Part-9 U&Z

107 18 9
                                    

Unicode
လဲကျလာသောအကို့ခန္ဓာကိုယ်ကိုဖမ်းထိန်းလိုက်ရင်း
"အကိုအဆင်ပြေရဲ့လား ကျွန်တော်အိပ်ခန်းထဲပို့ပေးမယ်လာ"
အိပ်ယာပေါ်နေရာချပေးပြီး
"ရပါတယ် ကိုယ်ခေါင်းနည်းနည်းမူးသွားလို့ပါ ငယ်ပြန်တော့လေ မဟုတ်ရင်အရမ်းနောက်ကျနေမှာစိုးလို့"
"အင်းပါ ပြန်မှာပါ အကိုရဲ့ အကိုအိပ်လိုက် အကိုအိပ်ပျော်သွားရင်ကျွန်တော်ပြန်မယ်ဟုတ်ပြီလား ဆေးသောက်ထားတော့အိပ်ပျော်အောင်အိပ်လိုက်အိပ်ယာနိုးလာရင်သက်သာသွားလိမ့်မယ်"
"ဒါပင်မဲ့"
"အကို အမြန်မအိပ်ရင်ကျွန်တော်အိမ်ပြန်နောက်ကျလိမ့်မယ်နော်"
"အင်းပါဟုတ်ပါပြီ"
အကို့ကိုဘေးကထိုင်ကြည့်နေရင်း ရှေ့ဆက်ရမယ်အကြောင်းတွေကိုအလေးအနက်တွေးနေမိတယ် အကိုကချစ်တယ်တဲ့ တကယ်ပြောမပြတတ်အောင်ဝမ်းသာမိပါတယ် နှလုံးသားထဲမှာရှိနေပြီးးသားအကို့အတွက်အဖြေကိုချက်ချင်းပေးလိုက်ချင်ပင်မဲ့ အကိုမြတ်နိုးတဲ့အနုပညာအလုပ်အတွက် အကို့ပရိတ်သက်တွေအတွက် အကို့အတွက် ကျွန်တော်ထည့်တွက်ရအုံးမယ် ကျွန်တော်တို့နှစ်ယောက်တွဲလိုက်ရင်ကော အကို့ကိုချစ်တဲ့အကိုပရိတ်သက်တွေကလက်ခံနိုင်ပါ့မလားသူတို့သာလက်မခံရင် အကိုစိတ်ဆင်းရဲရမှာ အကို့ကိုကျွန်တော့်ကြောင့်သူများအပြောခံရတာမျိုးမဖြစ်စေချင်ဘူး အခုချိန်မှာကျွန်တော်က ဘာမှမဟုတ်တဲ့လူတစ်ယောက်အဆင့်ပဲ ကျွန်တော်ကြိုးစားရအုံးမယ် ကျွန်တော်အများကြီးလုပ်စရာတွေရှိသေးတယ် ကျွန်တော်အောင်မြင်တဲ့လူတစ်ယောက်ဖြစ်မှအကို့ကိုကာကွယ်နိုင်မှာ ကျွန်တော့်ကိုခဏလောက်စောင့်ပေးနိုင်မလားအကို
တွေးနေမိတာဘယ်လောက်ကြာသွားလဲမသိ အကိုကတစ်ရေးပြန်နိုးလာတော့တယ်
"အင်းး ရေ"
"အကိုရေဆာလို့လား ခဏ"
ရေယူကာအကို့လက်ထဲထည့်ပေးလိုက်တော့
"ငယ်မပြန်ရသေးဘူးလား"
"အင်းအကို့ကိုစိတ်မချလို့ ကိုယ်ပူသေးလား"
ဟုမေးကာနှဖူးလေးပေါ်လက်တင်လိုက်တော့ မျက်လုံးပြူးလေးနဲ့ပြန်ကြည့်နေတဲ့ကျွန်တော်ချစ်ရတဲ့အကိုရယ်ပါ
"အင်းကိုယ်ပူတော့ကျသွားပြီ အကို ကျွန်တော်ပြောစရာရှိတယ်"
"ဟင် ပြောလေငယ်"
"ကျွန်တော့်ကိုစောင့်ပေးနိုင်မလား"
"ငယယ်ဘာကိုပြောချင်တာလဲ"
"ကျွန်တော်သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာတစ်ခုထိ ကျွန်တော့်အပေါ်ထားတဲ့အချစ်တွေမပြောင်းလဲပဲစောင့်ပေးနိုင်မလားလို့"
"ငယ်အချိန်ကြိုက်သလောက်ယူနိုင်ပါတယ် ငယ့်အပေါ်ထားတဲ့ကိုယ့်အချစ်တွေကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး"
"ငါးနှစ်"
"ဟန်"
"ဟုတ်တယ် ငါးနှစ်စောင့်ပေးပါအကို ကျွန်တော့်ကိုဘာအဆက်အသွယ်မှမလုပ်ဘဲ ငါးနှစ် စောင့်ပေးပါ"
