အစည်းအဝေးခန်းမထဲ အားကြိုးမာန်တက်ဖြင့် kpop boy groupတွေအကြောင်း ရှင်းပြနေသော ဆော့ဂျင်ကို
အမြင်တော်တော်ကပ်လာချေပြီ။ဒါကိုသိစေရန် မျက်နှာရိပ်မျက်နှာကဲ ပြဖို့ကြိုးစားပေမယ့်ဒင်းလေးက သူဘက်တောင် တစက်မှလှည်မကြည့်လာပါ။
အစည်းအဝေးပြီးတော့လဲ အကိုဟိုဆော့နဲ့ အတူထွက်သွားပြန်ရင်း မျက်လုံးတွေအရောင်တောက်စွာနဲ့
နောက်ထပ် boy groupနမည်တွေကို ရွတ်ပြနေပြန်တာ...။ဒီလိုမြင်ကွင်းတွေကြောင့် သူစိတ်မကျေနပ် ဖြစ်ခဲ့ရတာမို့
ညနေအပြန် ဆော့ဂျင်ကို မစောင့်ဘဲ အိမ်ပြန်သွားခဲ့လိုက်မိသည်။
သို့ပေမယ့် ဆော့ဂျင်က ဘယ်လိုမှမနေပါ။သူကိုဖုန်းလဲမဆက်လာသလို ၊
မက်ဆေ့တစောင်လေးတောင်
မပို့လာခဲ့ပါ။သူစိတ်ဆိုးနေသည်ကိုတောင်သိခဲ့ပုံမရ။
ဒါက ဒေါသထွက်စေလွန်းတာမို့ သူဘက်ကစပြီ လုံးဝမဆက်သွယ်ဘူးဟု စိတ်ပိုင်းဖြတ်ခဲ့ပေမယ့်မာနနဲ့ အချစ်က လွန်ဆွဲနေလို
ဆော့ဂျင် မသိအောင်တော့ ဆော့ဂျင်ရှိရာနေရာတွေကိုတော့
သွားချောင်းကြည့်မိပါတယ်။ပိုချစ်တဲ့သူက ပိုပင်ပန်းခံရတယ်မဟုတ်လား!!
ဒီလိုနဲ့ တပတ်ပြည်လုနီးချေပြီ ၊
ဆော့ဂျင် နဲ့သူ
သူစိမ်းဆန်စွာနေခဲ့ရသည်က ။ဒါဟာ ဟို boy group
အဖွဲ့တွေကြောင့်မို့
ဒင်းတို့ကို သူ လုံးဝမကျေနပ်ပါ။သူအကြောင်းတွေထက် ဒင်းတို့ရဲ့ အကြောင်းတွေပို
သိရအောင် ဒင်းတို့က သူထက် ဘယ်လောက်များသာလို့လဲ
ဆိုတာသိရအောင် ရှာဖွေမိတော့....။
YOU ARE READING
C E O J e o n👑☑️ Completed
Romanceအထင်မှားနေမှာမို့ ကြို ပြောလိုက်မယ် ၊ ကျတော်အကြိုက်က ကိုယ်ထက် အသက် ငါးနှစ်တောင်ကြီးတဲ့ ဦးလေးကြီး မဟုတ်ဘူး။ ဒါဆိုသဘောပေါက်လိုက်တော့ အတွင်းရေးမှူး ကင်မ်ဆော့ဂျင်ရှီ Start: 2020 October 4 Finish: 2021 august 6