Cha-23

8.2K 1.7K 93
                                    

[Unicode]

နောက်တနေ့မနက်စောစောရောက်လျှင် ယွီချင့်ဟွမ်မှာ ယနေ့သူ့ရိုက်ကူးရေးအပိုင်းမရှိသော်လည်း ရိုက်ကွင်းသို့ သွားရောက်ခဲ့၏။

အရင်တခေါက် အမျိုးသားပြဇာတ်ရုံသွားပြီးကတည်းက သူ့တွင်အခြားသူများ ဘယ်လိုသရုပ်ဆောင်တယ်ဆိုတာ စူးစမ်းတက်တဲ့ အလေ့အကျင့်တမျိုးပေါ်ပေါက်လာရသည်။

လျိုကျားအန့်မှာ အစပထမတွင်​တော့ အတန်ငယ်အံသြသွား​သေးသည်။အသက်နှစ်ဆယ်ဝန်းကျင်လူငယ်တယောက် သူ့ရိုက်ကူးရေးမရှိတဲ့အခါမျိုးမှာ ဗီဒီယိုဂိမ်းကစားနေတာ ဒါမှမဟုတ် နေဖင်ထိုးအောင်ဟော်တယ်ခန်းထဲအိပ်နေတာမျိုးဖြစ်သင့်သည်။ခုလိုဘယ်သူမှ အလွန်စည်းစနစ်တကျ ဖြစ်မနေနိုင်ပေ။

သို့သော် ယွီချင်ဟွမ်မှ ဘာ​တွေပဲဖြစ်​နေပါ​စေ
အချိန်တခုထိ ထိုသို့ဆက်တိုက်လုပ်ဆောင်နေတာ ကြောင့် လျိုကျားအန့်မှာ တဖြည်းဖြည်းနေသားကျ လာတော့သည်။

တနေ့တွင် ယွီချင့်ဟွမ်အားမြင်လိုက်သော် သူကပါးစပ်ထဲရှိ စီးကရက်ကို ထုတ်လိုက်ရင်း အပြုံးတခုဖြင့် လှမ်းနှုတ်ဆက်လိုက်သည်။

"မင်းစောသားပဲ ချင့်ဟွမ်"

"မောနင်း ဒါရိုက်တာ"

ယွီချင့်ဟွမ်မှ လျိုကျားအန့်နံဘေးတွင် ထိုင်လိုက်ပြီး သူနဲ့အတူမော်နီတာဖန်သားပြင်ကို ကြည့်လို့နေ၏။
လျိုကျားအန့် မှာ ခံစားချက်အ​ပြည့်ဖြင့်
သက်ပြင်းချလိုက်ပြီး

"မင်းရဲ့ လူနေမှုဘဝပုံစံကတခြားလူငယ်တွေနဲ့ အတော်ကွာပါ့လား"

ယွီချင့်ဟွမ်မှ ရယ်သွမ်းသွေးလိုက်ပြီး ဘာတခွန်းမှ
မဆိုပေ။

"မင်းကို ငှားလိုက်တာ တကယ့်ကိုကျိုးကြောင်းဆီလျော်တာ ငါတွေ့ရှိထားတယ်"

လျိုကျားအန့်မှ ရုတ်တရက် ဆိုလာ၏။
ယွီချင့်ဟွမ်၏ ​ကြောင်အန်းနေတဲ့ အမူအရာကို ကြည့်ပြီး သူကအပြုံးတခုဖြင့် ရှင်းပြလာသည်။

"ငါထင်ထားတာ မင်းကသင့်တင့်တဲ့အနုပညာ​ကြေးနဲ့ ဇွဲလုံ့လရှိတဲ့ မျက်နှာသစ်တယောက်သာလို့ပဲ​ပေါ့... မင်းဒီအလုပ်နဲ့အတော်လေး သဟဇာတဖြစ်တာ မမျှော်လင့်ထားမိဘူးပဲ...သရုပ်ဆောင်စွမ်းရည်တွေ အသာဘေးဖယ်ထားဦး မင်းရဲ့ Hot Search စွမ်းရည်ကတောင်မှ ငါ့အတွက် ကြော်ငြာစရိတ်ကို အ​တော်​​​လေးကာသွား​စေတယ်"

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now