"ငယ့်ကိုလဲမတွေ့ရဘူး ငယ့်ကိုလဲအဆက်အသွယ်မလုပ်ရဘူးပေါ့ ကိုယ် ကိုယ်လုပ်နိုင်ပါ့မလားမသိဘူး ငယ့်ကိုတစ်ရက်မတွေ့ရရင်တောင်ကိုယ်ရူးမတက်လွမ်းနေခဲ့တာ"
"ကျွန်တော် ကျွန်တော် ဒီတစ်ပတ်အကို့နားမှနေပေးမယ်လေအကိုတစ်ပတ်နားထားးတယ်မဟုတ်လား တစ်ပတ်ပြီးရင် ကျွန်တော်တို့ငါးနှစ်လောက်ခွဲရအောင် အကို့အချစ်တွေကိုကျွန်တော်ယုံလို့ရတယ်မဟုတ်လား ငါးနှစ်ပြည့်ရင်ကျွန်တော်ကိုယ်တိုင်အကို့ဆီပြန်လာခဲ့ပါ့မယ်"
"အင်း ကိုယ်ငယ့်ကိုစောင့်နေမယ်"
"အဲ့အချိန်ရောက်ရင် အကိုလိုချင်တဲ့အဖြေကိုကျွန်တော်ပေးမှာပါ"
"အင်း ချစ်တယ်ငယ်"
"အင်းအကိုချစ်တာကျွန်တော်သိပြီ"
တစ်ယောက်ကိုတစ်ယောက်ပြုံးပြီးကြည့်ရင်းမိုးလင်းသွားတော့သည်။
"ငယ်တစ်ရေးလောက်အိပ်လိုက်ပါအုံး"
"အင်း ကျွန်တော် အိပ်ချင်တယ် ဘယ်အခန်းမှာအိပ်ရမှာလဲ"
"အင်းး ဟိုဘက်အခန်းတွေက fan တွေရဲ့လက်ဆောင်ပစ္စည်းတွေထည့်ထားတာအခန်းမအားဘူး ဒီမှာပဲအိပ်လိုက်လေ ကိုယ်အပြင်ကဆိုဖာပေါ်မှာပဲဆက်အိပ်လိုက်မယ်"
ဆိုပြီးထဖို့လုပ်နေတဲ့အကို့ကို
"အာ မဟုတ်တာ အကိုကဖျားနေတာကို လာဒီမှာအိပ်"
လို့ပြောပြီး ထိုင်ရက်ဖြစ်နေတဲ့အကိုကို လက်ကနေဆွဲကာ ရင်ခွင်ထဲထည့်လိုက်တော့သည်။
"အိပ်လိုက်တော့နော် အိပ်ရေးမဝရင်ပြန်ဖျားလိမ့်မယ်"
"အင်းးးငယ်ရင်ခုန်နေတယ်"
"အကို သိရင်ရပြီ ကျွန်တော့်ကိုစောင့်နေနော်"
"အင်းကိုယ်ငယ့်ကိုစောင့်နေမယ်"
"ဟုတ်ပြီအခုတော့အိပ်တော့ good night အကို"
ဟုပြောကာ ရင်ခွင်ထဲမှအကို့ရဲ့ဆံနွယ်လေးးတွေကိုခိုးယူနမ်းရှိုက်လိုက်တော့သည်။
" Good night ပါငယ်"
လို့ပြန်ပြောပြီးငယ့်ရဲ့ရင်ခွင်နွေးနွေးမှာအိပ်စက်ရန်ငယ့်နှလုံးသားလေးကို အနမ်းတစ်ပွင့်ခိုးပေးလိုက်တော့သည်။
ကျွန်တော်ငယ့်ကိုချစ်မိပြီးဆိုကတည်းကဆုံးဖြတ်ချက်တစ်ခုချမိတယ် ငယ့်ကိုလူတွေရဲ့အကြည့်အပြောကနေအကောင်းဆုံးကာကွယ်ပေးနိုင်ဖို့ပဲ ကျွန်တော်မြတ်နိုးရတဲ့ကျွန်တော့်အလုပ်ကလဲငယ့်ကိုမထိလိုက်စေဖို့ ကျွန်တော်အလေးထားရတဲ့ ကျွန်တော့်ရဲ့ဖန်တွေကလဲငယ့်ကိုနားလည်ပေးဖို့ ကျွန်တော်ဒိ့ထက်မကကြိုးစားရအုံးမယ် ကျွန်တော်ငယ့်ကို silent အနေနဲ့ထားဖို့အစီအစဉ်မရှိဘူး ငယ့်ကိုဖွင့်ပြောပြီးပြီဆိုကတည်းက ကျွန်တော့်ချစ်ရသူကိုကျွန်‌တော့်ပရိတ်သက်‌တွေ လက်ခံနိုင်ဖို့ကျွန်တော်ပိုကြိုးစားရမယ် မိသားစုလား အင်းအမေတစ်ယောက်ပဲရှိတဲ့ကျွန်တော့်အတွက်တော့ အမေ့ကိုအရင်ဆုံးပြောပြရမယ် အမေကလဲ ငယ့်ကိုချစ်မှာပါ ငယ့်ဆီကအဖြေတောင်မရသေးတာကိုယ်ကငယ့်ကိုတစ်သက်လုံးအနားခေါ်ထားဖို့အထိတွေးနေမိပြီငယ်ရေ ငါးနှစ်မြန်မြန်ကုန်ချင်ပြီ
. . . . . . . . . . . .
