"မနက်စာစားလို့ရပြီ စားတတ်မယ်ထင်တာပဲ"
"ငါကအစားချေးများပေမယ့် အဆင်ပြေပါတယ်"
*ဟူး အစားချေးများသေးတယ်တဲ့ Jaehyuk ရေ..မင်းတော့အဖော်ရတာလား ခလေးမွေးစားဖို့ရလာတာလားပဲ *
" နောက်ခါငါ့အတွက် ဝယ်ရင် အစပ်နည်းနည်းလျှော့ဝယ်ပေးပါလား ပြီးတော့ အငံပါလျှော့ထည့်ခိုင်း မျက်နှာအဖုတွေထွက်မှာစိုးလို့
ဟို... တစ်လက်စထဲ ခေါက်ဆွဲထုတ်လေးပါ ဝယ်ထားပါလား.
အဆာပြေစားလို့ရတယ် ""အင်း..ဘာထပ်မှာစရာရှိသေးလည်း "
"ခုထိတော့ဒီလောက်ပါဘဲ နောက်တော့...ဟို"
"ဘာလဲ"
"မင်းအမေခုနကဖုန်းဆက်တယ် Jaehyuk အပြင်သွားတိုင်းလိုက်သွားရမယ်တဲ့ "
"အဟက်...သိပ်ပျော်နေတယ်ပေါ့ ဒါမဲ့ငါမပျော်ဘူး စိတ်တော်တော်ရှုပ်တယ် "
Jaehyuk ချက်ချင်းထထွက်လာကာ အခန်းထဲသာပြန်ထိုင်နေသည်
ဘယ်သူကတော့ သဘောမကျတဲ့သူနဲ့ အတူနေချင်မှာလည်း
သဘောမကျတဲ့သူလို့ပြောတာထက်စာရင် အဖော်မလိုချင်ပဲအဖော်ဆိုတာကြီးကရှိနေတော့ ဘယ်လိုလုပ်နေသားကျမှာလည်း"ဟားး.....!....ဟားးး!..... မလိုချင်ဘူး.... မကြိုက်ဘူး"
ဆံပင်ထဲလက်နှစ်ဖက်ကိုထိုးဆွကာ စိတ်ပေါ့သွားသည်ထိ ငိုချလိုက်သည်
ထို့နောက် ကုတင်ပေါ်မှာပင်ပင်ပန်းပြီးအိပ်ပျော်သွားသည်Asahi လည်း Jaehyuk ထ့က်သွားသည်ကို စိတ်ထဲတစ်ခုခုခံစားမိပေမယ့် သူ့လိုစကားနည်းတဲ့သူအတွက်တော့ တစ်ခုခုကိုပြေပြေလည်လည်ပြောဖို့လည်းအဆင်မပြေတာကြောင့်
Jaehyuk အခန်းရှေ့သွားကာ ကပ်နားထောင်ကြည့်တော့ Jaehyuk ရဲ့အောသံငိုသံတွေကိုကြားနေရသည်
ထို့ကြောင့်ခြံထဲဆင်းကာ Jaehyuk အမေဆီဖုန်းဆက်လိုက်သည်"အန်တီ ကျွန်တော်တောင်းပန်ပါတယ် ဟို....အဆင်မပြေလောက်ဘူးထင်တယ်"
"သားရယ်ခနလေးသီးခံပေးပါနော် အန်တီ့သားကနည်းနည်းဇီဇာကြောင်တယ် "
"ဟိုကျွန်တော်က အဆင်ပြေပေမယ့် သူ့အတွက်အဆင်မပြေလောက်ဘူးထင်လို့ပါ "
YOU ARE READING
The Same as {Completed}💛
RomanceJaehyuk ရဲ့အမေကြောင့် တစ်အိမ်ထဲတူတူနေရတဲ့ Jaehyuk နဲ့ Asahi JaeHyuk က သူနဲ့ opposite type ဆိုပြီးAsahi အမြဲငြင်းဆိုခဲ့ပေမယ့် တဂယ့်လက်တွေ့မှာတော့ သူ့ကိုယ်သူရော ငြင်းနိုင်ပါ့မလား နောက်ဆုံးချိန်ထိ JaeHyuk နဲ့ Asahi တို့ ဘယ်လိုဆက်ဖြစ်သွားကြမလည်းဆိုတာကတေ...
The same as p-2 zg
Start from the beginning