ငါ့ရဲ့​စိတ်ထဲမှာ​အရမ်းကောင်းတဲ့အကြံတစ်ခုရောက်လာခဲ့တယ်၊

"ငါသွားသေလိုက်ရမလား..."​

ဒါကမကောင်းတဲ့အကြံတော့မဟုတ်ဘူး၊ ဘယ်သူသိမှာလဲ​ငါဒီကမ္ဘာမှာသေဆုံးသွားမှ ငါ့ရဲ့အရင်ကမ္ဘာကိုပြန်သွားလို့ရမှာဆိုရင်ရော...​

မျေှာ်လင့်စရာမရှိတဲ့ဇာတ်ကောင်တစ်ခုစီအတွက် gameဆုံးအောင်ဆော့ပြီးကြိုးစားမဲ့အစား ဒီလိုလုပ်လိုက်တာကပိုအဆင်ပြေတယ်လေ...

ပြီးတော့ဒီgameထဲမှာလည်း reset button
ရှိတယ်...
အသံလေးကတောင်ချစ်စရာလေး r.e.set.but.ton...

ဒီမှာတော့ ငါဆော့တုန်းကလိုph​ screen မှာ 'back' တို့တခြားလုပ်ဆောင်ချက်တေွတော့မမြင်ရဘူးပေါ့

ငါတေွ့တာဆိုလို့ လေးထောင့်ကွက်ထဲကရေွးချယ်စရယစာကြောင်းတေွဘဲ...​ဒါပေမဲ့​resetခလုပ်ကတော့ [Choice​On/Off] စနစ်ပွင့်ပြီးကတည်းကရှိနေပြီမဟုတ်လား...​

'အရင်တုန်းကဘာလို့ဒီလိုမစဥ်းစားမိရတာလဲ...'​

တကယ်လို့reset buttonသာရှိတယ်ဆိုအကောင်းဆုံးဘဲ ငါအားလံုးကိုမျက်နှာချင်းဆိုင်လို့ရပြီ၊

"မိုက်တယ်ဟ..."​

ကဲ...​အိမ်ရေှ့စံမင်းသားနဲ့တေွ့ပြီး... သေမယ်...​

*​****
ငါပုံမှန်ပိုစောထရပြီး ပြင်ဆင်မှုတချို့လုပ်ပြီးတဲ့နောက် သေတော့မလိုခံစားနေရတယ်

နို့နဲ့ရေရောထားပြီး အမေွှးနံ့တချို့ပါရှိနေတဲ့ ရေချိုးဇလုံထဲမှာရေချိုးလိုက်ပြီး နည်းနည်းလောက်အနှိပ်ခံလိုက်ရတယ်၊ ပြီးတော့​ မျက်နှာကစပြီးခန္ဓာကိုယ်တစ်ခုလုံး​ ပေါင်းတင်တယ်၊ အဲ့လိုပျင်းစရာကောင်းတာတေွကိုအချိန်တော်တော်ကြာထပ်ခါထပ်ခါလုပ်နေရတယ်၊

ရေချိုးခန်းကထွက်ပြီး make upခုံမှာထိုင်လိုက်တဲ့အချိန်မှာတော့​ ငါ့ရဲ့တစ်ဝက်လောက်ကသေလုမျောပါးဖြစ်နေတော့တယ်၊

အဲ့ဒါနဲ့လည်းပြီးမသွားပြန်ဘူး...​

"Lady.ဒီဝတ်စုံလေးဘယ်လိုနေလဲ.... ဒါလေးကနောက်ဆံုးတစ်ခေါက်ဝယ်ပြီးတည်းကမဝတ်ရသေးဘူး လုံးဝအသစ်ကြီး..."​

DITOEFVWhere stories live. Discover now