လျိုကျားအန့် မှာ အကျင့်တခုရှိ၏။ ထိုအရာမှာအမျိုးသားအသံလွှင့်ရုံက ​ပြသတဲ့ အစီအစဉ်မှန်သမျှ မလွတ်တမ်းကြည်တာပင်။

ဒီနှစ်ပိုင်းထဲ အမျိူးသားအသံလွှင့်လိုင်းတွေနှင့်ပတ်သက်လို့ လူတွေမှာ အစီအစဥ်မှူး​တွေအ​ပြောင်းအလဲများတယ် ပျင်းစရာပိုကောင်း, ကောင်းလာတယ် ဟူ၍ သပုပ်လေလွင့်ပြောဆိုနေကြသော်လည်း လျိုကျားအန့်မှာ အားပေးမြဲအားပေးနေဆဲဖြစ်ကာ ထိုမှတ်ချက်များအား မျက်ကွယ်ပြုထား၏။

အမျိုးသားအသံလွှင့်ရုံမှ အစီအစဉ်အတော်များများမှာ လေးနက်တည်​ကြည်တဲ့ အကြောင်းအရာတွေသာဖြစ်၏။သူတို့မှာ ဖျော်ဖြေရေးအစီအစဉ်တွေကို လွှင့်ခဲလှပေသည်။သို့သော် သူတို့ ဖျော်ဖြေရေးအစီအစဉ်တွေကို ထုတ်လွှင့်သည့်အခါတိုင်းလည်း လက်ရာအထူး​သေသပ်​ကောင်းမွန်သည်။

​ကြီးကျယ်ခမ်းနားပြီး အထူးကောင်းမွန်သည့် ရုပ်ရှင်မှတ်တမ်းတွေထားလိုက်ဦး အသစ်ဖြစ်သည့် Young People Want High မှာ စိတ်ကူးစိတ်သန်းမှာဖြစ်ဖြစ် အကြောင်းအရာမှာဖြစ်ဖြစ် နှစ်ခုစလုံးတွင် ထူးချွန်ပြောင်မြောက်နေပြီး အခြားတန်ဖိုးမရှိတဲ့ varity show တွေအားအလဲထိုးအနိုင်ယူနိုင်ခဲ့သည်။

အချိန်ဘယ်လောက်ကြာညောင်းလာသည်ဖြစ်ပါစေ သူတို့လုပ်နိုင်သလောက်နှင့် *မင်းအဖေဆိုတာ အမြဲမင်းအဖေပဲ* ဆိုတာကို သရုပ်ဖော်ကျူးထားခဲ့၏။

T/N​>>နောက်​ပေါက်​တွေဘယ်လို​တော်​တော် မူလလက်​ဟောင်းတွေကိုမမှီဘူး​ပြောချင်တဲ့သ​ဘောထင်တာပဲ

မနေ့ညတုန်းတ လျိုကျားအန့်မှာ အလုပ်တွေမှန်သမျှအကုန်နားထားပြီး Young People want High ၏ ဒုတိယပိုင်းကို ဖန်သားပြင်ရှေ့စောင့်ဆိုင်းနေခဲ့သည်။အင်တာဗျုးထဲတွင် ယွီချင်ဟွမ်အား
တွေ့ရလိမ့်မယ်လို့သူဘယ်လိုမှ မထင်မှတ်ထားပေ။

ခုလိုဟော့ဖစ်နေသော ရှိုးတခုမှာ ပါဝင်နိုင်ဖို့ဆိုတာ ဖြတ်သွားဖြတ်လာအနေနဲ့ဆိုရင်တောင် အင်မတန် ဖြစ်တောင့်ဖြစ်ခဲပင်။

"ဘာ Hot Search စွမ်းရည်လဲ?"

ယွီချင့်ဟွမ်မှာ လမ်းပေါ်မှအင်တာဗျုးကို နောက်တွင်မေ့ချန်ထားခဲ့ပြီဖြစ်ရာ ခုချိန် လျိုကျားအန့်စကားများကို ကြားသော် သူ့မှာဘာဖြစ်လို့ဖြစ်​နေမှန်းမသိ တုံဏိဘာ​ဝေသာဖြစ်နေရ၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now