"ဘယ်ကမှရောက်မလာဘူး ဒီကိုပဲတန်းလာတာ.. လာနေကျကိုဘာတွေထူးဆန်းနေတာလဲ"

"ညက မင်္ဂလာဦးညလေ အစောကြီးဆိုတော့ထူးဆန်းလို့ပါ"

"သူ့နဲ့ငါအကြောင်း မင်းမသိတာလဲမဟုတ်ပဲနဲ့ ဘယ်လိုလုပ် မင်္ဂလာဦးလို့ရမလဲ "

"ဟုတ်သားပဲ...ကျွတ် ကျွတ် အကိုရှောင်ကို ရဖို့မလွယ်လောက်ဘူး"

"အင်း အခုပိုဆိုးသွားပီ ငါ့ကိုသူအထင်လွဲသွားတယ်"

"ဘယ်လို.."

"ဟော်တယ်တုန်းက ကိစ္စသူသိသွားတယ် ပီးတော့ငါ့ကိုမေးတယ် ပိုင်ဆိုင်မှုကြောင့်လားတဲ့လေ "

"ဟာဗျာ.. အကိုရှောင်ကလဲ မဖြစ်နိုင်တာတွေတွေးပလိုက်တာပဲ အကိုရိပေါ်ကဘယ်လိုပြန်ပြောလိုက်လဲ"

"ဟုတ်တယ်လို့ပြောလိုက်တယ်..."

"ဟာ.."

"တဖက်ကတွေးရင် ရှောင်ကျန့်စိတ်နဲ့ဆို ပါးရဲ့လုပ်ငန်းတွေလေ့လာဖို့ အစပျိုးပေးလိုက်သလိုဖြစ်သွားလိမ့်မယ်...ငါနဲ့ရှုမိန်ကိုနင်းချေဖို့အတွက်ပေါ့"

ပြောပြီးသူ့အခန်းထဲဝင်သွားတဲ့ အကိုရိပေါ်ကိုကြည့်ပြီး ဖန်ရှင်းခေါင်းခါလိုက်မိသည်...
*၂ယောက်လုံးက ကိုယ့်မာနနဲ့ကိုယ်. အင်း မလွယ်မလွယ်...*

🎵You were the shadow to my light 🎶Did you feel us🎵Another start🎶You fade away🎵

ဖန်ရှင်းဖုန်းလာ၍ ကိုင်လိုက်ကာ...

"ဟလို."

"ကလေး မောနင်းပါ မွ..."

"အိုက်ယား...ခများနှောက်ယှက်လို့မဝသေးဘူးလား"

"ဟား ကလေးကလဲ  နှောက်ယှက်တယ်လို့မပြောပါနဲ့ ကိုကိုက ကလေးကိုသတိရလို့ပါ "

"ဝေါ့...တော်ပြီဗျာ ခများနဲ့ဆက်မပြောတော့ဘူး အလုပ်ရှိသေးတယ် ဒါပဲ"
ပြောစရာရှိတာပြောပြီးဖန်ရှင်းဖုန်းချလိုက်တော့သည်...

တဖက်လူကိုအော်လိုက်ပေမဲ့ ဖုန်းမျက်နှာပြင်မှာပေါ်နေတဲ့ "ယွိပင်းကော"ဆိုတဲ့ ဖုန်းအဝင်နာမည်လေးကိုကြည့်ရင်း...ဒီအခြေနေကိုသဘောကျနေမိတဲ့ဖန်ရှင်း မျက်နှာမှာအပြုံးလေးတစ်ပွင့်ဖြစ်ပေါ်လာခဲ့သည်...

Game Of LifeWhere stories live. Discover now