ဟုတ်နေခဲ့ရင် ဒီလုပ်ငန်းတွေအကုန်ငါဝမ်လေးနာမည်နဲ့လွှဲပေးလိုက်မယ်...ရှောင်ကျန့်အတွေးတွေများနေခဲ့သည်...အကယ်၍များ ရိပေါ်နာမည်နဲ့အကုန်လွှဲပေးလိုက်ရင် လူတွေက ရိပေါ်ကိုဝိုင်းပြောကြမှာအမှန်ပဲ...

လူတွေကိုဂရုမစိုက်ရင်တောင်မှ ပါပါးနဲ့မာမားတို့က မုန်းသွားရင်ရော...

ဟင့်အင်း မဖြစ်ရဘူး ဝမ်လေးက မိဘတွေရှိတော့တာမဟုတ်ဘူး သူ့မှာဒီမိသားစုပဲရှိတာ...

အဲဒိနောက်မှာတော့ ရှောင်ကျန့်ဆုံးဖြတ်ချက်က ဝမ်လေးအနားမှာနေပီးဖေးမပေးမယ် တိတ်တဆိတ်ချစ်နေမယ်...

တနေ့နေ့ဝမ်လေးချစ်တဲ့သူတွေ့သွားလို့ ကွာရှင်းခွင့်တောင်းခဲ့ရင်တောင် ကြည်ကြည်ဖြူဖြူနဲ့ လက်လွတ်ပေးလိုက်မယ် ကောဘက်ကချစ်နေရရုံလေးနဲ့ ကျေနေပ်ပါတယ် ဝမ်လေးရယ်.........

အိမ်ရောက်တော့ ရိပေါ်အိမ်လေးဆီကိုမသွားတော့ပဲ သူ့အခန်းထဲဝင်ကာ အိပ်စက်လိုက်တော့သည်....

ရိပေါ်အိမ်မှာအတူနေတဲ့ရက်ဆိုလို့ ရိပေါ်အိမ်ကိုအလုပ်တွေသယ်လာတဲ့ရက်တွေပဲရှိသည် အကြောင်းပြချက်ကောင်းတာကို...

ကျန်တဲ့ရက်တော့ ခွဲနေကြသည်....

..............................

ရိပေါ်ကုတင်ပေါ်ထိုင်ရင်း လှန်းမြင်နေရတဲ့အခန်းလေးကိုကြည့်ပြီး ကိုယ့်ကိုကိုယ်ဒေါသထွက်မိသည်..

"တောက် ငါဘာလို့ပြောထွက်သွားတာလဲကွာ... ကောငါ့ကိုပိုမုန်းသွားရင် မဟုတ်ဘူးငါ့ကိုရွံသွားရင်ဘယ်လိုလုပ်ရမလဲ..ကျစ် ဘာလို့မတွေးပဲပြောထွက်သွားတာလဲကွာ..."

ထိုညမှာတော့ မမြင်နိုင်အောင်ကာထားတဲ့ လိုက်ကာကြီးတွေနဲ့ မှန်ချပ်ခြားပြီး အိပ်စက်နေရတဲ့ ကောင်လေး၂ကတော့ အိပ်မက်ဆိုးတွေကိုယ်စီမက်လို့သာ...

.....................

"အကိုရိပေါ်... ဒီနေ့2နာရီ Lada hotelမှာ Mrs. ဟန်နာနဲ့ စာချုပ်ချုပ်ဖို့ရှိတယ် "

"အင်း အဆင်သင့်ပြင်ထားလိုက် ရှောင်ကျန့် မင်းပါလိုက်ခဲ့ "

"ဟမ်... မင်းဘာသာစာချုပ်ချုပ်တာ ငါကဘာလိုက်လုပ်ရမှာလဲ "

"အခုကိစ္စက Hana Villa တည်ဆောက် ရေးကို ငါတို့ကုမ္ပဏီကတာဝန်ယူတည်ဆောက်ဖို့ စာချုပ်ချုပ်ရမှာ... ပြီးတော့ဒီprojectကိုမင်းတာဝန်ယူရမယ် "

Game Of LifeWhere stories live. Discover now