"အဲ့တာသာ ကြည့်တော့သမီးရေ သူလေးက အိမ်မှာဆို အငယ်ဆုံးလေးလိုဖြစ်နေတော့ အပြောလေးတော့ နည်းနည်းဆိုးချင်တယ်ကွယ် ဒါပေမဲ့ စိတ်ရင်းလေးကတော့ ကောင်းရှာပါတယ်"

"ဟုတ်ကဲ့ပါ ခ နားလည်ပါတယ် အန်တီ"

"အေးအေးအေးပါကွယ်... အော် ဒါနဲ့ သမီးလေး...ဟို....ဟို​လေ ကြီးတော် သမီးကိုတစ်ခုလောက်မေးချင်လို့ရမလား"

"ဟုတ်ကဲ့ရပါတယ် အန်တီမေးချင်တာကိုမေးပါ ခကိုဘာမှအားမနာပါနဲ့"

" ကြီးတော်သားလေးက ဘာဖြစ်တာလဲဟင် "

ကြီးမားသောမိဘမေတ္တာက အဆုံးအစ
မရှိအောင်များပြားလှပေသည်။ ထိုမေတ္တာတို့က ရန်သူကိုပင် အရှုံးပေ​လောက်အထိ သက်ရောက်မှုအား ကြီးမားလှပေသည်။

ယခုလည်းကြည့်ပါချေ သူမအား အိမ်ထဲကနေ အမြန်ထွက်သွားဟူ၍ စောစောကပင် အသည်းအသန် မောင်းထုတ်နေသော ထိုအန်တီကြီးက ယခုအခါတွင်တော့ ထိုစကားများနှင့်ဆန့်ကျင်လို့သူမအား အောက်ညွတ်ခံ၍ မေးလာပါလေပြီ။

အော် မိဘမေတ္တာ...မိဘမေတ္တာ...သိပ်ကြီးမားလှပါလားနော်...

"အစားပြတ်ပြီး အားနည်းသွားရုံလေးတင်ပါ ကျန်တာဘာမှ မဖြစ်ပါဘူး ပြီးတော့ ဖျားတာလေးပါရော သွားတော့ အခုလိုမျိုးလေး ဖြစ်သွားတာပါ ဘာမှစိတ်မပူနဲ့ နော် အန်တီ ခ သူလေးကို ဆေးထိုးပေးထားပြီးပါပြီ ၊ နောက်နာရီဝက်လောက်ဆိုရင် သူပြန်သတိရလာမှာ..."

"အေးပါကွယ်... အခုနက ကြီးတော်ကြီး သမီးအပေါ်ပြောတာတွေကိုစိတ်မရှိနဲ့နော် သမီးလေး"

"ဟုတ်ကဲ့ ရပါတယ် ခ အားလုံးကို နားလည်ပေးပြီးသားပါ.... ဒါနဲ့ အန်တီ့ ကို ခ တစ်ခုလောက်တော့ အကြံပေးချင်တယ် ရမလားရှင့်"

"ရတာပေါ့ သမီးရယ်သိပ်ရတာပေါ့ ကဲပြော ဘာများပြောချင်လို့လဲ"

သူမခဗျာ ခွင့်ပြုလိုက်ပါသော်လည်း ပြောစရာ စကားများကို ဆက်မပြောသေးဘဲ သားငယ်ဘက်သို့ လှည့်သွားသော ထိုကလေးမကြောင့် ယခု သူမပြောမည်ဆိုသည့်စကားက သားငယ်လေးနှင့်တော့ တမျိုးတစ်ဖုံပတ်သတ်နေမည်ကို ဒေါ်အမရာတစ်ယောက် တွေးကြည့်တာနှင့်တင် သိနေလေသည်။

❣❣အို...ဦးနော်❣❣Where stories live. Discover now