာ ။လက်တွေကို ကြည့်နေရာကနေ အကြည့်ချင်းဆုံမိတော့ မေးခွန်းတွေနှင့် Jeno၏ မျက်၀န်းတွေကို မြင်ရသည် ။
တစ်ခဏလောက် စိုက်ကြည့်နေပြီး သူက အရင် လွှတ်ပစ်မိလိုက်သည် .. ဒီလက်တွေကို ။" ဘာဖြစ်လို့လဲ .. ဗိုက်ဆာနေတယ်ဆိုပြီး "
" ဆန်ပြုတ်မဟုတ်ဘဲ တခြားဘာရှိသေးလဲ ။ လူနာစာလိုပဲ .. မစားချင်လို့ "
အစထဲက ဗိုက်ဆာလို့ နိုးလာတာ မဟုတ်တာမို့ သူက အဲ့ဒီလိုပဲပြောမိလိုက်သည် ။ ဆန်ပြုတ်မကြိုက်တာ မဟုတ်ပေမယ့် တကယ်တော့ စားချင်စိတ်ကို ရှိမနေတာဖြစ်သည် ။
Jenoက သူ့ကိုကြည့်ပြီး ဘာကြောင့်မှန်းမသိ ပြုံးနေသည်မို့ သူက တစ်ဖက်ကို လှည့်မိလိုက်သည် ။ တစ်ခါတစ်လေတွေမှာ ပြုံးနေသည့် အဲ့ဒီမျက်၀န်းတွေကို ရင်ဆိုင်ဖို့ သူ့မှာ အားမရှိနိုင်ခဲ့ပါ ။
" ဆန်ပြုတ်က ငါချက်ထားတာပါ ။
တခြားတစ်ခုခုစားချင်လည်း လုပ်ပေးလို့ရတယ် ။ အမာစာတွေသာ မင်းကိုစားခွင့်ပေးလို့မရသေးတာ "" ၀ယ်ထားတာ မဟုတ်ဘူးလား ? "
ခုနက သူချက်ထားတာလို့ ပြောလိုက်သေးလို့လား ??
Jaeminက ဒီတိုင်း၀ယ်လာတာပဲ မှတ်နေတာဖြစ်သည် ။
မဟုတ်ရင် သူခုနက အတွေးတွေများလွန်းပြီး Jenoပြောစကားတွေကို မကြားမိတာ ဖြစ်မည် ။" မချက်ရသေးတာတွေ ၀ယ်လိုက်တာပါ ။ မင်းအိပ်နေတုန်း ကိုယ့်ဘာသာ သွားလုပ်ထားတာ "
လျှောက်တွေးနေတာကလည်း တစ်ခုတော့မကောင်း ။
ဗိုက်မဆာဘဲ ဆာကြောင်း သံယောင်လိုက်ပြီး ပြောနေမိတာ အခုတော့ Jenoကိုယ်တိုင် ချက်ထားတာကို သူက မကောင်းပြောနေမိသလို ဖြစ်သွားသည် ။ အားနာမိသည့် ခံစားချက်က တကယ်ကို နေလို့မကောင်းပါ ။
Gunnen
Start from the beginning