အိပ်ယာနိုးလာတော့ ညနေတောင်ရောက်နေပြီ အကိုဆေးလဲမသောက်ရသေးဘူးဘာမှလဲမစားရသေးတာမို့တစ်ခုခုလုပ်ပေးရန်ထရတော့သည်။ ရင်ခွင်ထဲမှကွေးကာအိပ်နေ‌တဲ့အကိုက တစ်ကဲ့ကိုပုဇွန်ကွေးလေးလိုပင် 'အကိုရေအရမ်းချစ်ဖို့မကောင်းပါနဲ့ဗျာ ကျွန်တော်မခွဲနိုင်ပဲနေမယ်အကိုရယ်' အတွေးတွေလက်စသက်ကာ မနေနိုင်သည့်အဆုံးအကို့နှဖူးလေးကိုအနမ်းဖွဖွလေးတစ်ပွင့်ပေးကာ အခန်းထဲကထွက်လာခဲ့တော့သည်။
အားလုံးပြင်ဆင်ပြီးတော့
"ToooooTooo"
"Hello သား"
"Hello ဖေဖေ "
"ညကပြန်မအိပ်လို့စိတ်ပူနေတာ"
"တောင်းပန်ပါတယ်ဖေဖေညကသူငယ်ချင်းတွေနဲ့တွေ့ပြီးညည့်နက်သွားလို့ ကွန်ဒိုမှာပဲအိပ်လိုက်တာ မနက်ဖြန်လဲကွန်ဒိုကနေပဲကျောင်းသွားလိုက်တော့မယ်ဖေဖေ"
"အေးပါသားအဆင်ပြေရင်ပြီးတာပဲ"
"ဖေဖေသား US မှာကျောင်းဆက်တက်ဖို့စီစဉ်ပေးပါ အဲ့ကရုံးခွဲကိုဦးစီးရင်း အဲ့မှာပဲဘွဲ့ယူလိုက်တော့မယ် "
" ဗြုံးစားကြီးပါလားသားရဲ့ ရတယ်လေသားဆုံးဖြတ်ပြီးရင်လဲ ဘယ်တော့သွားချင်လဲသား"
"နောက်တစ်ပတ်သွားမယ်ဖေဖေအပြီးစီစဉ်ပေးပါ US ရုံးခွဲကိုတော့အဖေစိတ်ချလိုက်ပါ တိုးတက်အောင်ကျွန်တော်ကြိုးစားပါ့မယ်"
"ဖေ့သားကို ဖေယုံပါတယ်ဗျာ သားစိတ်တိုင်းကျဖြစ်စေရမယ်ဟုတ်ပြီလား"
"ကျေးဇူးပါဖေဖေ ဒါပဲနော်"
"Okသား bye"
ဖုန်းချပြီး အကို့ကိုဆေးသောက်ရန်နှိုးရတော့သည်။ အခန်းထဲရောက်တော့အေးချမ်းစွာအိပ်နေတဲ့အကို့ကိုကြည့်ကာ
'အကိုကျွန်တော်နှုတ်ဆက်ရတာကိုမကြိုက်ဘူး ကျွန်တော်နှုတ်မဆက်ပါရစေနဲ့ အကို နားလည်ပေးမယ်မဟုတ်လားဟင်' အတွေးတွေလက်စသက်ကာ
"အကို အကို့ အကို"
"ဟင် အင်းး"
"ထတော့လေ တစ်ခုခုစားပြီးဆေးတစ်ခွက်လောက်သောက်လိုက်ပါအုံး"
"အင်း အင်း"
"ကျွန်တော်စောင့်နေမယ်မြန်မြန်လုပ်"
"ဟုတ်ပါပြီးငယ်ရယ် အကိုအခုထပြီ"
ထွက်သွားတဲ့ကျောပြင်ငယ်ကိုကြည့်ကာကြည်နူးရပါသည်။ 'နေ့တိုင်းဒီလိုသာအတူရှိရရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ ငယ်ရယ်'
"အကိုလာထိုင် ရော့အကို့အတွက်ပုဇွန်ဆန်ပြုတ်"
"ကျေးဇူးပါကွာ"
