ငါ့ကိုဆိုစကားလာပြောတဲ့သူတောင်မရှိဘူး၊ ကြည့်ရတာကောလဟာလတေွက ငါ့ကိုပြသနာရှာတဲ့နေရာမှာတော်တယ်လို့ထင်စေတဲ့ပုံဘဲ၊ ဘေးနားက Penelopeနဲ့ရွယ်တူတေွကလည်း ကနေတဲ့သူနဲ့  အုပ်စုဖွဲ့ပြီးအတင်းပြောနေတဲ့သူတေွချည်းဘဲ၊

ငါကတော့လူတေွအများကြီးရှိမနေတဲ့​အခန်းထောင့်မှာရပ်ပြီးကြည့်နေမိတယ်၊
ငါအထီးမကျန်ပါဘူး…​
ဒါကအတင်းလုပ်ပြီးတေွးနေတာမဟုတ်ပါဘူး၊
အမှန်ဘဲ၊ ငါဒီကိုလာရတဲ့ရည်ရွယ်ချက်ကအရှင်းကြီး​ပြီးတော့​ငါအောင်မြင်သွားတာနဲ့​ ဒီလိုစိတ်ကုန်စရာကောင်းတဲ့​လောကကြီးကလွတ်မြောက်နိုင်တော့မှာ…​

အာ…​သောက်ကျိုးနည်း​အဲ့အိမ်ရေှ့စံကဘယ်ချိန်လာမှာလဲဟ…​

တချို့လူတေွကလည်း လူကိုကြည့်ပြီး​အတင်းတပြောပြောလုပ်နေကြပြီ၊ ငါ့ရဲ့သည်းခံနိုင်စွမ်းတေွအကုန်လုံးအကန့်သတ်ထိရောက်နေပြီထင်တယ်၊

"အင်ပါယာသခင်မ ဘုရင်မကြီးနှင့် ဒုတိယမင်းသားတို့ကြွရောက်လာပြီ…"

Game​ထဲမှာပါတဲ့​ဒီအခန်းရဲ့ တကယ့်ပွဲအစစ်က နောက်ဆုံးတော့ရောက်လာခဲ့ပြီ၊
ဟီလာထနေတဲ့​ မျိုးရိုးမြင့်တစ်စုကလည်း ဝင်ပေါက်ကိုမူပြီး ဒူးထောက်အရိုသေပေးနေကြတယ်၊ ငါလည်းသူတို့လိုဘဲ​အရိုသေပေးလိုက်တယ်၊

အင်ပါယာဘုရင်မနဲ့ဒုတိယမင်းသားတို့က ကော်ဇော်နီပေါ်မှာလျေှာက်လာရင်း သူတို့ရဲ့အရှိန်အဝါနဲ့​ယုံကြည်ချက်ရှိတဲ့ခြေလှမ်းတေွက​ 'ငါတို့ကတော်ဝင်မျိုးနွယ်တေွ'​လို့ပြောနေသလိုဘဲ…

တော်ဝင်မျိုးနွယ်အမှတ်သားတစ်ခုဖြစ်တဲ့ရေွှရောင်ဆံပင်တေွက​ ကပွဲရဲ့အလင်းရောင်တေွအောင်မှာလင်းထိန်လို့နေတယ်၊ သူတို့ကကပွဲခမ်းမကနေ​ တော်ဝင်မျိုးနွယ်တေွထိုင်ဖို့စီစဥ်ထားတဲ့​ ခံုနေရာတေွကိုလေှကားထစ်တေွကတစ်ဆင့်လေျှာက်လာကြတယ်၊

ငါ၊ အဲ့မြင်ကွင်းကိုကြည့်နေရင်း ဒုတိယမင်းသားထိုင်လိုက်တဲ့နေရာကြောင့် အံ့ဩားသင့်သွားရတယ်၊

'အဲ့ဒါကအိမ်ရေှ့စံမင်းသားရဲ့​နေရာမဟုတ်ဘူးလား'

ဒုတိယမင်းသ​ားထိုင်လို​က်တဲ့နေရာက​ တခြားထိုင်ခုံတေွထက်မြင့်တဲ့ အလယ်နေရာမှာရှိနေတယ်၊ ရေွှရောင်အလှနဂါးရုပ်တေွနဲ့​ ပြင်ဆင်ထားတဲ့ရေွှရောင်ပလ္လင်ကြီး....

DITOEFVWhere stories live. Discover now