Part-2

312 23 3
                                        

၃နဲ့၄

အပိုင်း၂ (2045) ခုနှစ်

ကြယ်ရောင်လင်း အခန်းထဲအဝတ်အစားတွေကို နေရာချနေလိုက်သည်။ နေရာချပြီးပြီမို့ ခဏကျောခင်းကာ အနားယူနေမိသည်။ အနားယူနေရင်း မျက်လုံးရှေ့တည့်တည့်မှာ ရှိသော အဖြူရောင်မျက်တ်ာကျက်ကို မမှိတ်မသုံစိုက်ကြည့်နေမိသည်။ ရင်ထဲအစိုင်အခဲတစ်ချို့ကြောင့် အနည်းငယ်တင်းကျပ်ကျပ်ခံစားနေရသည်။

" တူးးးးးး တူးးးးးး တူးးးးး...."

ကြယ်ရောင်လင်း မိမိဘေးကဖုန်းကို လက်ဖြင့်စမ်းယူလိုက်သည်။ဖုန်းကိုကြည့်လိုက်တော့ ပါးပါးဖုန်းဖြစ်သည်။ ကြယ်ရောင်လင်း ဖုန်းမကိုင်ချင်ကိုင်ချင်ဖြင့် ကိုင်လိုက်ရသည်။

"သားလေး.....ရန်ကုန်ကိုရောက်နေတာ ဘာလို့ပါးပါးတို့ဆီ မလာတာလည်းကွယ်...."

ပါးပါးအသံက တိုးညှင်းလွန်းသည်။ ဆူပူနေတဲ့အသံမျိုးမဟုတ်ဘဲ တောင်းဆိုကာချော့မော့ပြောနေသော အသံမျိုးဖြစ်သည်။ ကြယ်ရောင်လင်း အဲ့လိုပြောတာမျိုးကိုမကြိုက်ပါ။ ပါးပါးနဲ့ဖေကြီးက မိမိလိုသားမျိုးကို ဒီလိုအသနားခံမျိုးနေတာမျိုး မဖြစ်သင့်ဘူးလို့ထင်သည်။ ငယ်ငယ်ကတည်းသားအရင်းလို လိုလေသည်မရှိအောင် စောင့်ရှောက်ပေးခဲ့တာနဲ့တင် လုံလောက်နေပြီမို့ဖြစ်သည်။ မိမိထံမှ စကားပြန်မရလို့နှင့် တူသည်။ဖုန်းထဲမှတစ်ဆင့် ပါးပါးရဲ့သက်ပြင်းချသံကို ကြယ်ရောင်လင်း ကြားဖြစ်အောင်ကြားလိုက်သေးသည်။

"သားသူငယ်ချင်းတွေနဲ့ အတူနေဖို့စီစဥ်ထားတယ်ပါးပါး....ဒါကြောင့်သားကိုစိတ်မပူပါနဲ့..... "

"ဟိုလေ သား....သားရဲ့... "

ပါးပါးကတစ်ခုခုကို ဖွင့်ပြောဖို့မရဲတရဲဖြစ်နေဟန်ရှိသည်။ ဘာကိုပြောမည်ဆိုတာ ကြယ်ရောင်လင်းသိနေသည်။

"သားကိုပစ်သွားတဲ့ လူကိုသားမရှာပါဘူးပါးပါး..... သိလည်းမသိချင်ဘူး....."

"သားလေးရယ်. ... ....အဲ့လိုတော့မပြောပါနဲ့လား....သူက...."

"တော်ပြီပါးပါး.....အဲ့အကြောင်းပြောနေမယ်ဆိုရင် သားဖုန်းချလိုက်တော့မယ်...."

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Jul 21, 2021 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

၃နဲ့၄Wo Geschichten leben. Entdecke jetzt