Chapter - 124 ( 🚨🔞🚨 )

Start from the beginning
                                    

ဖန်းဂူလူတွေနဲ့ချနေစဉ်က သူ့ရဲ့စိတ်က ပျောက်ကွယ်နေတဲ့ ကြမ်းတမ်းရက်စက်မှုတွေပြန်ပေါ်လာပြီး အသိစိတ်မဲ့သွားခဲ့တယ် … ရှုယွမ်သာသူ့ကိုဆွဲပြီး ဒီကိုခေါ်မလာခဲ့ရင် ခုလောက်ဆို ရှန်ဖန်းဂူက ဘီလူးတစ်ကောင်ဟု လူတွေထင်နေလောက်ပြီ … ထင်လောက်အောင်လဲ အများကြီးကိုသတ်ပြစ်ခဲ့တယ် … သို့ပေမဲ့ သူ့ဘက်မှာ ရပ်တည်ပေးမဲ့လူရှိတယ်ဆိုတဲ့ခံစားချက်က တကယ်ကိုနွေးထွေးလွန်းတယ် …

ဖန်းဂူ မင်းယွီအား ဆွဲကာပွေ့ဖက်လိုက်တယ် … သူဒီလောကကြီးကနေလွတ်မြောက်ချင်ပြီ … ထာဝရအလင်းရောင်တွေရရှိနိုင်မဲ့ကမ္ဘာသစ်လေးကို ပိုင်ဆိုင်ချင်ပြီ … ကြမ်းတမ်းရက်စက်မှုတွေ ပြစ်ခပ်သတ်ဖြတ်မှုတွေ စွတ်ဆွဲမှုတွေအားလုံး ရပ်တန့်စေချင်ပြီ … ဒါမှသူ့ မိသားစုနဲ့စိတ်အေးအေးနေနိုင်မှာ … 

ဘာကြောင့်မှန်းမသိ မင်းယွီ ဖန်းဂူရဲ့ကိုယ်တွေကပူနေပြီး ကိုယ်ကလဲ အနည်းငယ်တုန်နေသည်ဟုခံစားနေရတာနဲ့ ဖန်းဂူနှဖူးအားစမ်းကြည့်လိုက်တယ် … ပုံမှန်ထက်ပူနေတာကြောင့် မင်းယွီစိုးရိမ်တကြီးနဲ့မေးလိုက်တယ် …

" ကိုယ်ပူနေတယ် … အဖျားရှိနေတာလား "

" မဟုတ်ပါဘူး … ခုမှရေချိုးပြီးလို့ အပူထွက်နေတာ "

"  ကျွန်တော်သောက်ဆေးယူပေးမယ် "

ဖန်းဂူက မင်းယွီလက်ကိုဆွဲပြီးတားလိုက်တယ် …

" မလိုပါဘူး "

" အ့ "

မင်းယွီရဲ့လက်ကောက်ဝတ်မှာ အနည်းငယ်ရောင်နေတယ် … ဖန်းဂူကိုစိတ်ပူတဲ့စိတ်နဲ့ သင်္ဘောပေါ်တုန်းက လင်ချီတိုက်ခိုက်တုန်းက လက်ကောက်ဝတ်ထိသွားတာကိုမေ့သွားခြင်းပင် … မင်းယွီနာကျင်နေတာမြင်တော့ ဖန်းဂူက ဆိုးရိမ်တကြီးမေးလိုက်တယ် …

" လက်ကဘာဖြစ်တာလဲ … ရောင်နေတယ် "

" အရမ်းမနာပါဘူး … မတော်တစထိသွားတာ "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now