"ကောင်းပါပြီရှင်..."

သူမခွင့်ပြုလိုက်သည်နှင့်တပြိုင်နက်
ခေါ်မည့်သူမရှိပါဘဲနှင့် အိမ်ထဲသို့ မျက်နှာပြောင်တိုက်ကာ ဝင်လာသောထို ကလေးမက အိမ်ရှေ့ဧည်းခန်းရှိ ကုလားထိုင်တစ်လုံးပေါ်တွင်အသာဝင်ထိုင်လိုက်ရင်း တစ်အိမ်လုံးအား ကျီးကန်းတောက်မှောက်သည့်မျက်လုံးမျိုးနှင့်ပတ်ကြည့်လို့​နေ​လေသည်။

"​​အော်...ဒါနဲ့ အဆိုးလေးရော မမြင်မိပါလား အန်တီ"


"ဟုတ်တယ်သူဖျားနေတယ် ...."

"အော် ဒါကြောင့်ကို"

"ကဲ ကလေးမ ညည်း​ပြောစရာရှိတာ မြန်မြန်ပြောအေ ပြောပြီးတာနဲ့ဒီအိမ်ကမြန်မြန်သာ ပြန်လိုက်တော့"

"အဟက်...ဘာလို့လဲ အန်တီရဲ့"

"ဘာလို့လဲဆိုတော့ ညည်းကို စောင့်ပြီးတကူးတကဧည့်ခံဖို့ ကျုပ်မှာအချိန်တွေ အဲ့သလောက်မပေါလို့ပေါ့အေ...ကျုပ်မို့လို ညည်းလို လူကို ဒီလောက်ထိ သည်းခံနေတာ ... မီးဖိုးထဲက အငယ်မသာ မတော်လို့ အပြင် ထွက်လာရင် ကျုပ်လိုပုံစံမျိုး ညည်းကို ဒီအတိုင်းကြီး ဧည့်ခံနေမှာမဟုတ်ဘူး"

ဖီးကြမ်းမနိုင်တိုင်း ရခိုင်မဲနေသော ထိုအန်တီကြီးက ထိုင်ရာကနေ သူမအား ဒေါသမျက်လုံးများနှင့် စူးစိုက်စွာကြည့်နေလေသည်။

အခြားမိန်းမသားတစ်ယောက်အတွက် သိပ်ကြောက်စရာ ကောင်းလှသော ဒီမျက်လုံးတွေက သူမအတွက်တော့ ရယ်စရာ ဟာသတစ်ပုဒ်လိုပင်။

ဒါကို ဘယ်လိုခေါ်ရမလဲ ရှုံးမဲ မည်းတယ်လို့လားရယ်....အဟက်

"Oh. ..my god ကြောက်စရာ ကြီးပါလား အေးပေါ့လေ တောသူ​တွေဆိုတော့လည်း ရိုင်းတာကတော့ မဆန်းပါဘူးလေ နားလည်ပေးရမှာပေါ့"

"ဒီမှာ... ဒီမှာ တော်ကလည်း ကျုပ်အိမ်ကိုကျူးကျူးကျော်ကျော်ဝင်လာသေးတယ် ပြီးတော့လည်း ကျုပ်တို့သားအမိကို စော်ကားနေတယ်ဆိုတော့ တော်နည်းနည်းတော့ မလွန်လွန်းဘူးလား"

ခပ်လှမ်းလှမ်းဆီမှ လွင့်ထွက်လာသော အသံတို့ကြောင့် ဒေါ်အရာတစ်ယောက် သူ့အနောက်ဆီသို့ လှည့်ကြည့်လိုက်လေတော့ သူမ ထင်ထားသည့်အတိုင်း မီးဖိုထဲမှ သမီးငယ်က မွှေလက်စ သစ်သားယောင်းမကြီးကို ကိုင်ရင်း သူတို့ရှိရာ အိမ်ရှေ့ဆီသို့ ဒုန်းဆိုင်းကာထွက်လာလေသည်။

❣❣အို...ဦးနော်❣❣Where stories live. Discover now