part-10 U&Z

117 22 9
                                    

Unicode
5နှစ်ဆိုတဲ့အချိန်ကလူတွေကိုအများကြီးပြောင်းလဲစေခဲ့ပါတယ် အခုဆို ကမ္ဘာ့စီးပွားရေးလုပ်ငန်းစုမှာ Tanapon ဆိုတာ မသိသူမရှိအောင်ကို အောင်မြင်တဲ့ ထက်မြတ်တဲ့ အငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင် ဆိုတဲ့ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ပေါ့ ဒီငါးနှစ်အတွင်းမှာဖေဖေကျန်းမာရေးအရမ်းဆိုးဝါးလာခဲ့ပင်မဲ့ အဆိုးထဲကအကောင်းကတော့မေမေကဖေဖေ့ကိုပြုစုဖို့ ထိုင်းကိုလိုက်လာခဲ့တာပဲ ဒါကြောင့်ပဲဖေဖေကျန်းမာရေးပိုကောင်းလာခဲ့တယ် အခုဆို မိသားစု စီးပွားရေးပညာရေး အားလုံးကျွန်တော့်အတွက်ပြည့်စုံခဲ့ပါပြီ တစ်ခုပဲလိုတော့တယ် အဲ့ဒါအကို အကိုကတော့သူ့ရဲ့ကတိကိုပဲတည်တာလား ကျွန်တော့်ကိုပဲမေ့လိုက်တာလား အတိတ်မေ့နေတာပဲပြန်မ မမှတ်တော့တာလားမမှတ်မိသေးတာလား မသိပင်မဲ့ အောင်မြင်မှုတွေနဲ့ကောင်းကောင်းမွန်မွန်ရှိနေပါတယ် ကျွန်တော် အမေရိကားမှာအလုပ်ကိစ္စကျောင်းကိစ္စတွေအခြေကျပြီး သုံးနှစ်မြောက်တော့ အကို့အကြောင်းတွေအသေးစိတ်စုံစမ်းဖို့ ကျွန်တော့်ရဲ့အတော်ဆုံးကိုယ်ရံတော်အဖွဲ့ဝင်ထဲကတစ်ယောက်ကို ထိုင်းကိုပြန်လွှတ်ခဲ့တယ် အကို့လုံခြုံရေးအတွက်ကော ပြီးခဲ့တဲ့ကား အက်စီးဒန့်ကိုပါစုံစမ်းဖို့ပေါ့ အကို့သတင်းတွေအမြဲနားစွင့်နေခဲ့ပါတယ် အကိုကအခု Popcorn company တစ်ခုထောင်ထားတယ်အဲ့ဒါအပြင် idol factory နာမည်နဲ့ အေဂျင်စီတစ်ခုထောင်ပြီး မင်းသားသစ်တွေကိုသူကိုယ်တိုင်မွေးထုတ်ပေးနေတယ် နာမည်ကြီးဆဲပေါ့ ကျွန်တော့်ချစ်ရသူကအရမ်းတော်တဲ့မင်းသားတစ်လက်ပဲလေ ကျွန်တော်ပြန်ရမယ့်အချိန်ရောက်ပြီ ဒါပင်မဲ့ ဒီမှာစိတ်ချရတဲ့လူချန်မှဖြစ်မှာမို့ Plan Mark နဲ့ Gun ကိုလှမ်းခေါ်ထားလိုက်တယ် Plan လား သူကိုမတိုင်ပင်ပဲအမေရိကားကိုသွားခဲ့လို့ကျွန်တော့်ကိုစိတ်ဆိုးတာတစ်နှစ်လောက်ပြန်ချော့ယူလိုက်ရတယ် အခုတော့ပြန်အဆင်ပြေနေပါပြီ မောက်ဆုံး ဆုံးဖြတ်ချက်ကတော့ နှစ်ယောက်မခွဲတဲ့ Mark နဲ့ Gun ကိုပဲဒီမှာထားခဲ့ဖို့ဆုံးဖြတ်လိုက်တော့တယ် နောက်လလောက်ပြန်ဖို့စီစဉ်ထားတယ် အခုတော့ အကိုဘာတွေလုပ်နေလဲ ဘယ်သူနဲ့ရှိနေလဲသိသင့်ပြီလေ
