Flirt

784 104 84
                                    


"Kyungsoo ကျောင်းသွားတော့မှာလား"

မနက်စာစားပြီးအိတ်ယူကာအောက်ဆင်း
လာချိန်အကိုကလှေကားဘေးကနေလှမ်း
မေးသည်

"ဟုတ်"

"ကိုယ်လိုက်ပို့ပေးမယ်လေ မေမေကပြော
တယ်ဘတ်စ်ကားနဲ့သွားတာဆို"

အန်တီကလိုက်ပို့ခိုင်းလိုက်တာထင်သည်

"ရပါတယ်အကို ခါတိုင်းလည်းဒီလိုသွား
နေကျပါ"

"မရပါဘူးဘတ်စ်ကားကလူများတော့ထိုင်
ခုံနေရာတွေမရရင်တစ်လမ်းလုံးမတ်တပ်
ကြီးစီးရမှာကိုယ်လိုက်ပို့မယ်"

စေတနာနဲ့လိုက်ပို့ပေးတာကိုဆက်ငြင်း၍
လည်းမကောင်းတော့ပြီမို့

"ဟုတ် ကျေးဇူးပါအကို"

ကားတံခါးကိုလည်းအကိုကဖွင့်ပေးတာမို့
စိတ်ထဲမှာအားနာရသည်

"မေမေကပြောတယ် အရင်နေ့တွေက
ဖေဖေ့Driverကိုလိုက်ပို့ခိုင်းတာငြင်း
တယ်ဆို"

ကားစက်နှိုးရင်းအကိုကစကားစသည်

"အားနာလို့ပါအကိုရယ်ကျွန်တော်ဘတ်စ်
စီးလည်းရတာကိုအဲ့အကိုလည်းဦးလေး
ဆီကနေတစ်ခေါက်သပ်သပ်ထပ်လာရမှာ
မို့ငြင်းလိုက်တာပါ"

"ကိုယ်ကို့ရောငြင်းမှာလား"

"ဗျာ!"

"အော် ကိုယ်လိုက်ပို့တာကိုရောငြင်းမှာ
လားလို့မေးတာပါ"

"အဟား မငြင်းလို့ကားပေါ်တောင်ရောက်
နေပြီမလားအကိုရ"

အသဲပုံနှုတ်ခမ်းလေးပေါ်အောင်ပြုံးရင်း
ပြန်ဖြေလေတော့ကားမောင်းရင်းပီတီဖြာ
ရသည်

"ကိုယ့်ကိုKyungsooကောင်မလေးနဲ့မိတ်
ဆက်ပေးဦးလေ"

မျက်နှာချောချောလေးကိုမသိမသာငေး
ရင်းမေးလိုက်သည်ချစ်သူရည်းစားမရှိဘူး
ဆိုတာသိပေမယ့်အကို့ကောင်မလေးရော
လို့မေးလာလျှင်ရည်းစားမထားဖူးသေး
ကြောင်းပြောပြချင်၍ဂွင်ဆင်ရခြင်းပင်

"မရှိပါဘူးဗျာ"

ကြိတ်ပြုံးလိုက်ရင်း

"အမယ် ဒီလိုချောချောလေးမှာရည်းစား
မရှိဘူးဆိုတာကိုယ်ကယုံရမှာလား"

First and LastWhere stories live. Discover now