The Same as P1 Unicode

Start from the beginning
                                    

*ဒီဟာ Asahi များလား အဟက်ဒါဆိုရင်တော့ ငါနဲ့အတူနေမယ့်အဖော်ကမဆိုးလှပါဘူး ချောသားပဲ*

"ဒါ YoonJaeHyuk? "

"Imm Asahi ဆိုတက်ခဲ့ "

ဒီလိုနဲ့ သူတို့နှစ်ယောက်ကြား တိတ်ဆိတ်မှုတွေနဲ့ စတင်ခဲ့သည်

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
ဒီထိပါပဲ ဆက်မယ်နော် 😉
💛💛💛💛💛💛💛💛💛💛💛💛💛💛

"ခါးပတ်ပတ်ထားလေ မြို့ပေါ်ကခုမှရောက်တယ် တော်ကြာငါတာဝန်မယူနိုင်ဘူး "

"မင်းနဲ့မနေခင် ငါ့အန်တီနဲ့ ခဏခဏလာနေဖူးတယ် "

"ဒါဆိုဘာလို့ သူ့ဆီမသွားဘဲ.. ငါ့ဆီလည်း သိတာလည်းမဟုတ်ဘဲနဲ့"

"ငါသိတယ် ပုံမြင်ဖူးတယ် မင်းအမေပြတာ"

"ပုံမြင်ဖူးတာနဲ့ပဲယုံကြည်စိတ်ချစွာလိုက်လာတယ်ဆိုပါတော့ "

"ငါအပြီးလိုက်လာတာမဟုတ်ဘူး စကားပြောမှားနေတယ်"

"ဟား...အင်း...ဟုတ်ပါပြီပဲထားလိုက်ပါတော့ ငါမှားတာ "

*အမေကလေ.....သူ့သားအကြောနဲ့ဆန့််ကျင်ဘက်လူကို ဘယ်လို​​တောင်ရှာရွေးထားသလဲပဲ *

...............................

"ရောက်ပြီ ဒါငါ့အိမ် "

Jaehyuk ကတော့ သူ့ကိုအဖတ်သိပ်မလုပ်တဲ့ Asahi ကို
ကြည့်မရဖြစ်နေသည်
ခုလည်း သူ့ကိုဘာမှမပြောဘဲ ကားပေါ်ကဆင်းသွားသည်

JaeHyuk လည်း သူဘာဆက်လုပ်မလည်းသိချင်တာကြောင့် ကားပေါ်ကမဆင်းဘဲ ထိုင်ကြည့်နေသည်

Asahi က ပိတ်ထားတဲ့အိမ်တံခါးနားရောက်တော့ အထုတ်တွေကိုချကာ Jaehyuk ကိုလှည့်ကြည့်သည်
ကားပေါ်ကမဆင်းလာသေးသော Jaehyuk ကြောင့်

အနားကတုတ်တောင့်တောင့်တစ်ချောင်းကိုကိုင်ကာ JaeHyuk ကားတံခါးရှိရာဘက်သို့သွားပြီး

"ဒီတံခါးမှန်ကို ရိုက်ခွဲရင်ရပြီမလား "

"ဟေ့ဟေ့....မလုပ်နဲ့ "

Jaehyuk လည်းထိုခါမှကားပေါ်ကဆင်းကာ

"ဘာလုပ်တာလည်း "

"မင်းတံခါးဖွင့်မရတော့လို့ဆင်းမလာတာထင်လို့ "

"ဟူးးးး......."

The Same as {Completed}💛Where stories live. Discover now