မျက်လုံးကို ပေကလပ်ပေကလပ်လုပ်ကာ နူတ်ခမ်းစူလျက် ပြောနေသည့် ဘဝင်ရူးလေးကို ပုနေသည့်အရပ်ထပ်ထွက်မလာအောင် ထုချင်စိတ်တဖွားဖွား ဖြစ်လာရသည်အထိ။

"အဲ့လိုလုပ်မပြနဲ့ ထွီး ရွံစရာကြီး ငါလမ်းပြောလိုက်မယ် ''

" ကျေးဇူးပါ ကျင်းသခင်လေး ''

သွားတန်းဖြူဖြူလေးတွေပေါ်အောင်
ပြုံးရယ်ရင်း ပြေးထွက်သွားသည့် ဘဝင်ရူးလေးက အတော်ထူးဆန်းနေသည်။

ငါရိုက်လိုက်တဲ့လက်စက အဲ့လောက်ထိ ပြင်းတာလား သူက တခြားတစ်ယောက်လိုတောင်ဖြစ်သွားပြီဆိုတော့

...................

ညနေခင်းအချိန်၌ ရှောင်းကျန့်တစ်ယောက် ပျင်းတိပျင်းရွဲဖြင့် အခန်းထဲမှ ထွက်လာသည်။

ငါ့ကို ခင်မယ့်သူလည်းမရှိဘူး
ကျင်းရင်ချင်းဆိုရင် မဆိုးပါဘူး သူ့ကို ငါပေါင်းရမယ်။

ကျင်းရင်ချင်းဇာတ်ကောင်သည် တစ်ချိန်ကျရင် ဇာတ်လိုက်၏ အကောင်းဆုံး မိတ်ဆွေလူယုံတော်ကြီးဖြစ်လာကာ ရွှီကွမ်း၏ မဟာ မဟာရန်သူတော်ကြီးပင်။

ဒါကြောင့် မဟာရန်သူတော်ကြီးမဖြစ်ခင် အပီပေါင်းရမည်ဟု ရှောင်းကျန့် ကောက်ချက်ချခြင်းပင်။

အခန်းရှေ့က ဇီးပင်ကြီး အောက်ထိုင်ကာ လက်ထဲက ပန်းသီးကို တဂျွမ်းဂျွမ်းမြည်အောင် ကိုက်ဝါးသည်။

စာသင်ဆောင်မှာ နန်းတော်၏တောင်အရပ်မှာ တည်ရှိပြီး ကျောင်းသားများအတွက် သီးသန့်အဆောင်တော်များထားရှိပေးသည်။ ရှောင်းကျန့်၏ အဆောင်သည် စာသင်ဆောင်နှင့် အတန်ငယ်ဝေးလျက် ရှိကာ နေဝင်ချိန်ဆည်းဆာအလှကိုမြင်နိုင်သည့်အပြင်
မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည့် လွေ့ယွီရေကန် လေးလည်းရှိသည်။

ပန်းသီးကို အားရပါးရ စားကာ ရေကန်ဘက်သို့ ခြေလှမ်းတို့ကို ဦးတည်ရင်း
System နဲ့ စကားဆုံဖြစ်သည်။

ထုံးစံအတိုင်း အပျိုကြီး System က ခပ်ချေချေပင်။

System မင်းပြောကြည့် ငါက အခု ဗီလိန်နဲ့မတူဘူးမဟုတ်လား ချစ်စရာလေးပဲ ဟုတ်တယ် မလား

Peculiarly System [Completed ]Where stories live. Discover now