"ဟီးဟီး ပြီးရင်ဆေးသောက်လိုက်နော် ဒီမှာဆေး ကျွန်တော်ပြန်တော့မယ် မနက်ဖြန်ကျောင်းတက်ရအုံးမယ် စာလုပ်စရာလေးရှိသေးလို့ "
"တစ်ပတ်လုံးကိုယ့်အနားနေပေးမယ်ဆို"
"အင်းလေနေပေးတယ်လေ အခုပဲညနေစောင်းတော့မယ်လေ"
"ကိုယ် ငယ့်အိမ်လိုက်နေလို့ရလား ငယ်ကျောင်းသွားရင်ကိုယ်လဲအတန်းသွားတက်လိုက်မယ်လေ ကျောင်းမှာတွေ့မယ်လေနော်"
". . . . . . ."
"လုပ်ပါကွာ ငါးနှစ်ကြီးတောင်ခွဲရမှာကို"
"ဟုတ်ပါပြီဗျာအကို့သဘောပါ"
"အဲ့ဒါကြောင့်ချစ်နေရတာ"
"သိတယ်လို့ခဏခဏမပြောနဲ့"
"ကဲစားတော့ပြီးရင်သွားကြမယ်"
"Ok"
ဒီလိုနဲ့ပဲငယ့်ကွန်ဒိုမှာသောင်တင်ကာ ငယ့်နားအချိန်ရှိသ၍ကပ်နေမိတော့သည်။ P'Chen လားသူ့ကိုပလစ်ထားတယ် 😜
နိုင်ငံခြားမသွားခင်တစ်ရက်အလို,
Perth တစ်ယောက် တစ်ရက်‌ပဲကျန်တော့သောအတူရှိရန်အခွင့်အရေးကိုအသုံးချရန်အကြံဉာဏ်ထုတ်နေတော့သည်။ ကွန်ဒိုကိုစရောက်ကတည်းက ကျွန်တော့်ကုတင်ပေါ်မှာကပ်တွယ်နေပါသောတောက်တဲ့အကို့အား
"အကို အကိုလို့ ခဏထအုံးလို့"
"ဟင်အင်းးးး ငယ်နိုးနေပြီလားအစောကြီးရှိသေးတယ်ပြန်အိပ်အုံးလေ"
"ဟင့်အင်း ငယ်လဲမအိပ်ဘူးအကိုလဲမအိပ်ရဘူးထလို့ အကို့ထပါဆို"
"အင်းအင်း ဟုတ်ပြီထပြီ ကဲပြော ငယ်ဘာပြောချင်လို့လဲ"
"ဟိုလေ ဒီနေ့ငယ့်ကိုကစားကွင်းလိုက်ပို့ပေးပါလားဟင်"
"ဟန် ဘယ်လိုဘယ်လို ငယ်ကိုယ့်ကိုကိုယ်ဘယ်လိုသုံးလိုက်တယ်"
"ဟာဗျာ လုပ်ပါအကိုရာနော် လိုက်ပို့ပေးပါနော်လို့ ငယ်သွားချင်လို့ပါလို့ နော် နော်"
နောက်ဆုံးပဲအကို နောက်ဆုံးရက်လေးမှာကျန်တာဘာမှမတွေးပဲ ငယ့်စိတ်ထဲရှိတဲ့အတိုင်းပဲနေချင်တယ်အကို
လူကိုစောစောစီးစီးနှိုးကာ ကစားကွင်းသွားချင်ကြောင်းပူဆာနေပါသောငယ့်ကြောင့်အရှုံးပေးလိုက်ရတော့သည်။
"အာ အင်း ငယ့်သဘောပါဗျာ "
"ဟေးးးး အကိုကချစ်ဖို့အကောင်း‌ဆုံးပဲ"
"ဟုတ်ပါပြီကွာ ကိုယ့်ကိုအသည်းယားအောင်လုပ်နေတာလားငယ်"
"အာ အကိုကလည်းငယ်ရေချိုးတော့မယ်"
လှစ်ကနဲ ရေချိုးခန်းထဲပြေးဝင်သွားတဲ့ငယ့်ကိုကြည့်ကာပြုံးမိပါတော့သည်။
