"အမယ်..မိန်းမတွေလူစုံတက်စုံပါလား"
အစ်မလှယဉ်ရဲ့ အသံလွင်လွင်လေးကို အိမ်ရှေ့မှကြားလိုက်ရသည်။ဘယ်သူတွေပဲဘာတွေပြောပြော အစ်မလှယဉ်ကတော့ အရွယ်နဲ့မလိုက်အောင်တည်ငြိမ်သူဖြစ်သည်။သနပ်ခါးပါးကွက်ကြားလေးညီညီကွက်ကာ ဆံပင်အရှည်ကြီးကိုစုကာ ထုံးထားတဲ့အစ်မက က်က္သရေရှိလွန်းသည်။ဖေဖေတို့မောင်နှမသားမိတွေကတော့ အာရုဏ်ဆွမ်းအတွက် ဘုန်းကြီးကျောင်းကို စောထွက်သွားကြလို့ မေမေနဲ့အစ်မကခုမှလိုက်ရမှာဖြစ်သည်။
"ဒီမှာလေ..အစ်မသူငယ်ချင်းတွေက မြို့ကတကူးတကလာတဲ့ကျွန်တော့်ညီမြို့သားကိုတောင်ရေမပက်နိုင်ဘူး။ဟိုကလေးကိုပဲ ရေပက်ဖို့ချောင်းနေကြတယ်"
ဆွမ်းချိုင့်မှာပေနေတဲ့ဆီအချို့ကို မေမေကသုတ်ရင်းနဲ့မှ ကျွန်တော့်ဆီမျက်စောင်းထိုးကာ ကြည့်နေသည်။
အစ္မကေတာ့ အသံထွက်အောင်ရယ်ရင်း သူ့သူငယ်ချင်းတွေကို စနေသည်။
"နင့်ညီက ဒီက အစ်မတွေနဲ့ခုနေ့တစ်ရက်တော့ ရေကစားချင်တယ်ဆိုလို့အစ်မက လာခေါ်ခိုင်းထားတာ၊သွားသွား..မင်းညီကိုနှိုးချေတော့"
အစ္မလာခေါ်ခိုင်းထားတယ်ဆိုတာသိတော့ ကျွန်တော်ကအမကိုပါ ဘုကြည့်ကြည့်ရင်း အိမ်ပေါ်တက်လာခဲ့သည်။အိမ်ထဲက လူအုပ္ကေတာ့ ရေခွက်ကိုစီကိုင်ကာ လွန်းတဆင်းလာတာနဲ့ ရေပတ်ဖို့အသင့်အနေအထားပြင်နေကြပြီ။ဒီလူအုပ်နဲ့ဆို ဒီကောင်အေအေးမိပြီး ဖျားပါသွားနိုင်တယ်။
လွန်းတံကို နှိုးဖို့ အိမ်ပေါ်တက်သွားတော့ ကောင်လေးကအိပ်မှုံစုံဖွားနှင့်ထလာသည်။
"အစ္ကို ညက ကျွန်တော်ဘယ်လို အိပ်ရာပေါ်ရောက်လာတာလဲ"
"ဘာ..မမှတ်မိဘူးပေါ့ ဟုတ္လား"
မျက်စိလေးပွတ်ကာပွတ်ကာလုပ်နေတဲ့ကောင်လေးက ကျွန်တော့်အသံကြောင့် လန့်သွားတယ်ထင်သည်။မျက်နှာငယ်လေးနဲ့ကြည့်နေသည်။အိမ်ပေါ်အထိရောက်အောင် လှေကားအမြင့်ကြီးကို ချီပြီးပို့ခဲ့ရသူအဖို့မှာတော့ ခုမနက်အိပ်ရာနိုးတော့ ခါးနာသွားတာကိုယ်ပဲသိသည်။ဘယ်လောက်ပင်ညှက်တဲ့ ယောကျာ်းလေးဖြစ်ပါစေ သူ့ခန္ဓာကိုယ်ရဲ့ ဝိတ်တော့ရှိသေးတယ်မလား။မမှတ်ဘူးဆိုတာကြောင့်စိတ်ကလဲတိုရပြန်သည်။
ВЫ ЧИТАЕТЕ
အစိမ်းနုရောင်အိပ်မက်
Фэнтезиအချစ်ဟာ အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေပါတယ်။ရယူခြင်းလား ပေးဆပ်ခြင်းလား ခွင့်လွှတ်နားလည်ခြင်းပေလား။အချစ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့ တစ်ဦးချင်းဆီ ကွဲလွဲစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။
Part🍹15(Unicode)
Начните с самого начала
