" ကိုယ် ဖမ်းပေးထားမယ်လေ နော် ကလေးခုန်ဆင်းလိုက် မကြောက်နဲ့ ကိုယ်ရှိတယ်.... ကိုယ်ရှိတယ် "

မကြောက်ပါနဲ့ ကလေးသာ တစ်ခုခုဖြစ်ရင် ကိုယ်လဲ ကိုယ့်ကိုယ်ကို တစ်ခုခု လုပ်မှာ.....

ဘေးနားက Z သက်တော်စောင့်တွေကတော့ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ.... သခင်လေးသာ တစ်ခုခု ဖြစ်ရင် သူတို့လဲ ဦးနှောက် ပွင့်သေမလား မျက်လုံးတွေဘဲ အထုတ်ခံထားရမလားမသိ .... ဘုရားစာ ရွက်နေရသည်.....

"ဟုတ်ပါတယ် သခင်လေးရယ် ခုန်ဆင်းလိုက်ပါမကြောက်ပါနဲ့ ကျနော်တို့ ရှိတယ် "

ကျနော်တို့ ရှိတယ် ဆိုတဲ့ စကားကြောင့် Z ထိုလူကို နဂါးမျက်စောင်းဖြင့် တစ်ချက်ကြည့်လိုက်သည်.... ထိုလူကလဲ သူစကားသူမှားမှန်းသိသွား သည်မို့ ပါးစပ်ပိတ်ခါ ခေါင်းငုံသွားသည် ကလေးငယ်နဲ့ ပတ်သက်ရင် သူဘဲရှိရမယ် ..... ကျန်တဲ့ သူရှိစရာမလိုပင်....

မိုးသားတစ်ယောက် အပင်ပေါ်မှာ ငုတ်တုတ်လေး တက်သွားတုန်းကတော့ ဘာရယ်မဟုတ် Daddy ကို စိတ်ကောက်နေတဲ့အရှိန်နဲ့ အခုတော့ အောက်ငုတ်ကြည့်မှ ဟင့် အမြင့်ကြီးဘဲ....

" Daddy !! အင့် ! "

နောက်ဆုံးတော့ မိုးသား သူ့ Daddy ကို ယုံကြည်စွာ နဲ့ဘဲ Daddy ဟု တစ်ချက် အော်က ခုန်ဆင်းသွားသည်..... အလိုက်သိလှတဲ့ Z ဟာလဲ ကလေးငယ်ကို အမိအရ ဖမ်းထားသည်.....

" အ့ ! "

အပေါ်က ပြုတ်ကျလာတဲ့ အရှိန်ကြောင့် Z လှဲကျသွားပေမဲ့ သူ့ကလေးငယ်ကိုတော့ ဘာထိခိုက်မှုမှ မရှိအောင် တင်းနေအောင် ဖတ်ထားသည်.....

" Daddy ...... ရေးးး Daddy ကတော်တယ် "

မြက်ခင်းပြင်ပေါ် နှစ်ယောက်သား ဖတ်လျက်လေး ပြုတ်ကျသွားတော့သည်..... Daddy ကတော့ သူ့ Babe လေး မထိခိုက်အောင် ရင်ခွင်ထဲ ဆွဲဖတ်ထားသည်....

အကောင်ကတော့ Z ရင်ခွင်ထဲက ထွက်ပြီ သူ့Daddy တော်ကြောင်း ဘေးမှာရှိတဲ့ သက်တော်စောင့်တွေကို လက်မလေးတစ်ထောင်ထောင်နဲ့ ကြွားနေသေး....

" Babe လေး ဘာဖြစ်သွားသေးလဲ Daddy ကို ပြစမ်း "

ကလေးငယ် ခန္ဓာကိုယ့်အနှံရှာပြီး ဒဏ်ရာ ဒဏ်ချက်မတွေ့တော့မှ စိတ်အေးရတော့သည်...

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now