𝙿𝚊𝚛𝚝 𝟻

2.3K 225 19
                                    

Zawgyi

♡Char Tate♡ (ချာတိတ်)

𝙿𝚊𝚛𝚝 𝟻

"အင်း ဟင့်"

ဂျောင်ကု တအင်းအင်းတအဲအဲနဲ့နိုးလာသည်၊ ထယ်ယောင်းကတော့ ဖင်လေးပုတ်ပြီး ဂျောင်ကုနိုးသွားမှာစိုးနေပုံ ဂျောင်ကုကတော့ မျက်နှာမှာအပြုံးတွေဝေဆာလို့...။

"ကိုကိုက ချောလိုက်တာ ဟိဟိ"

ထယ်ယောင်း မျက်နှာလေးကိုတို့ထိတို့ထိလုပ်ရင်းပြောနေတဲ့ဂျောင်ကုလေးရယ်ပါ...။

"ကိုကို ညကသိပ်ကြမ်းတာပဲ ဟွန့်.."

ထယ်ယောင်းရဲ့ရင်ဘတ်လေးကိုမျက်နှာအပ်ရင်းပြောတော့ထယ်ယောင်းကရီးရင်းဖြင့်...။

"အမယ် သူများအိပ်နေတုန်းမကျေနပ်ချက်တွေပြောနေတာလား"

"ဟင် ကိုကို နိုးနေတာလား"

ဂျောင်ကုလေးလန့်သွားသည် အာရှီး ရှက်လိုက်တာနော်...။

"အွန်း ချာတိတ် ကိုယ့်မျက်နှာကိုတို့ထိတို့ထိလုပ်ကတည်းက..."

"ဟွန်းး လူလည်ကြီး နိုးနေတာကိုမပြောဘူး ထတော့..."

"ဟဟ ဟုတ်ပါပြီ ကိုရှက်တက်လေးရယ်..."

စလို့ကောင်းသည့်ချာတိတ်ပေါက်စလေးကိုထယ်ယောင်းကတော့ စမြဲစနေတော့သည်၊ ချာတိတ်ကလဲနှုတ်ခမ်းတတောင်လောက်ထော်ကာရေချိုးခန်းထဲဝင်သွားသည်...။

"ဟဟ ဒီချာတိတ်ပေါက်စကတော့လေ..."

ထယ်ယောင်းကလဲ ဂျောင်ကုပြီးတော့ သူလဲရေချိုးရင်း အလုပ်သွားဖို့ကိုမသွားနိုင်ဖြစ်နေရသည် အကြောင်းအရင်းကလဲချာတိတ်လေးကြောင့်သာ...။

"ကိုကို...သိပါတယ်ဆို သွားတော့ဟုတ်ပြီလား "

အလုပ်သွားဖို့အရေး သူ့ကိုမပြီးနိုင်မစီးနိုင်ပြောနေတဲ့ကိုကိုရယ်ပါ...။

သူနဲ့စတွေ့တဲ့ရင့်ကျက်သူကြီး ကိုကိုက ကလေးလဲဆန်တတ်ပါသည်...။

"ဟီးဟီး ကိုကိုကစိတ်မချလို့ပါ"

"ပြီးရော.."

ပြွတ်စ်...။

"Goodbye Kiss"

"အလုပ်လုပ်ဖို့အားရှိသွားပြီ သွားပြီနော် ဘယ်မှရှောက်မသွားနဲ့ ကြားလားချာတိတ်..."

♡Char Tate♡ || Complete ||Where stories live. Discover now