"သူ့ကို ရှောင်းကျန့် ပုံစံ ဟန်ဆောင်ခိုင်းလိုက်..."

တစ်ဖက်၌ ရပ်နေသည့် စစ်ရီကို ကြည့်လျှက် စေခိုင်းလိုက်သူက မူချင်းဖန် ။

ဟုတ်ပါသည်။ အားကျိ က မူချင်းဖန်ပင်။
မူချင်းဖန်က အားကျိ အသွင်ဆောင်ကာ သူ လိုချင်နေသည်များကို ရယူနေခဲ့ခြင်းသာ။

"ဟုတ်ကဲ့..."

စစ်ရီကို ခေါ်ဆောင်လာခဲ့သည့် မြေခွေးနီ ​က ပြန်ဖြေလိုက်သည်။

"သူရော....ဘယ်လိုနေသေးလဲ... "

မြေခွေးနီက ရိုသေစွာ ဦးညွတ်မှု ပြုလိုက်ပြီး...

"အားကျိ က အိပ်မော ကျနေတုန်းပဲ...."

"ဒီပြဿနာတွေ ပြီးသွားတဲ့ အထိ သူ့ကို ဆက်ပြီး အိပ်မောကျနေပါစေ..."

"ဟုတ်ကဲ့...."

မူချင်းဖန် က အဝေးတစ်နေရာကို ရှေးရှုလိုက်ရင်း...

"ရောက်လာတော့မယ်....အစီအရင် စတင် ထားသင့်ပြီ....ဟားဟားဟား မကြာခင် ဒီကမ္ဘာလောက ကြီးက ငါ့လက်အောက် ရောက်လာတော့မယ်....ငါတို့မိစ္ဆာမျိုးနွယ် လက်အောက် ရောက်လာတော့မယ်...."

"ဒါဆို အရှင်မင်ကြီး ပြန်နိုးလာတော့ မှာပေါ့..."

"ဟုတ်တယ်.... အခု ငါ့ဆီမှာ အရာအားလုံး အဆင်သင့်ဖြစ်ပြီ....နတ်ဘုရား မျက်ရည်စက်သာ ရောက်လာရင် ခမည်းတော် ကို လှုပ်နိုးပြီး လူသားတွေ အားလုံးကို ကျွန်ပြုပစ်မယ်..."

မူချင်းဖန်၏ လက်ထဲတွင် ရှင်သန်ခြင်းစွမ်းအင် နဲ့အတူ မဟူရာကျောက်နက်နဲ့ နတ်တောင် နှင်းကြာပန်း တို့က အချင်းချင်း အပြင်းအထန် တွန်းကန်ရင်း စွမ်းအားလျှပ်စီးကြောင်းတို့နဲ့ ပြည့်နှက်နေလေသည်။

မူချင်းဖန် သူ့လက်ထဲက စွမ်းအင်တွေ
အပြည့် စီးဆင်းနေသည့် အရာ သုံးမျိုးကို ကြည့်ပြီး သဘောတကျ ရယ်မောနေတော့သည်။

ဟေးယွဲ့တစ်ဖြစ်လဲ ဝမ်ရိပေါ် မှာမူ
ရှောင်းကျန့် ကိုယ်ထဲက သွေးစက်၏ တည်နေရာနောက်ကို အသည်းအသန် လိုက်နေရသည်။

"မြို့ပြင်က တောအုပ်လား?"

လေပြင်းတစ်ချက်နဲ့ အတူ အနက်ရောင် hoddies ခေါင်းဆောင်းက ကျွတ်ကျသွားခဲ့ပြီး ငွေဖြူရောင် ဆံနွယ်ရှည် တို့က
လေ အလူးမှာ လွှင့်မြောနေကြသည်။

The Same L💗VE (completed )Where stories live. Discover now