ကစားကွင်းထဲရောက်တော့ couple အင်္ကျီဝတ်ချင်တယ်ဆိုလို့ချက်ချင်းဝယ်ပြီးလဲဝတ်ကာတစ်နေ့လုံးကစားကွင်းထဲမှာပတ်စီးအပြီးမှာ
"အကို့ ကျွန်တော်တို့ဟိုရဟတ်စီးပြီးရင်ပြန်ကြမယ်"
"ငယ့်သဘော"
ရဟတ်ပေါ်ရောက်တော့
"အကို Mask နဲ့မျက်မှန်ခဏချွတ်ထားလို့ရတယ်လေ ဒီမှာအကိုနဲ့ကျွန်တော်ပဲရှိတာ"
"အင်းငယ် ဒီနေ့ပျော်လား"
"ပျော်တာပေါ့ အကိုကော"
"ငယ်ကိုယ့်နားမှာရှိတဲ့အချိန်တိုင်‌းပျော်တယ်"
"ဟီး"
အကို့ကို သွားများပေါ်သည်အထိရီပြကာအကို့မျက်နှာနားတစ်ဖြည်းဖြည်းတိုးသွားပြီး အကို့ရဲ့ပန်းနုရောင်နှုတ်ခမ်းသားလေးကိုငုံထွေးလိုက်တော့သည်။
ငယ် ငယ်ကကျွန်တော့်ကိုအနမ်းပေးတယ် နှုတ်ခမ်းလေးကအိထွေးနေတာပဲ တကယ်ပါ ဘဝမှာလုပ်ငန်းအရနမ်းခဲ့ရတာတွေရှိပင်မဲ့ ဒီနှုတ်ခမ်းလေးကတော့ တစ်သက်မမေ့နိုင်စရာ နူးညံ့မှုကိုပေးစွမ်းနိုင်တယ် ချိုတယ်အရမ်းချိုတယ် အတန်ကြာထိကပ်ထားရာမှခွာသွားပြီး
"ငယ့်ရဲ့ first kiss က အကို့အတွက်ပဲဖြစ်စေချင်လို့ ဒီအနမ်းကိုအမြဲအမှတ်ရနေပေးနော် ‌နောက်ငါးနှစ်အတွက်ဆေးပေးခဲ့တာ"
"အားးး ငယ်ရာကိုယ့်ကိုသတ်နေတာလား အဲ့ငါးနှစ်အကြောင်းခဏခဏမပြောပါနဲ့ကွာ ကိုယ်ငိုချင်လာပြီ ငယ်နဲ့မခွဲချင်ဘူးကွာ"
"အကိုကလိမ္မာပါတယ်ကွာ နှုတ်ခမ်းကြီးစူမနေနဲ့နော်"
"လာ Mask နဲ့မျက်မှန်ပြန်တပ်တော့အောက်ရောက်တော့မယ်"
အောက်ရောက်တော့
"အကိုကျွန်တော်မောင်းမယ်လေ"
"ရပါတယ်ကွာ ကိုယ်ပဲမောင်းမယ် ငယ်အေးဆေးနား ကိုယ် ရောက်ရင်နှိုးမယ်"
"အင်း ရွှတ် အကိုကကျွန်တော့်အပိုင်"
"ဟာ ငယ်"
ကားမောင်းခါနီးလူကိုအသက်ရှူရပ်အောင် ပါးတစ်ဖက်ကိုရွှတ်ခနဲနမ်းသွားတဲ့အနမ်းသခိုးလေးငယ်ရယ်ပါ ပိုင်ကြောင်းပြောကာ ပြီးတော့သူမဟုတ်သလို အိပ်ချင်ယောင်ဆောင်နေလေရဲ့
"အင်း အကိုက ငယ့်အပိုင်"
ဟုရေရွတ်ကာ ကားမောင်းထွက်လာခဲ့တော့သည်။လမ်းတစ်နေရာအရောက်
"အကိုအနောက်ကကားတစ်စီးလိုက်နေသလိုပဲ"
"အင်းကိုယ်လဲသတိထားမိတယ်"
"သတင်းထောက်တွေများလား"
"မသေချာဘူးငယ် သေချာကိုင်ထား ကိုယ်မျက်ခြေဖြတ်လိုက်မယ်"
"ကျွန်တော်မောင်းရမလား"
"ရတယ်ငယ်  . . ."
