အပိုင်း(၂၃)နေအဂ္ဂါကို လွှတ်ပေးပါ

Start from the beginning
                                    

"နေအဂ္ဂါ..."

အသိစိတ်လွတ်နေတဲ့ နေအဂ္ဂါ ကိုညဏ်းဧကရာဇ်
သူ့လက်မောင်းတွေကြားထဲတင်းတင်းကြပ်ကြပ်ပွေ့ဖတ်လိုက်ပြီး သူ့နာမည်ကိုပဲ တဖွဖွခေါ်နေမိတယ်

"ထွက်သွား....."

နေအဂ္ဂါက သူ့ရင်ခွင်ထဲက အတင်းရုန်းထွက်ပြီးသူ့ကိုအခန်းအပြင်တွန်းထုတ်တော့တယ်

"ငါမင်းကိုမမြင်ချင်တော့ဘူး...... ထွက်သွား.."

နေအဂ္ဂါက အခန်းတံခါးကိုလော့ချထားတာကြောင့်ညဏ်းဧကရာဇ် အပြင်ဘက်ကနေ အော်ခေါ်နေဖို့သာတက်နိုင်တယ်

"နေအဂ္ဂါ......တံခါးဖွင့်"

"ကိုကို...တံခါးဖွင့်ပါကွာ"

နေအဂ္ဂါ ရဲ့ပြန်ဖြေသံကိုမကြားရပဲအခန်းထဲမှာသံစုံတီးဝိုင်းမြည်သလို ဝုန်းဝုန်းဒိုင်းဒိုင်းတွေသာကြားနေရတာကြောင့် ညဏ်းဧကရာဇ် အတော်လေးစိတ်ပူလာတယ် နေအဂ္ဂါ ဒီလောက်ထိငိုတာ သူတစ်ခါမှမမြင်ဘူးခဲ့။နေအဂ္ဂါရဲ့ နှလုံးကြေကွဲမတက်အော်ငိုနေတဲ့ အသံကြောင့်သူ့စိတ်ကရူးသွားတော့မလိုပဲ။ နာရီဝက်လောက်ကြာပြီးတဲ့နောက်မှာ သူသည်းခံနိုင်စွမ်းမရှိတော့တာကြောင့် တံခါးကိုဖျက်ပြီး  ညဏ်းဧကရာဇ် အခန်းထဲကိုဝင်သွားလိုက်တယ် အခန်းက ကြွက်သိုက်လိုမျိူး ရှုပ်ထွေးနေပြီး နေအဂ္ဂါက အခန်းထောင့်မှာ ကုတ်ကုတ်လေးထိုင်နေကာဒူးခေါင်းနဲ့မျက်နှာကိုအပ်ထားတယ် သူ့ပုခုံးကတုန်ခါနေတာကြောင့် နေအဂ္ဂါ ငိုနေတယ်ဆိုတာ သူသိလိုက်တယ် သူ့နှလုံးသားကတင်းကြပ်သွားပြီး နေအဂ္ဂါ တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲသာမြှပ်နှံထားမိတော့တယ်

"ငါမှားပါတယ်... ငါမင်းနဲ့လမ်းမခွဲဘူး ဘယ်တော့မှလမ်းမခွဲဘူး"

"မငိုနဲ့တော့နော် "

နေအဂ္ဂါ က သိသိသာသာသူ့ရင်ခွင်ထဲကရုန်းထွက်နေပြီး နီရဲယောင်ရမ်းနေတဲ့မျက်လုံးတွေနဲ့တည့်တည့်ကြည့်ပြီးပြောတာက

"ငါမင်းကိုသေလောက်အောင်စိတ်ကုန်နေပြီ"တဲ့

ညဏ်းဧကရာဇ်ကတော့ ဂရုမစိုက်ပါဘူး နေအဂ္ဂါ ဒေါသထွက်နေတဲ့အချိန်ဆိုထွက်သွားဆိုတဲ့ စကားက အမြဲပြောနေကြပဲ ဒီတစ်ခေါက် နေအဂ္ဂါ အရမ်းဒေါသထွက်နေတာကြောင့်ဒီလိုစကားမျိူးတွေ ပြောထွက်တယ်ဆိုတာသူ နားလည်တယ် အခေါက်တိုင်းလည်း နေအဂ္ဂါက သူလေသံလေးနဲ့ချော့ပြောလိုက်တာနဲ့ အမြဲတမ်းသူ့ကိုခွင်လွှတ်ပေးမြဲ ဒီတစ်ခေါက်လည်း အဲ့ဒီ့အတိုင်းပဲဖြစ်လောက်မှာပါ နေအဂ္ဂါ သူ့ကိုမစွန့်ခွာနိင်ဘူးဆိုတာ သူ့ဘက်ကသေချာနေတာကြောင့် သူအရမ်းတော့မကြောက်ရွံ့မိဘူး

Before I Fall You[Completed]Where stories live. Discover now