𝙿𝚊𝚛𝚝 𝟼

2.1K 213 11
                                    

Zawgyi

♡Char Tate♡ (ချာတိတ်)

𝙿𝚊𝚛𝚝 𝟼

"အင့် ဟင့် ကိုကို ကျနော်ဝောာင်းပန်ပါတယ်နော် အဟင့် ကိုကိုမကြိုက်တာလုပ်မိလို့..."

ထယ်ယောင်း ဂျောင်ကုကိုအခန်းထဲခေါ်သွားဖို့ပွေ့ချီလိုက်တော့ လည်တိုင်ကိုဖက်တွယ်လာပြီး ငိုရင်းနဲ့ပြောလာတဲ့စကားကြောင့်ထယ်ယောင်းပြုံးမိပြန်သည်...။

ချာတိတ်လေးက သိပ်ကိုကလေးဆန်တာ...။

"ကဲကဲ မငိုနဲ့တော့နော် ချာတိတ်"

"ကုကီကို စိတ်ဆိုးရဘူးနော် ကိုကို အူးမွ..."

သူ့ကိုသူ ကုကီ လို့သုံးပြီးပြောကာပါးကိုလာနမ်းတဲ့ချာတိတ်လေး၊ နမ်းပြီးတော့လဲ ရှက်လို့သူ့ရဲ့လည်တိုင်နားမျက်နှာအပ်ထားလေရဲ့...။

တစ်ကယ်တော့ ထယ်ယောင်းစိတ်မဆိုးပါဘူး စိတ်ပူသွားတာ...။

ထယ်ယောင်း အိပ်ခန်းကိုပွေ့ချီပြီးခေါ်လာလိုက်သည်၊ အိပ်ခန်းထဲရောက်တော့ ချာတိတ်ကိုမွေ့ယာပေါ်ချရင်းဆေးသတ္တာ ယူကာ ချာတိတ်ရဲ့ခြေသလုံးကိုလိမ်းပေးလိုက်သည်...။

"အားစ်..."

"စပ်လို့လား ချာတိတ် ဟူး ဟူး"

ထယ်ယောင်းကမစပ်အောင်မှုတ်ပေးနေသည်ကို ဂျောင်ကုကြည့်ပြီး ပြုံးမိသည်...။

ကိုကိုကသူ့ကိုဂရုစိုက်တယ်လေ အဟိ...။

"ကဲ ရပြီ..."

ထယ်ယောင်းလဲမွေ့ယာပေါ်လှဲချလိုက်ကာ ဂျောင်ကုကိုရင်ခွင်ထဲထည့်လိုက်ပြီး ရှည်လျားတဲ့ညကိုဖြတ်သန်းရင်း...။

----------

"ကိုကို..လိုက်ချင်ပါတယ်ဆို"

သူ့ကုမ္မဏီကိုအတင်းလိုက်ချင်နေတဲ့ချာတိတ်ကြောင့် သူခေါင်းခြောက်ရပြန်သည်...။

"မလိုက်ပါနဲ့ချာတိတ်ရယ် ကိုယ်မြန်မြန်ပြန်လာခဲ့မယ်နော်"

ဒီငမွေထိုးလေးကို သူ့ကုမ္မဏီခေါ်မသွားရဲပါ...။

"ဟွန့် ပြီးရော"

ခြေလေးဆောင့်ရင်း နှုတ်ခမ်းထော်ပြီး အိမ်ပေါ်ကိုတက်သွားပါပြီ ကိုစိတ်ကောက်လေးက...။

♡Char Tate♡ || Complete ||Where stories live. Discover now