" အကိုလေး ပြောပါ..."

"P'Pha သွားနားတော့....
မနက်ကျ ကျတော်နဲ့ လေကောင်းလေသန့် အပြင်သွားပြီးထွက်ရှူရအောင်..."

" အကိုလေးရယ် ခြံထဲရော
အကိုလေးဝရံတာမှာပါ လေကောင်းလေသန့်ရတဲ့ အပင်တွေ အကိုလေး အတွက်စိုက်ပေးထားတာ အကိုလေး ငယ်ငယ်ကတည်းကပါ...
အပြင်မထွက်ပါနဲ့ လေစိမ်းတွေနဲ့... "

" အိမ်ထဲပဲနေတာကြာပြီလေ...
အပြင်လေးဘာလေးထွက်သင့်တယ် P'Pha ရဲ့
ခေါင်းမကြည်ရင် ကျတော် အတွေးအသစ်တွေထွက်မှာမဟုတ်ဘူး..."

" လွန်ခဲ့တဲ့ ငါးရက်ကပဲ အပြင်ထွက်လို့ ဆေးရုံပြေးရတဲ့အထိဖြစ်လာပြီးပြီ...
အခုမှ အပြင်မထွက်ရတာ လေးရက်ဘဲရှိသေးတယ်အကိုလေး..."

" လေးရက်တောင်ရှိပြီလေ P'Pha ရာ..."

" သြော်.... ဟုတ်ကဲ့
အရင်က ခြောက်လတစ်ခါတောင် အပြင်ထွက်ခဲ့လို့လားဗျာ..."

" အဲ့တာကြောင့်လေ လူဆိုတာ တစ်သမတ်တည်းမနေသင့်ဘူး...
ကျတော်က ဒီအတိုင်းနေတတ်ပေမယ့် P'Pha ဘက်လည်းပြန်ကြည့်ရမယ်လေ...
ကျတော့်ကို အားမနာနဲ့ P'Pha
မနက်ကျရင် P' ကိုအပြင်လိုက်ပို့မယ်..."

" အ ကို လေး......"

" သွားအိပ်တော့ P' ဆေးပိုက် ကျတော့်ဘာသာဖြုတ်လိုက်မယ်...
သွား... သွားနားတော့..."

P' ကသိနေမှာဆိုပေမယ့် အတည်ပေါက်ကြီးတော့ P' ကိုလည်းမပြောရဲသေးဘူး...
ကောင်းခြင်းတွေထား ကိုယ့်ရဲ့ဆိုးခြင်းမှန်သမျှက P' ကပဲ အနီးကပ်ခံခဲ့ရတာမို့ ဘယ်လိုပဲဝန်ထမ်းလို့ပြောပြော ကိုယ့်အကိုတစ်ယောက်လို လေးစားရတယ်...
Drip ကုန်အောင်စောင့်ပြီးတာနဲ့ဆေးမြန်မြန်သောက်ပြီး အိပ်ချလိုက်တယ်...
မနက်ရောက်ချင်ပြီ...

☘☘☘

တက်ကြွနေတဲ့အကိုလေးက ဒီကော်ဖီဆိုင်ရှေ့ကိုရောက်နေတာ မနက်အစောထဲကပဲ...
ပိတ်ထားတဲ့ တံခါးတွေကိုကြည့်ပြီး ဘာပြုံးစရာရှိလဲ စဥ်းစားရတာ ခေါင်းပူလာပြီ...
တော်ရုံဆို သူများကိုအနှောင့်အယှက်ဖြစ်အောင်ဘယ်တော့မှမနေတဲ့ အကိုလေးအနား နေပေးရတာ အဖော်ပြုပေးရရုံလောက်လေးနဲ့ ပေးထားတဲ့ ဝန်ထမ်းလစာက အဆမတန်ကွာတယ်...
မိသားစု အရင်းလိုသဘောထားပေးပြီး အခန်းသီးသန့်နဲ့ ဒီအိမ်ထဲ မိသားစုဝင်တစ်ယောက်လို ပြောဆိုနေထိုင်လုပ်ပိုင်ခွင့် အပြည့်ပေးထားတယ်...
ရထားတာတွေနဲ့ လုပ်ပေးရတာတွေနဲ့ မကာမိတဲ့အခါ အကိုလေးအပေါ် လုံလုံလောက်လောက်ပေးဆပ်ချင်လာတယ်...
ဒီလူသားအတွက်ဆို ဘာပဲလုပ်ပေးရလုပ်ပေးရပါ...
တစ်ခုပဲ သူ့အတွက်မကောင်းနိုင်တာဆိုရင်တော့ အရှေ့က ရင်စည်းခံပေးရမှာပဲ...
အမှန်အတိုင်းပြောရရင် အခုအနေအထားကိုလည်းသဘောမကျဘူး...
ဒါပေမယ့် တိတ်ဆိတ်နေတတ်တဲ့အကိုလေးက ဒီရက်တွေထဲ သွက်သွက်လက်လက်ဖြစ်လာပြီး စကားတွေပြော ပြုံးနေတာမြင်ရတော့လည်း အလိုလိုက်ရတော့တာပါပဲ...
အကိုလေး ထိခိုက်စရာများလာရင်တော့ အမုန်းခံသင့်ရင်ခံဖို့ သူအဆင်သင့်ဖြစ်ထားပြီးပြီ...

If I Will Love❤🖤Where stories live. Discover now