"ဒီနေ့လေ..."

"အင်းပြော ဘာဖြစ်လဲ"

" ဒီနေ့ငါ စာချုပ်တခုလက်မှတ်ထိုးခဲ့တယ် ငါအောင်မြင်အောင်လုပ်ရမယ် "

"အင်း."

"ရိပေါ် ကအဲ့ကောင်မလေးနဲ့ ရယ်ပြီးစကားပြောနေတာ ငါ့ရင်တွေနာလိုက်တာ..."

"အမ် ရိပေါ်ကလား ဘယ်သူနဲ့လဲ "

"ကိုရီယားကုမ္ပဏီက Mrs.ဟန်နာနဲ့ အရင်ထဲကအသိတွေထင်တယ် စကားတွေပြောတာများ ရိပေါ်မဟုတ်ဘူးလို့တောင်ထင်ရတယ် သူတို့၂ယောက်တခုခုများပတ်သက်နေလားမသိဘူး..."

"နေဦး Mrs.ဟန်နာ...Villaဆောက်မဲ့ ကုမ္ပဏီက ဟန်နာလား "

"အင်း "

"သူတောင်စားလေး..မစုံစမ်းဘူး မလေ့လာဘူး ဟန်နာကလက်ထပ်ပြီးသားလေ ယွိပင်းပြောပြလိုက် "

"ဟုတ်တယ်ရှောင်ကျန့် ဟန်နာကလက်ထပ်ပြီးသား ပြီးတော့သူလက်ထပ်ခဲ့တာက တရုတ်မလေးတစ်ယောက် "

ရှောင်ကျန့်အံသြသွားတော့သည်... သူလုံးဝမထင်ထားခဲ့တာ ဟန်နာရဲ့ပုံစံက လုပ်ငန်းရှင်မိန်းခလေးပီပီသသရဲရင့်တယ် ဖြတ်လတ်တယ် ကျော့မော့လှပတယ် လုံးဝမထင်နိုင်စရာပဲလေ...

ဒါဆို ရိပေါ်နဲ့ကမဟုတ်ဘူးပေါ့...ဝိုး ရိပေါ်သူ့အနားကထွက်မသွားသေးဘူးပဲ ဒါပေမဲ့တနေ့နေ့မှာထွက်သွားခဲ့ရင်ရောငါဘယ်လိုလုပ်ရမလဲ သူငါ့အနားကထွက်သွားခဲ့ရင်... ငါ ... သေသွားနိုင်တယ်..

ရှောင်ကျန့် မျက်စိရှေ့မှာရှိနေတဲ့ ပုလင်းထဲရှိတာအကုန်မော့ချလိုက်တော့သည်....

....................................

ရှောင်ကျန့်ရုံးခန်းထဲစာရင်းတွေစစ်နေတုန်း ဖုန်းလာ၍ကိုင်လိုက်တော့... He peng

"ဟလို... ရှောင်ကျန့် "

"အင်း ပြော he peng "

"ဒီSunday ပြိုင်ပွဲရှိတယ် ငါတို့အသင်းနဲ့ W အသင်းနဲ့ အဲဒါမင်းလာခဲ့ပါလား "

"Sundayလား လောလောဆယ်တော့ ဘာမှမရှိသေးဘူး နီးမှအလုပ်ပေါ်လာရင်တော့ မပြောတတ်ဘူး မားရင်လာခဲ့ပါ့မယ် "

"အင်းပါ ယွိပင်းနဲ့ကျိုးချန်ကို ခေါ်ချင်ပေမဲ့ သူတို့က Wပရိတ်သတ်တွေ မင်းကတော့ငါ့ပရိတ်သတ်လုပ်မယ်မလား "

Game Of LifeWhere stories live. Discover now