တစ်​​ယောက်​ထဲသွားလို့ရပါရက်​နဲ့ ရိ​ပေါ်ကိုအတင်း​ခေါ်​နေတဲ့ ​ကောချန်​ရဲ့​စေတနာကိုလည်း ရိ​ပေါ်နားလည်​သည်​။ ရိ​ပေါ်ကို အမြဲတမ်းအတိတ်​က​နေ​ရှောင်​​ပြေး​နေတဲ့သူအဖြစ်​ ​ကောချန်​မမြင်​ချင်​ဘူးဆိုတာလည်းရိ​ပေါ်သိသည်​။ ဒါ​ပေမယ့်​....

"ခဏ​နေဦး ​ကောချန်​"

ခေါင်းကြီးငိုက်​စိုက်​ချကာ ရိ​ပေါ်ကိုနှုတ်​ဆက်​ပြီး ပြန်​ဖို့လုပ်​​နေတဲ့​ကောချန်​ကို လှမ်း​ခေါ်လိုက်​​တော့ မျက်​နှာငယ်​​လေးဖြင့်​လှမ်းကြည့်​လာတာမို့

"အချိန်​နဲ့​နေရာငါ့ဖုန်းထဲပို့ထားလိုက်​ ငါအားရင်​..."

"အား....ရိ​ပေါ်​ ငါ့သူငယ်​ချင်း​လေး..."

စကား​တောင်​မဆုံး​သေးခင်​ ​ကောချန်​ကရပ်​​နေရာက​နေ အာ​ခေါင်​ခြစ်​​အော်​ကာ ရိ​ပေါ်ကို​ပြေးဖက်​ဖို့ပြင်​​နေတာ​ကြောင့်​ အ​နောက်​ကို​ခြေတစ်​လှမ်းဆုတ်​ကာ

"​ငါကအချိန်​ရမှလာမှာ သိပ်​​ဝမ်းသာမ​နေနဲ့"

ပြောပြီးတာနဲ့ အ​ရှေ့က​နေထွက်​သွားတဲ့ရိ​ပေါ်ရဲ့ပခုံးကို ​ကောချန်​လှမ်းဖက်​လိုက်​သည်​။ သူသိတာ​ပေါ့ ရိ​ပေါ်ရဲ့အ​ကြောင်းကို။ ရိ​ပေါ်သာ တကယ်​မလာဖို့ဆုံးဖြတ်​ထားရင်​ အချိန်​ကိုလှမ်း​မေးမှာမဟုတ်​ဘူး။ အဲ့လိုပဲ ရိ​ပေါ်က အများအမြင်​မှာ​အေးစက်​တယ်​ထင်​ရ​ပေမယ့်​ သူချစ်​ခင်​ရတဲ့သူ​တွေစိတ်​ညစ်​မှာကို နည်းနည်း​လေး​တောင်​မလိုလားတဲ့ သိပ်​ကို​နွေး​ထွေးတဲ့ ​ကောင်​​လေးတစ်​​ယောက်​။

ဒီ​လောက်​ချစ်​စရာ​ကောင်းတဲ့ရိ​ပေါ်ကို အကို​ရှောင်းကျန့်​က ဘာလို့ပြန်​မချစ်​တာလဲဆိုတာ စဉ်းစားလို့မရ​ပေ။ ဒါ​ပေမယ့်​clubမှာတုန်းက အကို​ရှောင်းကျန့်​က ရိ​ပေါ်ကိုနမ်းလိုက်​သေးတယ်​မဟုတ်​လား။ အဲ့တာဆိုသ​ဘောက အကို​ရှောင်းကျန့်​ကလည်းရိ​ပေါ်ကိုကြိုက်​​နေတယ်​​ပေါ့ အဲ့လိုလား။ ဒီလိုဆို ​ကောချန်​ရဲ့အကို ရွှမ်း​ကောကကျန်​ရစ်​ဖြစ်​​တော့မှာ​ပေါ့။ ရိ​ပေါ်က​ရော အခုချိန်​ထိ အကို​ရှောင်းကျန့်​ကိုကြိုက်​​နေတုန်းပဲလား။

Dear My Ex-crush[Completed]Where stories live. Discover now