ToooooTooo
"Hello သခင်လေး"
"အင်း ငါနောက်လပြန်ရောက်မယ် ဟိုကကုမ္ပဏီကိုမနက်ဖြန်ကစဝင်တော့ ပြီးတော့ငါစုံစမ်းခိုင်းထားတာတွေစပြီးပြောတော့"
"ဟုတ်ကဲ့ Saint Suppapongက"
"ရပ် အကိုလေး အကိုလေးလို့ခေါ်"
"ဟုတ် ဟုတ်ကဲ့ဗျ "
"ပြီးတော့ငါအရင်ဆုံးသိချင်တာသူ့ရဲ့အချစ်ရေး"
"ဟုတ်ကဲ့ အကိုလေးက ဒီငါးနှစ်အတွင်းမှာ မင်းသားပီပီ dating New တစ်ချို့ထွက်ခဲ့ပင်မဲ့အမှန်တွေမဟုတ်ခဲ့ပါဘူး အရင်ကတည်းကသူ့ချစ်သူပါဆိုပြီးသတင်းထွက်ထားတဲ့ Zee Pruk နဲ့လဲ လုံးဝအဆက်အသွယ်မရှိတော့ပင်မဲ့ ပြီးခဲ့တဲ့လကစပြီး အကိုလေး main character အနေနဲ့ပါတဲ့ Series တစ်ခုမှာ အဲ့လူကို sporting role အနေနဲ့တွေ့ရပါတယ် ဒီကိစ္စကိုအကိုလေးကမသိခဲ့လို့ပြသနာတစ်ချို့တောင်ဖြစ်ခဲ့တယ်လို့ကြားပါတယ် ပြီးတော့ ဒီနှစ်ထဲမှာအကိုလေးနားအရမ်းကပ်နေတဲ့ မိန်းခလေးတစ်ယောက်ရှိပါတယ် သူ့နာမည်ကတော့ Kun Daewi ပါ သူကတော့အဲ့ series ရဲ့ main character ပါ ကျန်တာတော့အရှုပ်အရှင်းဘာမှမရှိပါဘူးသခင်လေး"
"ကောင်းပြီ ဆက်စောင့်ကြည့်နေ ဒါပဲ"
"ဟုတ်သခင်လေး"
'အကိုကျွန်တော့်ကိုစိန်ခေါ်နေတာပဲ အကို့ဘေးကပိုးမွှားတွေပိုရှင်းထုတ်ပြီးအကို့နားရောက်အောင်လာခဲ့မှာမို့ အကိုတစ်လတော့ပျော်ထားအုံးပေါ့ဗျာ ကျွန်တော်အားလုံးအဆင်သင့်ဖြစ်ပြီအကို ကျွန်တော်အကို့ကိုအပြည့်အဝစောင့်ရှောက်နိုင်ပြီ ကျွန်တော်အကို့စီလာခဲ့တော့မယ်"
🎶"And oh my love
I'm holding on forever
reaching for a love that seems so far
So I say a little prayer
I hope my dream will take me there
Where the skies are blue
To see you once again my love"🎶
ဖုန်းသံကြောင့် ကြည့်လိုက်တော့ ခုနလေးတင်ဖုန်းချလိုက်တာဘာလို့ပြန်ခေါ်တာတုန်းဟ
"Hello"
" Hello သခင်လေး ဟို ဟို
"ပြောဘာအရေးကြီးလို့လဲ"
"ဟိုအကိုလေး အန္တရာယ်ရှိနေတယ်"
"ဘာ ဘယ်လိုအန္တရာယ်လဲမြန်မြန်ပြောစမ်း"
