အပိုင်း(၂၇)သရုပ်မှန်-၂

Start from the beginning
                                    

ဒီရက်ပိုင်း ထွဋ်ခေါင်ဆီသွားတွေ့မိတာလဲ အခါတစ်ရာမကတော့။ အနေအေးတဲ့ထွဋ်ခေါင်မိဘတွေနဲ့တောင် အနည်းငယ်လေးခေါ်ခေါ်ပြောပြောဖြစ်လာပြီ။ ထွဋ်ခေါင်ကတော့" ဘူးတစ်လုံးဆောင်အိုတောင်မဆင်းရဲ"ဆိုတဲ့စကားကိုများ လက်ကိုင်ထားသလားအောင်းမေ့ရအောင် သူဘာမေးမေးဘူးခံပြီးငြင်းတာနဲ့ပဲအဆုံးသတ်တာပဲ။ ကြာတော့လဲ ထွဋ်ခေါင်ကိုမေးမဲ့အစား ကျားဖင်ပြေးနှိုက်တာမှ တော်ကာကြဦးမည်လို့တွေ့မိပြီး သူ့အားသူကိုးပြီးသာ စုံစမ်းရတော့တယ်။ သူ့အမေနဲ့ စစ်အေးတိုက်ပွဲကျင်းပနေတာလည်း အခုအချိန်ထိမ​ပြီးဆုံးသေး။ တစ်နေ့ သူ့ဒယ်ဒီကသူ့အခန်းထဲဝင်လာပြီး သူ့ကိုသတိပေးခဲ့တယ် "မင်းမာမီကိုနားလည်ပေးလိုက်ပါ"တဲ့​လေ။

အဲ့ဒီ့နေ့ကထုံးစံအတိုင်း သူအလုပ်မသွားပဲ အောက်ထပ်ကိုလည်း ထမင်းဆင်းမစား​​ဖြစ်ဘူး။
မတိုင်ခင်ညကမူးပြဲနေအောင်သောက်ထားတဲ့အရှိန်ကြောင့် သူ့အသိညဏ်တွေက နဝေတိန်တောင်ဖြစ်နေချိန် တံခါးခေါက်သံ နှစ်ချက်ပေးပြီး သူ့ဒယ်ဒီသူ့အခန်းထဲကိုဝင်လာခဲ့တယ်

"သား....ဒယ်ဒီပြောတဲ့စကားကိုနားထောင်ပြီးရင်တော့ မင်းမာမီကိုမုန်းသင့်မမုန်းသင့်စဥ်းစားပေါ့"

သူ့ဒယ်ဒီက သူ့ကုတင်ရဲ့ အစွန်းပိုင်းမှာထိုင်နေပြီး သူကတော့ အိပ်ယာပေါ်ကထထိုင်ဖို့ရန်တောင် စိတ်မပါတာကြောင့် သူ့အဖေကို ကျောပေးပြီးတော့သာ လှဲအိပ်နေလိုက်တယ်။

"ဟိုးအရင်တုန်းက.. သားမမွေးခင်တုန်းကပေါ့ သားမာမီမှာသူ့ထက်ဆယ်နှစ်ကြီးတဲ့အစ်ကိုတစ်ယောက်ရှိခဲ့ဖူးတယ် သူ့နာမည်က မင်းဒီပါတဲ့ သူကသားလိုပဲ အတန်းထဲမှာဆိုလည်းအမြဲတမ်းပထမ ကျောင်းမှာဆိုလည်း မိန်းကလေးတွေ
အသဲစွဲ ပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့ မိဘတွေနဲ့ညီမလေးကိုလည်း အရမ်းသိတက်ပြီး အရမ်းကြင်နာနွေးထွေးတဲ့လူတစ်ယောက်ပေါ့ သားမာမီကိုလည်း အရမ်းချစ်ပြီးအရမ်းဂရုစိုက်ခဲ့တာ အဲ့ဒီ့အချိန်တုန်းက ဒယ်ဒီတို့ရဲ့ကောင်းကင်ဘုံ ကော်ပရေးရှင်းကြီးက တော်တော်လေးကိုအခြေယိုင်နဲ့နေပြီ ဒယ်ဒီလည်းကျောင်းတက်နေတုန်းအချိန်မို့သိပ်မသိပေမဲ့ သားအဖိုးကဒါရိုက်တာအဖွဲ့ဝင်ဆိုတော့ ဒယ်ဒီသဲ့သဲ့လေးကြားမိတာပေါ့ သားဦးလေးက အသက်နှစ်ဆယ်စွန်းစွန်းလောက်မှာပဲ ဒီလုပ်ငန်းကိုဦးစီးခဲ့တယ် သူဦးဆောင်တဲ့အချိန်ကစပြီး ဒီလုပ်ငန်းကြီးက တဖြေးဖြေးနဲ့နယ်ပယ်ကျယ်ပျံ့လာတယ် ဆယ်နှစ်ကျော်အ​တောအတွင်းမှာ ဘယ်သူမှလိုက်မမှီတော့တဲ့အခြေအနေတစ်ခုကိုရောက်ခဲ့တယ် အဲ့ဒီ့အချိန်မှာ သားမာမီနဲ့ဒယ်ဒီကလပ်ထပ်ပြီးပြီ အစပိုင်းတော့ မင်းဦးလေးကဒယ်ဒီ့ကိုတဖြေးဖြေး အလုပ်ထဲခေါ်သွင်းတယ် စိတ်ချရပြီလို့ထင်တဲ့အချိန်မှာ ဒီလုပ်ငန်းကြီးတစ်ခုလုံးကို ဒယ်ဒီ့လက်ထဲကိုလွှဲပြောင်းပေးခဲ့တယ် သူကတော့ သူ့ဝါသနာပါရာနောက်ကိုလိုက်မယ်ပေါ့ ဒါ​ပေမဲ့မင်းမာမီရဲ့ ဖေဖေနဲ့မေမေကလက်မခံချင်ခဲ့ဘူး သူတို့တွေကမင်းဦးလေးကိုပဲဒီလုပ်ငန်းကို ဦးဆောင်စေချင်တယ် နောက်ပိုင်းတော့ သူ့ကိုမိန်းမတစ်ယောက်ပေးစားပြီး ခြေငြိမ်အောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ မင်းဦးလေးကိုအတင်းကာရော လပ်ထပ်ဖို့စေခိုင်းကြတယ် အစ်ကိုမင်းဒီပါကလက်မခံတဲ့အပြင် သူ့ကိုယ်သူဂေးဖြစ်ကြောင်း သူ့မိဘတွေရှေ့မှာဒူးထောက်ပြီးဝန်ခံခဲ့တယ်"

Before I Fall You[Completed]Where stories live. Discover now