"ဒုန်းးးးးး)
"အကို ! ကား!!!!!"
အကိုက ကားကိုသူ့ဘက်လှည့်ချလိုက်တာမို့ကျွန်တော်လွင့်ထွက်သွားကာ ကားအပြင်မှာကျန်ခဲ့တော့သည်။ ကားကနှစ်ပတ်လောက်လိမ့်သွားပြီးရပ်သွားမှ
"အကို့ အကို အကို ထပါအအကိုရေ"
ကားထဲမှာသွေးအလိမ်းလိမ်းနဲ့အကို့ကိုဆွဲထုတ်ကာ ရင်ခွင်ထဲထည့်လိုက်ပြီး
"အကို အကိုသတိထားလေ အကို"
"င ငယ် ငယ်ဘာဖြစ်သွားသေးလဲ"
"ငယ်ဘာမှမဖြစ်ဘူးအကို ငယ့်ကိုစိတ်မပူနဲ့နော်အကိုအားတင်းထားနော်ကျွန်တော်ဆေးရုံကားခေါ်လိုက်မယ် အကိုမအိပ်နဲ့နော်"
"ငယ်ဘာမှမဖြစ်ရင်ရပြီ ကိုယ်ခဏအိပ်လိုက်အုံးမယ် ချစ်တယ်ငယ်"
"အားးးးအကိုမအိပ်ပါနဲ့ ဟဲ ဟဲလို ဆေးရုံကားအမြန်လွှတ်ပေးပါ ***** မှာ accident ဖြစ်လို့ဗျ လူနာရှိတယ်အမြန်လာပေးပါ"
"အကို မအိပ်ပါနဲ့ဗျာခဏ အားတင်းထားပါဗျာ အကို"
မူးဝေလာတဲ့ခေါင်းကိုအားတင်းကာ အကို့ကိုတင်းနေအောင်ပွေ့ဖက်ထားမိတော့သည်။ ဆေးရုံကားရောက် လာမှစိတ်ချသွားကာ
"အကို အကို့ကိုအရင်ကယ်ပေးပါ"
"လူနာ လူနာ ဒီမှာမေ့သွားပြီ အားလုံးမကြ"
ဝီ ဝီ ဝီ
(ကိုယ်လဲဆေးရုံကားအသံမရေးတတ်တော့လို့😁😁)
At hospital,
တီ တီ တီ တီ တီ တီ
"အကို အကို့ကိုကျွန်တော်မကာကွယ်နိုင်ခဲ့ဘူး ကျွန်တော် ကျွန်တော်တောင်းပန်ပါတယ်ဗျာ အကိုသတိရပါတော့ဗျာ အကိုဘာမှမဖြစ်လိုက်ပါနဲ့ဗျာ ဟင့် အင့်"
Flask back,
Accident ဖြစ်ပြီးဆေးရုံရောက်လာတော့ Perth တစ်ယောက်အနည်းအကျည်းသာပွန်းပဲ့ဒဏ်ရာရခဲ့ပြီး သတိလစ်သွားပင်မဲ့ Saint ကတော့ ဦးခေါင်းကိုအပြင်းအထန်ဒဏ်ရာရကာ ခွဲစိတ်ခန်းဝင်ခဲ့ရသည်။ သတိရလာတော့
"အကို အကိုကော အကိုဘယ်မှာလဲ"
"Accident အတူဖြစ်တဲ့တစ်ယောက်ကခွဲခန်းထဲမှာပါ အခုသတိရပြီဆိုတော့ ဒဏ်ရာတွေဆေးအရင်ထည့်လိုက်ပါအုံး ဟို‌တစ်ယောက်ကအကြီးစားခွဲစိတ်မှုဆိုတော့ကြာအုံးမှာ"
"ဟင့်အင်း အကို အကို့ဆီပဲသွားမှာ ဆေးမထည့်တော့ဘူး"
အတင်းရုန်းကာခွဲခန်းအရှေ့မှာသွားစောင့်‌ေနပြီးခွဲခန်းထဲကထွက်လာတော့ဆရာဝန်က
"လူနာကဦးခေါင်းကိုအပြင်းအထန်ဒဏ်ရာရထားတော့ သတိရလာဖို့စောင့်ကြည့်ရမယ် အခုတော့အသက်အန္တရာယ်ကိုကျော်နိုင်သွားပါပြီ"
"ဟုတ် ဟုတ်ကဲ့ကျေးဇူးပါဗျာ"
Flask end,
ကျွီ
"Saint ဘယ်လိုဖြစ်ကြတာလဲ"
"P'Chen! ဘယ်ကနေဘယ်လို"
