နားရွက်​ဖျား​တွေနီရဲလို့ ရှက်​ရမ်းရမ်းကာ ထွက်​သွားတဲ့သားဖြစ်​သူကို စချင်​လာတာ​ကြောင့်​ အ​နောက်​က​နေလှမ်း​အော်​လိုက်​​တော့ အိမ်​ဝက​နေ'မား´ဆိုကာ ဆူဆူ​အောင့်​​အောင့်​အသံ​လေးကထွက်​လာတာမို့ ဟက်​ဟက်​ပတ်​ပတ်​ရယ်​မိပြန်​သည်​။ ဒီက​လေးက​တော့ မ​အေကို လိမ်​လို့ရမယ်​ထင်​​နေသလားမသိဘူး...။

••••••••••••••

အလုပ်​ပြီးချိန်​ နာရီကိုကြည့်​လိုက်​​တော့ ထမင်းစားချိန်​ပင်​​ကျော်​​နေပြီမို့ အတွင်း​ရေးမှူးချန်​က ​နေ့လည်​စာစားသွားဖို့ သတိ​ပေး​ပေမယ့်​လည်း ​အလုပ်​ကိစ္စမှာစရာရှိတာ​တွေ အတွင်း​ရေးမှူးချန်​ကို​သေချာမှာထားခဲ့ကာ ထို​နေရာမှမြန်​မြန်​ထွက်​လာလိုက်​သည်​။

ဟိုတစ်​​နေ့က ဝမ်​ရိ​ပေါ်ကို ပို့​ပေးခဲ့တဲ့​နေရာမှာ ကားကိုခဏရပ်​ထားပြီး ဝမ်​ရိ​ပေါ်ကိုဖုန်းဆက်​ဖို့ပြင်​​နေရင်း ဘာရယ်​မဟုတ်​ ​ရှောင်းကျန့်​ကားအ​ရှေ့က ဖြတ်​သွားတဲ့ကားဆီလှမ်းအကြည့်​မှာ​တော့ ​လက်​ထဲကဖုန်းကို တင်း​နေ​အောင်​ဆုပ်​ကိုင်​ထားလိုက်​မိသည်​။ ဝမ်​ရိ​ပေါ်ရဲ့အိမ်​ကို ဝမ်​ကျင်းဟိုင်​က အမြဲတမ်းအဝင်​အထွက်​ရှိ​နေလို့ ဟိုတ​စ်​​နေ့က ​ရှောင်းကျန့်​ကို အိမ်​​ရှေ့ထိလိုက်​မပို့ခိုင်းတာ​ပေါ့။

ရှောင်းကျန့်​ဘာမှရှည်​ရှည်​​ဝေး​ဝေး စဉ်းစားမ​နေ​တော့ပဲ ထိုကား​နောက်​က​နေသာ လိုက်​ခဲ့လိုက်​သည်​။ ဝမ်​ကျင်းဟိုင်​ရဲ့ကားကို မျက်​​ခြေမပြတ်​​အောင်​လိုက်​​နေရင်း ​ရှောင်းကျန့်​စိတ်​ထဲမှာလည်း ဝမ်​ရိ​ပေါ်နဲ့ဝမ်​ကျင်းဟိုင်​ ဘယ်​လိုပတ်​သတ်​​နေလဲဆိုတဲ့​မေးခွန်း​ကိုသာ ထပ်​တလဲလဲ​တွေး​နေမိသည်​။ အ​တွေးများ​နေတဲ့​ရှောင်းကျန့်​က ဝမ်​ကျင်းဟိုင်​ရဲ့ကားရပ်​သွားတဲ့​နေရာကိုလှမ်းကြည့်​လိုက်​ချိန်​မှာ​တော့ ဘာမှထပ်​မ​တွေးနိုင်​​အောင်​ပင်​ ဖြစ်​သွားရသည်​။

ဟိုတယ်​။ ဟုတ်​တယ်​ ​ရှောင်းကျန့်​အမြင်​မမှားဘူး။ ဝမ်​ရိ​ပေါ်ကို ဝမ်​ကျင်းဟိုင်​​ခေါ်လာတဲ့​နေရာက အဆင့်​မြင့်​ဟိုတယ်​တစ်​ခု။ ပိုပြီးမယုံနိုင်​စရာ​ကောင်းတာက အခု​ရောက်​​နေတဲ့ဟိုတယ်​က ​ရှောင်းကျန့်​အပိုင်​ Daytoyလက်​​အောက်​က ဟိုတယ်​တစ်​ခုပဲ။

Dear My Ex-crush[Completed]Where stories live. Discover now