အပိုင်း(၁၉)အတွေးနက်နက်ထဲက ခပ်ဖျော့ဖျော့ သံစဥ်လေးတစ်ခု-၁

Start from the beginning
                                    

"ဟေ့...နေအဂ္ဂါ မင်းကွာမျက်နှာလေးမြင်ရဖို့ကို ဘယ်လောက်တောင်ခက်ခဲသလိုက်ဟင်"

အမျိူးသားက​ပြောပြောဆိုဆိုနဲ့ သူ့ပုခုံးကိုလာတိုက်ပြီး နှစ်ယောက်က အပေးအယူမျှမျှနှင့်လက်ချင်းရိုက်ပြီးနှုတ်ဆက်လိုက်ကြတယ်

"အစ်ကိုနောက်ဆုံးတော့လူပျိူကြီးဘဝကကျွတ်ပြီပေါ့ ဟုတ်လား"

"ဟား...ဟား..အေးပေါ့ကွာ မင်းတို့ကောင်တွေကငါ့ကိုခဏခဏစကြလို့အခုလိုအမြန်ယူလိုက်ရတာလေ"

နေအဂ္ဂါကအရွှန်းဖောက်ပြီးပြောလိုက်သည်

"အမြန်ယူလိုက်တာကောင်းတယ် မဟုတ်ရင်အစ်ကိုဘိုးဘွားရိပ်သာသွားရမဲ့အချိန်ရောက်မှ မင်္ဂလာပွဲကိုဝှီးချဲနဲ့ကျင်းပနေရမယ်"

အမျိူးသားကလက်ညှိုးတစ်ထိုးထိုးနှင့်

"နေအဂ္ဂါ မင်းတော့....."ဆိုတဲ့စကားကိုဆိုပြီးတဲ့နောက်မှာ နှစ်ယောက်သားအားရအောင်ရယ်လိုက်ကြပြီးနောက် အမျိူးသားကတစ်ခြားဧည့်သည်တွေကိုနှုတ်ဆက်ဖို့အတွက်ထွက်သွားလေတယ် နေအဂ္ဂါကရောင်စုံရေပန်းနားကိုရောက်သွားပြီး နာမည်ကြီးဒါရိုက်တာတစ်ယောက်ကိုနှုတ်ဆက်ပြီးတဲ့နောက်မှာ ဝိတ်တာလေးဆီကဝိုင်ခွက်တစ်ခွက်ယူပြီး သူ့နဂိုနေရာကိုပြန်လျှောက်လာခဲ့တယ် ထိုစဥ်တစ်စုံတစ်ယောက်နဲ့ပုခုံးချင်းတိုက်မိပြီးတဲ့နောက် ဝိုင်ခွက်က မျက်ခင်းပြင်ပေါ်လွှတ်ချခြင်းခံလိုက်ရတယ်

"အိုး...ဆောရီးဘယ်သူလဲလို့ကြည့်နေတာ ငါတို့ရဲ့ Dating နတ်ဘုရားကြီးနေအဂ္ဂါပါလား ဟ... ဟ...ဒါပေမဲ့စိတ်မကောင်းစရာပဲ အခုတော့လည်းဂေးနတ်ဘုရားကြီးဖြစ်သွားပြီ"

သူနဲ့ရွယ်တူဖြစ်ပုံပေါ်တဲ့အမျိူးသားတစ်ယောက်က ခပ်လှောင်လှောင်စကားတစ်ခုကိုပြောလိုက်ရင်း ရန်စတာကြောင့် နေအဂ္ဂါကသူ့ဒေါသတွေကိုထိန်းပြီး တည်တည်ငြိမ်ငြိမ်ပြန်ပြောလိုက်တယ်

"ဒါကမင်းနဲ့မဆိုင်ပါဘူး မင်းသာမင်းရဲ့သရုပ်ဆောင်အရည်အချင်းတွေကိုဒီ့ထက်ပိုတိုးအောင်လေ့ကျင့်နေသင့်တယ် အော်...ဟိုတစ်လောကရိုက်ကူးရေးအဖွဲ့ထဲကနှင်ထုတ်ခံရတယ်လို့ကြားတယ် မင်းအရင်ကလိုဆိုးနေတုန်းပဲလား မင်းအရွယ်ကငယ်တော့တာလဲမဟုတ်ဘူးလေ ရင့်ကျက်သင့်ပြီ"

Before I Fall You[Completed]Where stories live. Discover now