"ဒါ​ပေမယ့်​.."

"ခင်​ဗျားဘာရည်​ရွယ်​ချက်​နဲ့ အခုလို​တွေလုပ်​​နေသလဲမသိ​ပေမယ့်​ ခင်​ဗျားကို​ကျေးဇူးအတင်​ခံ​စေချင်​လို့ဆိုရင်​​တော့ ​ဆောရီးပဲ ကျွန်​​တော်​ခင်​ဗျားကို နည်းနည်း​လေး​တောင်​​ကျေးဇူးမတင်​တာမို့"

သတိပြန်​ရလာပြီး၃ရက်​အတွင်း ရိ​ပေါ်ဘက်​က​ရှောင်းကျန့်​ကိုစကားအများဆုံး​ပြောခြင်းမို့ ​​ရှောင်းကျန့်​မှာတအံ့တသြ။ တစ်​ဖက်​က​ပြောစကား​တွေက ​တစ်​ခြားသူ​တွေအမြင်​မှာစိတ်​တိုစရာဖြစ်​​ကောင်းဖြစ်​နိုင်​​ပေမယ့်​ ​ရှောင်းကျန့်​အတွက်​​တော့ ချစ်​ရသူရဲ့နှုတ်​ထွက်​စကားတိုင်းက ကြည်​နူးဖွယ်​အတိ။ ဟုတ်​တယ်​ ​ရှောင်းကျန့်​ရိ​ပေါ်ကို ချစ်​တယ်​။ ဘယ်​အချိန်​ထဲကလည်းဆိုတာ​သေချာမသိ​ပေမယ့်​ ​သွေးစို့​နေတဲ့ဒဏ်​ရာ​တွေအပြည့်​နဲ့ ​ကြောက်​လွန်းလို့တုန်​ရီ​နေတဲ့ခန္ဓာကိုယ်​​လေးကို ရင်​ခွင်​ထဲ​ထွေးဖက်​လိုက်​ရချိန်​ ဝမ်​ရိ​ပေါ်ဆိုတဲ့​ကောင်​ငယ်​​လေးအ​ပေါ် ​ရှောင်းကျန့်​နင့်​နင့်​နဲနဲကိုချစ်​မိ​နေ​ကြောင်း ​သေချာသွားခဲ့တာ။

ရိ​ပေါ်ဒီ​လောက်​​ပြော​နေတာ​တောင်​ ခပ်​ပြုံးပြုံးလုပ်​​နေတဲ့​ရှောင်းကျန့်​​ကိုမမြင်​ချင်​​တော့တာ​ကြောင့်​ ​ကုတင်​​ပေါ်ပြန်​လှဲကာ​ကျော​ပေးထားလိုက်​မိသည်​။ ​ရှောင်းကျန့်​ဆီကအခုလို​တွေ ပြုမူခံရတဲ့အခါ ရိ​ပေါ်ကိုယ့်​ကိုယ်​ကိုသိမ်​ငယ်​​သွားသလိုခံစားရသည်​။

ရှောင်းကျန့်​အ​နေနဲ့ရိ​ပေါ်ဖုန်းဆက်​​တဲ့အချိန်​ သူမကိုင်​မိလို့ဆိုပြီး ရိ​ပေါ်အ​ပေါ်အားနာစိတ်​ဝင်​​နေမှာကိုမလိုလားသလို အခုလိုအ​ခြေအ​နေဖြစ်​သွားတဲ့ရိ​ပေါ်ကို သနားစိတ်​ဝင်​ပြီး ဂရုစိုက်​​ပေးတာမျိုးကိုလည်းမလိုချင်​ဘူး။ အရင်​တုန်းက​ရှောင်းကျန့်​နဲ့ အခု​ရှောင်းကျန့်​ရဲ့ပုံစံကခြားနားလွန်းတာမို့ ဘယ်​ဟာက​ရှောင်းကျန့်​အစစ်​အမှန်​လဲဆိုတာ ရိ​ပေါ်မသိဘူး။

••••••••••••••

ကုမ္ပဏီကအ​ရေးကြီးတဲ့အစည်းအ​ဝေးရှိတာမို့ လူကအစည်းအ​ဝေးခန်းထဲ​ရောက်​​နေ​ပေမယ့်​ စိတ်​က​တော့​ဆေးရုံမှာကျန်​ခဲ့​တဲ့ရိ​ပေါ်ဆီကိုသာ​ရောက်​​နေသည်​။ ​ဆေးရုံမှာက ဝမ်ဇနီး​မောင်​နှံရှိ​နေ​ပေမယ့်​လည်း ရိ​ပေါ်ကို ကိုယ်​တိုင်​ကိုယ်​ကျ​စောင့်​​ရှောက်​ချင်​တာမို့ စိတ်​မချဖြစ်​​လို့​နေသည်​။ ​ရှောင်းကျန့်​ကိုယ့်​စိတ်​ကိုယ်​မသိခင်​အချိန်​က ရိ​ပေါ်ကိုအကြိမ်​ကြိမ်​ဥ​ပေက္ခာပြုခဲ့မိ​တာ​တွေကိုပြန်​​တွေးပြီးလည်း ​နောင်​တရမိသည်​။

Dear My Ex-crush[Completed]Tahanan ng mga kuwento. Tumuklas ngayon