Chapter 2(Zawgyi)

Start from the beginning
                                    

သို့သော် ဘဝကြီး သောက်တလွဲဖြစ်ရင်၊ ဆက်ဖြစ်နေအုံးမှာပါပဲ။ သူ့ဂလင်းလေးတောင် မဖယ်ရသေး။

ဖေးယိယန်  ကွေးသွားရှာပြီ။

သူ လူတစ်ယောက်ကို ချစ်မိသွားပြီ။

အဲ့ဒီလူက ယောကျာ်းတစ်ယောက်ပဲ။
သောက်ရမ်းလှလွန်းသည့် ယောကျာ်းတစ်ယောက်။
မိန်းကလေးတွေထက်ပင် ပိုလှသေးသည်။

အဲ့ဒီသူ နာမည်က ထျန်းမော့ချီ။

သူ ကာကွယ်ပေးချင်မိသည့်
တစ်ဦးထဲသော ယောကျာ်း။ ထိုသူ့၏ တည်ရှိမှုက နူးညံ့လွန်းကာ နှင်းစက်နှင်းပွင့်လေးလို အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အလား။

ထိုကောင်လေးနှင့် ဖေးယိယန် ဆုံတွေ့ခဲ့ပုံက ဒီလို။

သူ့ကို လာကြောင်နေသည့် Alpha တစ်ကောင်ကို ပိုးစိုးပက်စက် ရိုက်နှက်နေစဉ်မှာပဲ၊ ထိုကောင်လေးသည် သူ့မျက်စိရှေ့ ရောက်လာခဲ့၏။ တက္ကသိုလ် ကျောင်းသားလေး ထျန်းမော့ချီသည် သူ့ကို
ကြောက်လန့်တကြား  ကြည့်ပြီး ထွက်ပြေးပေမဲ့၊ အကြောက်လွန်ကာ သူ့ရှေ့ မှောက်ယက်လဲသွားရှာရသည်။

ဖေးယိယန်၏ တည်တင်းနေသည့်မျက်နှာဟန်ကြောင့် ထျန်းမော့ချီ ငိုမဲ့မဲ့ ဖြစ်လာတာကို
ဖေးယိယန် သေချာ စိုက်ကြည့်နေခဲ့မိသည်။

တစ်စက္ကန့်...
နှစ်စက္ကန့်....
သုံးစက္ကန့်...။
.
.

သုံးစက္ကန့်အတွင်းမှာပင် လူတစ်ယောက်ကို ချစ်မိသွားနိုင်သည်ကို ဖေးယိယန် ကျေကျေနပ်နပ် လက်ခံလိုက်ချေပြီတကား။

မြေကြီးပေါ် ဖင်ထိုင်ရက်လေး လဲကျနေသည့် ထျန်းမော့ချီ၏ မျက်နှာလှလှကို ဖေးယိယန် လက်တစ်ဖက်ထဲဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ကာ ၊ သူ့မျက်နှာနှင့် မျက်နှာခြင်းဆိုင်ကြည့်လိုက်ကာ ဆိုလိုက်သည်။

" မင်း ငါ့ကို ယူမလား?"

"ဟင့်-ဟင့်အင်း!"
ကြောက်လန့်တကြား ထစ်ငေါ့စွာ
ထွက်ပေါ်လာသည့် လေသံတိုးဖျော့ဖျော့။

" ပြီးရောလေ...အလှလေး...
မင်းနာမည် ဘယ်လိုခေါ်လဲ"

" ထျန်း-ထျန်းမော့ချီ ပါ"

" ကောင်းပြီလေ။ ငါ ထပ်မေးမယ်။
ထျန်းမော့ချီ မင်း ငါ့ကို ယူမလား?"

ခေါင်းတယမ်းယမ်း လုပ်ကာ ထွက်ပြေးတော့မည့် ကောင်ငယ်လေး၏ ဂုတ်ကို ဖေးယိယန် ဆုပ်ကိုင်ထားလိုက်၏။

သူ လက်မလွတ်နိုင်ပါ။
နှစ်ဘဝလုံး ချစ်ရမည့်သူ ပေါ်လာပြီပဲကိုး။
လက်လွှတ်လိုက်ရင် နှမြောစရာကြီး။

" မင်း ငါ့ကို မယူချင်လည်း...
ငါ မင်းကို ယူပေးပါ့မယ် အလှလေးရာ"

တခြားသူတွေက ပြောကြသည်။
"မင်းက omega ပါ"တဲ့။
ဒီလို အကျိုးအကြောင်းမဆီလျှော်တာတွေ မလုပ်ရဘူးတဲ့လေ။

ဖေးယိယန်ကတော့ နည်းနည်းလေးမျှပင် သောက်ဂရုစိုက်မနေပေ။ ထျန်းမော့ချီက သူ့အပိုင်သာ ဖြစ်ရမည်။

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now