အိမ်ရောက်ရောက်ချင်းအပေါ်ထပ်ပြေးတက်
သွားတဲ့ မာန် ကြောင့်စံအိမ်ထဲက အလုပ်လုပ်
နေတဲ့လူတွေပြုံစိစိဖြစ်ကုန်ကြသည် ။ မကြာ
ခင် ဒီသားအဖတွေရန်ဖြစ်သံကြားရဦးမယ်...။

" Baby "

မာန် အခန်းထဲဝင်လာတော့ ချစ်မွှေးလေးက
Baby ပေါ်မှာမှောက်ယှက်အိပ်နေကာ baby နို့
လေးကိုတစ်ဖက်ကစို့ထားပြီး တစ်ဖက်ကိုသူ့
လက်သေးသေးလေးနဲ့ကိုင်ထားသည် ။ ချစ်
မွှေးလေးက မာန် တို့နှစ်ယောက်ရဲ့အကျင့်တွေ
ကို တထေရာထဲယူထားတာဘဲ..။

" ကိုယ် ခေါ်သိပ်လိုက်မယ် "

Baby ပေါ်က ချစ်မွှေးလေးကို မာန် ခပ်ဖွဖွ
လေးပွေ့ယူလိုက်သည် ။ ခြေလေးလှုပ်လိုက်
လက်လေးလှုပ်လိုက်နဲ့ မာန့် လက်ထဲပါလာတဲ့
ချစ်မွှေးလေးက ဖားကလေးလို...။ မာန့် လက်
မောင်းထဲမှာအံ့ဝင်ခွင်ကျဖြစ်သွားတော့ အိပ်
ရာပေါ်က Baby ကိုငုံ့ကြည့်လိုက်မိသည် ။

သွားရည်တွေရွဲနေတဲ့ ချယ်ရီသီးလေးက နီရဲ
နေချေပြီ ။ ငါ့ယောက်ျားကိုဘယ်လောက်
တောင် ကိုက်ထားလဲမသိဘူး...။

" အဲ့....အဲ့....အင့်..."

လက်ဖောင်းဖောင်းလေးကို ဆုပ်လိုက်ဖြန့်
လိုက်နဲ့ ချစ်မွှေးက သူ့ပါပါးနို့ကိုလိုက်ရှာ
နေချေပြီ ။

" အဟင့်...ဟင့်...ဝါးးးးးး "

သူ့လက်ထဲ နို့ရောက်မလာတော့ အာဗြဲကြီးနဲ့
ထငိုပြီလေ...။ ချစ်မွှေးငိုတာနဲ့ Baby က
အိပ်ရာပေါ်ကနေ ချက်ချင်းထလာသည် ။
ထုံးစံအတိုင်းသူ့သားလေးကို နို့ပေးစို့မလို့နေ
မှာ...။

" ချစ်မွှေးရေ မင်းကချစ်မွှေးမပါတော့ဘူး
နော်..ရော့ကွာ... ငါ့နို့စို့...."

မာန် က Shirt အင်္ကျီကြယ်သီးတွေကို လက်
တစ်ဖက်နဲ့ဆွဲဖြုတ်ကာ ချစ်မွှေးပါးစပ်လေးနား
မာန့် ရင်ဘတ်ကိုကပ်ပေးပစ်လိုက်သည် ။

" ကိုကို.... ဘာတွေလုပ်နေတာလဲ "

မာန့် နားလာရပ်နေတဲ့ Baby ကငိုနေတဲ့သူ့သား
လေးကိုလှမ်းကြည့်နေသည် ။ သူ့သားလေးငို
ရင် Baby ခမျာအမြဲတမ်း ထိုင်မရ ထမရဖြစ်
ရတယ် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now