"ဆရာဝန်ကဖုန်းဆက်တာ မင်းတို့နှစ်ယောက်လုံးဒဏ်ရာရထားလို့တဲ့"
"ဪ ကျွန်တော်ကဘာမှမဖြစ်ပါဘူး အကိုသာ"
"ဆရာဝန်ကဘာတဲ့လဲ"
"ဒဏ်ရာကပြင်းတော့စောင့်ကြည့်ရမယ်တဲ့ ဟင့်"
"အကို အကိုအဆင်ပြေမှာပါနော် ဘာမှမဖြစ်လိုက်ပါနဲ့အကိုရာ အီးးးဟီးးး"
"မငိုပါနဲ့ကွာ Saint ကကြ့ံခိုင်ပါတယ်သူကျော်လွှားနိုင်မှာပါ ဒါနဲ့မင်းတို့နှစ်ယောက်က"
"ဟို ဟင့် အဲ့ဒါက အကိုက အင့် "
နားရက်လေး နောက်ဆုံးရက်မို့အေးဆေးနားမယ်လို့တွေးကာအစောကြီးအိပ်ယာဝင်လိုက်ကာမှ Saint ဆီကာဖုန်းလာတော့ ခေါင်းနပန်းပါကြီးသွားရသည်။မနက်ဝေလီဝေလင်းကြီးအိပ်ချင်မူးတူးဖြင့် ဆေးရုံကိုအပြေးသွားရတော့သည်။ဆေးရုံရောက်တော့ Saint ကခေါင်းမှာပတ်တီးအဖွေးသားဖြင့်ဘေးမှာပွန်းပဲ့ရာဗလဗွဖြင့် Saint လက်ကိုဆုတ်ကိုင်ကာ ထိုင်ငိုနေသောကောင်လေးတစ်ယောက် ဟိုတစ်ခါ Saintတစ်ရက်လုံးပျောက်နေတုန်းကလဲဒီကောင်လေးဆီမှာသွားခေါ်ခဲ့ရဖူးတယ် ဒီခလေးနဲ့ဘယ်လိုပတ်သက်မှုမျိုးလဲမေးနေတုန်း
"ရေ အင်းးကျွတ် ကျွတ် ကျွတ် "
"အကို အကိုသတိရလာပြီ"
" P' ဆရာဝန်သွားခေါ်လိုက်မယ်"
"ဟုတ် P' အကို ရေ ဒီမှာနည်းနည်းသောက်လိုက်"
"သက်သာရဲ့လားဟင် "
"အင်း မင်းကဘယ်သူလဲ"
"ဗျာ မနောက် မနောက်ပါနဲ့ဗျာ"
"ဟန် ငါတကယ်မင်းကိုမသိဘူး"
"Saint "
P'Chen နဲ့အတူဆရာဝန်များကစမ်းသပ်ပြီး
"လူနာ ဒီနှစ်ယောက်ကိုမှတ်မိလား"
"သူက ကျွန်တော့်မန်နေဂျာ P'Chen သူက သူ့ကိုကျွန်တော်မသိဘူး"
"သေချာစဉ်းစားကြည့်ပါအုံး Saint ရယ် "
"ကျွန်တော် အားးးခေါင်းက ကျွတ်ကျွတ်ကျွတ်"
"ရတယ် ရတယ်ပြသနာမရှိဘူး စဉ်းစားလို့မရရင် မစဉ်းစားပါနဲ့တော့နော် အ အဲ P'Saint "
ဆရာဝန်တွေမှာစရာရှိတာတွေမှာပြီးမကြာခင်ပြန်သတိရလာမှာပါလို့အားပေးစကားပြောကာပြန်ထွက်သွားတော့သည်။
"ဒါနဲ့ မင်းကဘယ်သူလဲ ငါနဲ့အရမ်းရင်းနှီးလား"
"ဟို မရင်းနှီးဘူးဗျ P'Saint Accident ဖြစ်တာ‌တွေ့လို့ ဆေးရုံကိုခေါ်လာခဲ့တာပါ ကျွန်တော်က P' ရဲ့ fan တစ်ယောက်ပါအများကြီးမစဉ်းစားပါနဲ့ဗျ နားလိုက်တော့နော်"
အကိုအိပ်ပျော်သွားမှ
"ဒါနဲ့ P' မေးတာမဖြေရသေးဘူးနော် P' မင်းကိုမှတ်မိတယ် Saint မေးနေ့ကိတ်လုပ်ပေးခဲ့တဲ့ luck fan မဟုတ်လားပြီးတော့ဟိုတစ်လောက Saint တစ်ညလုံးပျောက်သွားတုန်းကလဲမင်းဆီကပြန်ခေါ်ခဲ့ရတာ အခုကော ဘယ်လိုလုပ်နှစ်ယောက်အတူရှိနေတာလဲ ပြီးတော့ နှစ်‌ယောက်အတူ Accident ဖြစ်တာကိုဘာလို့လိမ်လိုက်ရတာလဲ"
