minho ယူကြည့်သည့်အခါကင်မရာထဲတွင်
ပန်းပွင့်အဖြူရောင်များကိုရိုက်ထားသော
ပုံတစ်ပုံသာရှိသည်။
Minho မျက်နှာမဲ့ကာမေးမိသည်။

" မင်းဒါနဲ့ တစ်ခါပဲရိုက်ရသေးတာလား "

minho ​၏အံ့ဩသလိုမေးသောစကားကို
chanyeol ကော်ဖီသောက်ရင်းပြန်ဖြေသည်

" အေး "

" ဒါဘာပန်းလဲ "

minho ထိုးပြသောကင်မရာကို chanyeol
လှည့်ကြည့်လိုက်တော့
ပန်းခင်းအဖြူရောင်တစ်ခုကို ရိုက်ကူးထားသည့်
ဓာတ်ပုံကိုမြင်လိုက်ရသည်။chanyeol သည်
အေးဆေးစွာပြန်ဖြေသည်။

" တရုတ်နှင်းဆီ "

minho သည်ကင်မရာကိုသေချာကြည့်နေသေးသည်။ထို့နောက်မှတစ်ခုခုကို စဉ်းစားမိသွား
သည့်ပုံစံနဲ့ထပြောလာသည်

" အော် baekhyun တို့အိမ်မှာ
မြင်ဖူးတယ်

ဒါနဲ့ chanyeol ငါမင်းကို
အကူအညီတောင်းစရာရှိတယ်"

Minho သည်လက်ထဲက ကင်မရာကိုချကာ
Chanyeol ဘက်ကိုနည်းနည်းပိုတိုးပြီး
သေချာလှည့်ထိုင်သည်။
chanyeol သည် ဘာလဲဆိုတဲ့အကြည့်နဲ့
လှည့်ကြည့်သည်။

" အခု Noz က အသစ်ထွက်တဲ့
နာရီအဖြူ သိတယ်မလား
limited နဲ့လေ "

Chanyeol ခေါင်းငြိမ့်လိုက်သည်။
အမှတ်တမဲ့မြင်လိုက်သလိုပဲ။

" အဲ့နာရီတစ်လုံးလောက် ငါ့ကိုပိုက်ဆံစိုက်ပြီး
ဝယ်ထားပေးလို့ရလား
နောက်လပြန်ပေးမယ်
ဒီလစုထားတာတွေက အခုငါ့မွေးနေ့ကျွေးရင်
ပြောင်သွားမှာ "

" မင်းလိုချင်ရင် ငါမွေးနေ့လက်ဆောင်ပေးလို့ရတယ် "

"လက်ဆောင်က တခြားဟာပေးလေ
ဒါကိုတော့ ဒီအတိုင်းဝယ်ပေး
ဟိုပြန်ရောက်ရောက်ချင်းသွားဝယ်ပေးသိလား
ကုန်သွားမှာစိုးလို့ "

" အော်ဒါတင်ထားလို့မရဘူးလား"

" မသိဘူး  ရတယ်ထင်တယ်
ဒါမယ့်လူကိုယ်တိုင်သွားရင် ပိုအဆင်ပြေမယ်" 

Chanyeol ခေါင်းငြိမ့်လိုက်သည်။

" ဝယ်ပေးထားမယ် "

ကော်ဖီခွက်ကိုလှမ်းယူလိုက်သော ဂျင်းအင်္ကျီအောက်က chanyeol လက်ကောက်ဝတ်တွင်
တတ်တူး အစွန်းအစများမြင်နေရသည်။
Minho သည် chanyeol ကိုထိုင်ကြည့်နေရင်း
ဘယ်အချိန်ရှိပြီလဲဆိုတာ စဉ်းစားမိသွားသည်။
လက်က နာရီကို ငုံ့ကြည့်မိတဲ့အခါမှာတော့
ထိုင်ရာမှဝုန်းခနဲထရပ်ရတော့သည်။

DO YOUKde žijí příběhy. Začni objevovat