“အင်း ငါစိတ်မကောင်းမဖြစ်ပါဘူး... ငါတို့အရင်ပြန်ကြမလား? မင်းအကိုမင်းကိုစောင့်နေတုန်းပဲ”

လမ်းပျောက်နေတဲ့ဟော်ချွီကို လမ်းဘေးတနေရာမှ ကူညီကယ်တင်ပေးခဲ့ခြင်းမှာ သူ့ဘဝမှာလုပ်ဖူးသမျှထဲအကောင်းဆုံးအရာဖြစ်တယ်လို့ သူကတွေးတောလို့နေသည်။

ဟော်ချွီမှာ နှာတချက်ရှုံ့လိုက်ပြီး သူ့ခေါင်းကို ယွီချင့်ဟွမ်လည်တိုင်ဘေးက မော့လာ၏။ သူ၏ ရှည်လျားပြီး ထူထပ်နေတဲ့ မျက်တောင်ရှည်များမှာ စွတ်စိုနေပြီး မျက်ရည်များနဲ့ပေါင်းဖက်လို့ ကြည့်ရတာအတော်သနားချင့်စဖွယ်ပုံလေး ပေါက်နေ၏။

“မင်းမရှက်ဘူးလား?”

ယွီချင့်ဟွမ်မှာခပ်ဖွဖွလေးတချက်ရယ်လိုက်ပြီး ဟော်ချွီ၏ မျက်တောင်မွှေးလေးများကို တို့ထိဖို့ ရည်ရွယ်ပြီးလက်နှစ်ချောင်းထုတ်ကာကြိုးပမ်းလိုက်သည်။

မမျှော်လင့်ထားသည်မှာ ​ဟော်ချွီသည် သူလိုရာ​ရောက်ဖို့ သူ့မျက်လုံးများကို မျက်တောင်လုံးဝမခတ်ခဲ့ပေ။

လူတိုင်းမှာအလိုအလျောက်တုံ့ပြန်မှုရှိကြသည်။ အထူးသဖြင့် မျက်လုံးလိုနေရာမျိုးဆိုတာ အပြင်ကအားတခုခုနဲ့ ကျူး​ကျော်နှောက်ယှက်ခြင်းခံရရင် သူ့ဘာသာ သဘာဝကျကျရှောင်တိမ်းမှိတ်ခတ်သွားမှာပင်။ သို့သော်လည်း ဟော်ချွီသည် ခုလိုမဖြစ်ခဲ့ပေ။

ဤအရာမှာ ရာနှုန်းပြည့်ယုံကြည်မှုနှင့် သံသယကင်းရှင်းသည့်အခါတွင်မှ ဖြစ်တည်နိုင်ပေ၏။

ယွီချင့်ဟွမ်လက်ဖျားထိပ်လေးများမှာ ဟော်ချွီ၏ မျက်ရည်စများ စွန်းထင်းသွားခဲ့သည်။ လေသွဲ့သွဲ့တိုက်ခတ်သွားစဉ်မှာတော့ စွတ်စိုနေသောနေရာမှာ အထူးတလည်အေးစက်ပြီး ဖျောက်ဖျက်လို့မရနိုင်ပေ။

ယွီချင့်ဟွမ်မှာ အသက်ပြင်းပြင်းတချက်ရှူလိုက်ပြီး ခါးသီးနာကျင်​နေသည့်ခံစားချက်များကို ဖိနှိပ်ထားလိုက်၏။ ထို့နောက်တွင် ဟော်ယုံအား စာတစောင်ပို့လိုက်ပြီး သူ့ညီလေးအားတွေ့ပြီပြောကြားလိုက်၏။

“သွားကြစို့ မင်းအကိုစိတ်ပူနေတယ်”

ဟော်ချွီကခေါင်းညိတ်ပြီး သူ့နောက်ကနေ နာခံစွာလိုက်လာ၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now