"ဟို ဒီနေ့ညအကိုလေးတို့ series အဖွဲ့တွေအားလုံးပါတီပွဲရှိပါတယ် အဲ့ပါတီမှာ နှစ်ဖက်လုံးက အကိုလေးကိုအပိုင်သိမ်းဖို့တစ်ယောက်တစ်မျိုးစီ စီစဉ်ထားကြပါတယ်"
"ပွဲကဘယ်နေရာမှာလဲ"
"Blue Moon Club မှာပါ"
"ငါချက်ချင်းပြန်လာခဲ့မယ်မင်းအဲ့ Club ကို သူတို့ပွဲချိန်မတိုင်ခင်‌ရအောင်ဝယ်ထားလိုက်ပါ ဘဏ်ကဒ်ထဲကပိုက်ဆံလိုသလောက်ထုတ်သုံး နှစ်ဆပဲဖြစ်ဖြစ်ဖြစ်သုံးဆပဲဖြစ်ဖြစ်တောင်းသလောက်ပေးပြီးဝယ်လိုက် ပြီးရင် အဲ့ကကိုယ်ရံတော့အဖွဲ့ကိုဦးဆောင်ပြီး မင်းတို့အကိုလေးကိုကာကွယ်ပါ မှဲ့တစ်ပေါက်မစွန်းပါစေနဲ့ ပြီးတော့အဲ့ series ရဲ့ producer ကိုတောင်းသလောက်ပေးပြီး producer လက်လွှဲယူလိုက် ငါပြန်လာခဲ့မယ်"
"ဟုတ်ကဲ့သခင်လေး"
"ဒါပဲ"
ဖုန်းချပြီးနောက်ဖုန်းတစ်လုံးသို့
ToooooTooo
" Hello Jule ငါ့ကိုထိုင်းပြန်ဖို့လေယာဉ်လက်မှတ်စီစဉ်ပေးပါအခု"
"ဆရာ အခုချက်ချင်းမရနိုင်ဘူးဆရာ"
"မရရင်စီးလုံးဌားလိုက် ငါနောက်တစ်နာရီဆိုလေယာဉ်ကွင်းရောက်မယ်နင်ကော Weli ပါတစ်ခါထဲပြန်လိုက်ရမယ် plan ကိုတော့အစီအစဉ်အတိုင်းပဲနောက်လမှပြန်လာခိုင်းလိုက်ငါအခုထွက်လာပြီ ဪ ပြီးတော့ လေယာဉ်တစ်စီးဝယ်ဖို့ Weli ကိုရေးအကြောင်းရှိလေယာဉ်လက်မှတ်ဝယ်ရတာအာရုံနောက်တယ်"
"ဟုတ်ကဲ့ဆရာ"
အားလုံးစီစဉ်ပြီးတော့ထိုင်းကိုည7နာရီလောက်ပြန်ရောက်လာခဲ့တော့သည်။
"ဆရာ အိမ်ပြန်မှာလား"
"Weli! Blue Moon Club ကိုမောင်း Jule Day ကိုဖုန်းဆက်"
"ဟုတ်ကဲ့ဆရာ"
"ဟုတ်ကဲ့ဆရာ"
"Hello သခင်လေး"
"အေးအခြေအနေပြောငါနောက်နာရီဝက်‌ဆိုအဲ့ကိုရောက်မယ်"
"ဟုတ်ကဲ့အခုတော့ပွဲစနေပါပြီ ဆေးခပ်တာတွေ့လို့ကျွန်တော်ခွက်လဲထားလိုက်ပါပြီ"
"အေးဆက်စောင့်ကြည့်ထား"
"ဟုတ်ကဲ့သခင်လေး"
"ဟူးးးးး"
'အကိုရယ်စိတ်ပူရပါလားဗျာ အကိုကဆိုးလိုက်တာ'
Club ကိုရောက်တော့ အကိုတို့ အဖွဲ့က VVIP အခန်းယူထားတာမို့ CCTV room ထဲကနေ နေရာယူလိုက်တော့သည်။
'အင်းကျွန်တော့်အကိုက မတွေ့ရတဲ့ ငါးနှစ်အတွင်းပိုချောလာတယ် ပြီးတော့ချစ်ဖို့လဲကောင်းလာတယ်'

လမင်းရဲ့လမ်းပြကြယ်☪️Where stories live. Discover now