" အကိုမေ့သွားတာပဲကောင်းပါတယ် ဒါဆိုအကြာကြီးသူမခံစားရတော့ဘူးပေါ့ အကိုပြန်သတိရလာရင်အဲ့အ‌ေကြာင်းတွေ P'Chen ကိုပြောပြပါလိမ့်မယ် အကိုပြောပြမှနားထောင်လိုက်ပါ ပြီးတော့ အကို့ကိုစောင့်ရှောက်ပေးပါ ကျွန်တော် ပြန်လာတဲ့တစ်နေ့ကျရင်အကို့ကိုလာရှာပါ့မယ်"
"မင်းကဘယ်သွားမလို့လဲ"
မေးလိုက်တဲ့လူကတော့ Saint ပါ
"ကျွန်တော် ကျွန်တော် နိုင်ငံခြားသွားတော့မှာ P'Saint ရဲ့ ကျွန်တော်နှုတ်ဆက်တယ်နော်  လေယာဉ်ချိန်နီးနေပြီကျွန်တော်သွားတော့မယ် ငါးနှစ်နေရင်ပြန်လာရှာမယ်နော်အကို"
သူခေါ်လိုက်တဲ့အကိုဆိုတဲ့အသံအဆုံးဆို့တက်လာနဲ့ရင်ထဲကနာကျင်မှုကနှိုင်းဆမရပါ
"ခဏ ဟို မင်းနာမည်က"
"Perth Perth Tanapon ပါ"
"N'Perth ဒဏ်ရာတွေကိုဆေးထည့်သွားလိုက်အုံး ငါ ငါစောင့်နေမယ်"
ပြန်လှည့်ကာပြုံးပြပြီး
"ဟုတ် ကျွန်တော်ဆက်ဆက်ပြန်လာခဲ့ပါ့မယ်"
ထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ကာ ရင်ထဲမှာဆုံးရှုံးသွားတဲ့ခံစားချက်ကြီးက အရမ်းနာတယ်ဘာ့ကြောင့်လဲ သူကကောဘာလို့ဒဏ်ရာတွေရနေရတာလဲပြီးတော့ငါဘာလို့စောင့်နေမယ်လို့ပြောလိုက်မိတာလဲ အားးးး စဉ်းစားလိုက်တိုင်းကိုက်လာတဲ့ခေါင်းကိုဖိကိုင်ကာအိပ်သာအိပ်လိုက်တော့သည်။
လေယာဉ်ကွင်းမှာကောင်လေးတစ်ယောက်ကတော့ရှိုက်ကြီးတစ်ငယ်ငိုနေမိပါတော့သည်။ 'ငယ်တောင်းပန်ပါတယ်အကို ငယ်အမှန်အတိုင်းပြောပြလိုက်ရင် အကိုထပ်ခံစားနေရမှာငယ်မလိုလားလို့ပါ ငယ့်ကိုမေ့ပြီးငါးနှစ်လောက်အေးဆေးအနားယူလိုက်ပါအကို အကို့ဆီကိုငယ်ရောက်အောင်ပြန်လာခဲ့ပါ့မယ် ပြန်သတိရလာခဲရင်တော့ငယ့်ကိုစိတ်မဆိုးပါနဲ့ခွင့်လွှတ်ပေးပါနော် ငယ်ပြန်လာတဲ့အထိသတိမရသေးရင်တော့ အကို့ကိုငယ့်အပိုင်အဖြစ်ပြန်သိမ်းပိုက်မှာ' စဉ်းစားရင်းတဖြည်းဖြည်းဝေးကွာသွားတဲ့အကိုရှိရာနိုင်ငံလေးကိုငေးကာနောက်ဆုံးမျက်ရည်‌တို့ကိုမသုတ်မိခဲ့ပါ။
******************************
ကိုယ်အရှည်ကြီးရေးပေးထားတယ်နော်
ကိုယ့်အချစ်တို့😘😘😘😘

လမင်းရဲ့လမ်းပြကြယ်☪️Where stories live. Discover now