"ကျွန်တော် ဝင်တော့မယ်နော် ဦး .."

"စိတ်ချလက်ချ သွားပါ Bae "

"ကျွန်တော့်ကို သတိရတိုင်း ဒိုင်ယာရီ စာအုပ်လေး ထုတ်ဖတ်ပါ ဦး ၊ အဲ့ထဲမှာ ဦး ကိုစကားနဲ့မပြောဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ချရေးထားတယ် "

"ဒိုင်ယာရီ..? "

"အင်း..ဦး အိပ်ခန်းထဲက ပန်းအိုးတင်တဲ့စားပွဲပေါ်မှာ မနက်ကတင်ထားခဲ့တယ် "

ခပ်လှမ်းလှမ်း ကနေ ရှိုင်း ခွဲခွါကြတော့မည့် ချစ်သူနှစ်ဦး ကို လှမ်းကြည့်နေမိသည် ။ တော်ယုံ ထုတ်ဖော်မပြောတတ်သော ကိုသွေး သည် အခုတော့ ဝိုင့် ကိုကြည့်သည့်မျက်ဝန်းတွေကအစ အသက်ဝင်လွန်းလှပါသည် ။ ထိုနည်းတူ ဝိုင် ကလည်း ကိုသွေး အားချစ်ခြင်းတြွေဖင့်ပြည့်နေသော အကြည့်ဖြင့်သာ ကြည့်သည်ဆိုတာ ထုတ်ဖော်ပြောစရာမလိုဘဲ ဘေးလူဖြစ်သည့် ကိုယ်ပင်မြင်နိုင်သည် ။ နှစ်ယောက်သား ခဏအကြာ ဖက်လိုက်ပြီးမှသာ ဝိုင် ကနှုတ်ဆက်ပြီး အထဲသို့ဝင်သွားတော့သည် ။ ကိုသွေးကတော့ နေရာမှတင်ရပ်ကာ အထဲဝင်သွားသည့် ကောင်လေးအား မှန်နံရံတွေကြားမှရပ်ကြည့်နေဆဲ...။

✈️✈️✈️
.
.
.
________________
________________

"ဒီလအတွက် စာရင်းတွေပါ ကိုသွေး "

ရှိုင်း , လချုပ်စာရင်းစစ်ပြီးသား တို့အား ကိုသွေး အလုပ်စားပွဲပေါ်သို့ တင်ပေးလိုက်ကာ ပြောလိုက်သည် ။

"အင်း ထားခဲ့လေ "

အနည်းငယ်စိတ်ရှုပ်နေသည့် ပုံပေါက်နေသော ကိုသွေး က အရင်ကလိုစာရင်းပင်သေချာ မမေး မစစ်တော့ဘဲပြောလာသည် ။

"ဟို..ကျွန်တော့်ကိုလျှာရှည်တယ်လို့မထင်ပါနဲ့နော် ကိုသွေး ၊ ဘာများအဆင်မပြေတာရှိလို့လဲ ''

ကိုယ် နဲ့ ၈ နှစ်ကျော်အလုပ်အတူတူတွဲလုပ်လာသည့် ရှိုင်း သည်အခုတော့ အရိပ်အကဲပါကြည့်တတ်လာပြီ ။ ထို့ကြောင့် သွေး အနည်းငယ်တော့ ပြုံးမိသွားသည် ။

"မင်း တောင်အကဲခတ်တော်လာပြီပဲ ရှိုင်း "

"ကိုယ့် အာစရိပဲကို ကိုသွေး ရ "

"အေးကွာ.. Bae နဲ့ အဆက်အသွယ်မရတာ နှစ်ရက် တောင်ရှိနေပြီ ၊ ဖုန်းဆက်တော့လည်း မကိုင်ဘူးကွ ၊ အဲ့ကောင်လေးဘာတွေလုပ်နေလဲမသိဘူး "

ဝိုင် ( Y ) [Completed]Where stories live. Discover now